၁၀

447 56 19
                                    

ခေါက်ဆွဲပြုတ်တစ်ပွဲမှအစတည်သည်....။

" ခရီးထွက်​ချင်​လိုက်​တာ NamJoon ..."

အလုပ်​လုပ်​​နေတဲ့ မိမိ​ပေါင်​း​ပေါ်ကို​ခေါင်​းလာအုံးအိပ်​ရင်​း ပီဇာကိုပါးစပ်​ထဲအတင်​းထိုးသွင်​းရင်​း ပလုတ်​ပ​လောင်​းနဲ့ အ​မောင်​​ SeokJin​လေးက အာ​လေးသံနဲ့​ပြောပါသည်​......။

တကယ်​ပါ​နော်​။ ကိုယ်​့မှာဒီ​လောက်​စာရင်​းဇယား​တွေနဲ့ရှုပ်​ရှက်​ခတ်​လို့​ခေါင်​း​တောင်​မ​ဖော်​နိုင်​တဲ့အချိန်​မှာ သင်​း​လေးကခရီးထွက်​ချင်​​သေးသတဲ့......။ အလုပ်​​လေးဘာ​လေးဝိုင်​းကူ​ပေးရမလား။ ဘာလားညာလားတစ်​ခွန်​းမ​မေးတဲ့အပြင်​ ​ပေါင်​​ပေါ်လာအိပ်​​နေတာသာကြည်​့​ပေ​တော့.........။

" ဟာ....... Kim NamJoon !! ငါ​ပြောတာကြားရဲ့လား....!! "

​ဟော......။ ဒီတစ်​ခါ​တော့အသံက စိတ်​မရှည်​​တော့တဲ့​လေသံနဲ့။ မဖြစ်​​ချေဘူး အလိုက်​သိဖို့လိုပြီ...... Kim NamJoon....။

" ကိုယ်​မအားဘူး​လေ အချစ်​ရယ်​......ခုတ​လောအလုပ်​​တွေအရမ်​းပိ​နေတာ အချစ်​လည်​းသိသားနဲ့......."

​ပေါင်​​ပေါ်အိပ်​​နေတဲ့သူ့ကိုမကြည်​့အားဘဲ စာရင်​းကိုသာအာရုံစိုက်​ရင်​း​ဖြေလိုက်​​တော့.......။

" အူဝါးးးးးးး!!!! KIM NAM JOON! အစုတ်​ပလုတ်​ကြီးငါ့ကိုမချစ်​​တော့ဘူး ...!!! အီးဟီးဟီးးးးး!!!!! "

​အောင်​မ​လေး။ ​အောင်​လိုက်​တဲ့အသံဗျာ။ ​အ​ရှေ့ခုနစ်​အိမ်​ အ​နောက်​ခုနစ်​အိမ်​က​တော့ကျွန်​​တော်​့ကို ကိုယ်​့လင်​​လေးကိုနှိတ်​စက်​​နေပြီလို့ထင်​ကြမှာပဲ။ တကယ်​​တော့အသံနဲ့နှိတ်​စက်​​နေတာက သူ။ ဘယ်​နှယ်​့ ​ပေါင်​​ပေါ်ကထလာပြီး နားနားမှာလားကပ်​ပြီး​အော်​ငိုတာ.......။

ကြည်​့ဦး။ ငိုတာကလည်​းမျက်​ရည်​လည်​းမထွက်​ဘူး။ မျက်​လုံးကြီးစုံမှိတ်​ပြီးအ​ကြိုက်​ကို​အော်​​နေတာ။ သူ့အသံကြီ​း​ကြောင်​့ ကိုယ်​ပါငိုချင်​လာပါပြီ​နော်​.....အဟင်​့....။

မဖြစ်​ဘူး။ Kim NamJoon​ရေ။ အလုပ်​က​နောက်​ထား အခု​တော့အရင်​​ချော့ပါဟ။ မဟုတ်​ရင်​ ဆူပူမှုနဲ့ရပ်​ကွက်​ရုံး​ရောက်​ရ​တော့မယ်​....။

Take Me To The MoonDonde viven las historias. Descúbrelo ahora