မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၃၁)
တက်တက်ရင် ကမာ့အနားကို မြင်းကိုပြန်လှည့်လာပြီး လှမ်းဖက်ထားလိုက်သည်။
"ကျေုးဇူးတင်ပါတယ် ကမာလေး။ အကိုကြီး မင်းကို တကယ်ချစ်တာပါ။"
ကမာသည် အကိုကြီးကို တိုးတိုးပြောလိုက်သည်။
"အကိုကြီး မင်းကြီး မသိအောင်ဖုံးထားပေးပါနော်။ မင်းကြီးရောဂါက အခုမှသက်သာ စမို့ပါ။"
တင်တက်ရင်သည် ကမာ့စကားကြောင့်သက်ပြင်းရှိုက်လိုက်မိသည်။ ကမာလေးက မိမိအချစ်ကို လက်ခံလိုက်ရုံရှိသေးသည်။ မိမိတို့ အတူဆုံနိုင်ဖို့က အဝေးကြီးလိုသေးသည်မဟုတ်လား။
"ကိုယ်သိပါတယ်။ ဒါပေမယ့် ကမာလေးကို အကိုကြီးဇွတ်မတိုက်တွန်းပါဘူး။ မင်းလေးကိုယ့်ကို ပြန်ချစ်လာမယ့်တနေ့ကို စောင့်နေတယ်။"
ကမာ စိတ်သက်သာရာရသွားသည်။ တော်သေးသည်။ အကိုကြီးထိုသို့ပြောဖော်ရလို့။
"အကိုကြီး သွားကြစို့။ ကျွန်တော်တို့ကြာနေပြီ။ မင်းကြီးစောင့်နေမယ်။"
တင်တက်ရင် သည်ဒရယ်ကို မြင်းပေါ်တင်လာပြီး ကမာနှင့်အတူ ပြန်လာခဲ့သည်။ မင်းကြီးက တမျှော်မျှော်လုပ်နေသည်။ ကမာ မြင်းပေါ်ကဆင်းသည်နှင့်မင်းကြီးကို အရိုအသေပေးကာ ရလာသော ဒရယ်ကို ပြလိုက်သည်။
တေးဟာခန်သည် ကမာ တို့ထွက်သွားကတည်းက တမျှော်မျှော်လုပ်နေမိသည်။ ထမင်းတအိုးချက် ခန့် ကြာသော် လူလွှတ်ကာ သွားကြည့်ခိုင်းမည်အပြု ကမာပြန်လာခဲ့သည်။ ဒရယ်တစ်ကောင်မိကာ ၀မ်းသာနေပုံရသည်။
ကမာ၏ အပြုံးမျက်နှာလေးကို တွေ့သော် တေးဟာခန်ကျေနပ်သွားသည်။
"မင်းကြီး ဒရယ်တစ်ကောင်ရတယ်။ "
"ကမာလေးရတာလား"
တေးဟာခန် ကမာကို ထူပေးကာ မေးလိုက်သည်။ သို့သော် ကမာက ခေါင်းယမ်းကာ
"အကိုကြီး မိတာ မင်းကြီး ။ ကျွန်တော်မျိုးက မလေ့ကျင့်တာကြာလို့ လက်မဖြောင့်တော့ဘူး။"
တေးဟာခန်က ကမာကို ပြောလိုက်သည်။
"ဒါဆို ကမာလေး ဒီမှာနေတုန်း ပြန်လေ့ကျင့်လို့ရတာပဲ။ တင်တက်ရင် ကမာလေးကို မြှားပစ်ပြန် လေ့ကျင့်ပေးပါကွာ။"
ကမာသည် မင်းကြီး၏ စကားကြောင့် အံ့သြ၀မ်းသာသွားသည်။ မင်းကြီးက မိမိကို တကယ့်ကို အလိုလိုက်နေပါလား။
"ကျေးဇူးတင်ပါတယ် မင်းကြီး။ ကျွန်တော် ကြိုးစားလေ့ကျင့်ပါ့မယ်။"
တေးဟာခန်သည် မျက်နှာလေးလန်းသွားသော ကမာ၏လက်ကို ချစ်ခင်စွာဖျစ်ညစ်လိုက်သည်။ မိမိလို ရောဂါသည်ကို ကြင်နာစွာ အနားမှာပြုစုပေးသောကမာ့စိတ်ရင်းလေးကို တေးဟာခန် အသိ အမှတ်ပြုမိပါသည်။ ထို့ကြောင့် တေးဟာခန်သည် ကမာလေးပျော်မည်ထင်တာကို အားလုံးစီစဉ်ပေး နေခြင်းဖြစ်သည်။
"မင်းကြီ စံအိမ်ပြန်ကြစို့နော်။ မင်းကြီး ပင်ပန်းနေပြီ။"
ကမာသည် ပင်ပန်းနွမ်းနယ်ဟန်ပြနေသော မင်းကြီးကြောင့် ပြန်ရန်ပြောလိုက်သည်။ တေးဟာခန် နည်းနည်းတော့ ပင်ပန်းနေလေပြီ။ ထို့ကြောင့် ကမာနှင့်အတူ ပြန်လာခဲ့သည်။
တင်တက်ရင်သည် မင်းကြီးနှင့်အတူယှဉ်တွဲကာ မြင်းစီးထွက်သွားသည့် ကမာကို ကြည့်ကာ သက်ပြင်းချမိသည်။ ကမာကို မိမိချစ်သော်လည်း လောလောဆည် မိမိမပိုင်နိင်သေးပေ။
ကမာသည် မင်းကြီးအတွက် ဆေးပေါင်းရည်ကို စီစဉ်ခိုင်းပြီး မင်းကြီးကို နှိပ်ပေးသည်။ မင်းကြီးက ကမာ့လက်လေးကို လှမ်းယူကာ နူတ်ခမ်းတွင် တေ့ကာနမ်းပြီး
"ကမာလေး။ မင်းကို ကိုယ်တော် ချစ်တယ်"
"မင်းကြီး ချစ်တာကို ကျွန်တော်မျိုးသိပါတယ်။ မင်းကြီးရဲ့အချစ်ကြောင့် ကျွန်တော်မျိုး ဂုဏ်ယူမဆုံး ခံစားရပါတယ် ။"
တေးဟာခန်သည် ကမာ့လက်လေးကို ဆုပ်နယ်ကာ ပြောလိုက်သည်။
"မင်းနဲ့ အတူရှိချိန်မှာဆိုရင် ကိုယ့်စိတ်တွေ လုံခြုံအေးချမ်းတယ် သိလား။ ဒီလိုခံစားချက်ကို ကိုယ်မခံစားရတာ အိမ်ရှေ့မင်းသားရာထူးကို ဆက်ခံလိုက်ရကတည်းကပဲ။ "
ကမာသည် မင်းကြီး၏ ကျောကိုနှိပ်နယ်ပေးရင်းနှစ်သိမ့်လိုက်သည်။
"မင်းကြီအပေါ် သစ္စာရှိတဲ့ အမတ်တွေ၊ စစ်သူကြီးတွေ အများကြီးပါ။ မင်းကြီးကို ပြည်သူတွေ ကလည်း နေပြန်ကောင်းဖို့ ဆုတောင်းပွဲတွေလုပ်ပေးကြပါတယ်။ မိဖုရားတွေဆိုရင် ဘုရားကျောင်း မှာ မင်းကြီးအတွက် ဆုတောင်းပေးကြတယ် မင်းကြီးရဲ့။ ကျွန်တော်မျိုးကလည်း မင်းကြီး အမြန်ဆုံး နေပြန်ကောင်းအောင် ပြုစုပေးနေပါတယ်။"
တေးဟာခန်သည် ကမာ့ကို မေးလိုက်သည်။
"မင်း ကိုယ်တော့်ကို မမုန်းဘူးလား။ မင်းကို အတင်းသိမ်းပိုက်ခဲ့လို့်လေ။ "
ကမာ မျက်နှာမပျက်ပဲ လိမ်လိုက်ရသည်။
"မမုန်းပါဘူး။ မင်းကြီးက ဒီတိုင်းပြည်က လူတိုင်းရဲ့ အသက်နဲ့ ခန္ဓာကို ပိုင်ပါတယ် မင်းကြီး။ ကျွန်တော်မျိုးကို အနီးကပ်ခစားဖို့ရွေးတာ ကျွန်တော်မျိုး ဂုဏ်ယူရမှာပါ။"
တေးဟာခန်က မဲ့ပြုံးပြုံးလိုက်သည်။ ဘုရင်တစ်ပါးအတွက် ကျိန်စာက ဒါပဲလေ။ ဘယ်သူမှ မိမိကို စိတ်ထဲက အတိုင်းမပြောဝံ့ကြပေ။ အာဏာကို ပိုင်ဆိုင်ထားသူအတွက် အရာအားလုံးကို လက်လွှတ် လိုက်ရသည်ကို မိမိသိပြီးဖြစ်ပါသည်။ ခမည်းတော် နတ်ရွာစံစဉ်က မိမိ ညီအရင်းကိုယ်တိုင် နန်းသိမ်း ဖို့ကြိုးစားလို့ မိမိကိုယ်တိုင် ကွပ်မျက်ဖို့ အမိန့်ပေးခဲ့ရသည်။
ဦးရီးတော်တစ်ပါးကလည်း မိမိကို အဆိပ်ဖြင့်လုပ်ကြံရန်ကြိုးစားခဲ့သည်။ မိမိမြတ်နိုးသော မိဖုရားတစ်ပါးက မိမိကို နန်းချချင်သည့် အဖွဲ့က စေလွှတ်သော သူလျှိုဖြစ်ခဲ့သည်။ မိမိကို ကျောက်မိန်၊ ဦးရီးတော် အမတ်ချုပ်ကြီးနှင့် မယ်တော်ကြီးက ထောက်ခံပေးခဲ့သည်။ နောက်ဆုံး အာဏာကို အခိုင်အမာ တည်ဆောက်ပြီးတော့ နန်းတော်အတွင်းတွင် အုပ်စု ၃ စု ကွဲသွားပြန်သည်။ မိမိကို ထောက်ခံသည့် လူ ၃ ဦးက မိမိကို ကျော်ပြီး အာဏာကို ရယူရန် သူ့ထက်ငါ ကြိုးစားကြ သည်။
ကျောက်မိန်က ဦးရီးတော် ဆက်သသည့် မိဖုရားများကို မိမိချစ်ခင်စုံမက်သွားမည်ကို စိုးရိမ်ကာ အမျိုးမျိုးနှိပ်ကွပ်သည်။ မယ်တော်ကြီးကလည်း ခမည်းတော်ပေးခဲ့သည့် အမိန့်ပေးတံဆိပ်ပြားကို ကိုင်ကာ သူ့ကို ဆန့်ကျင်သူများကို သတ်ခိုင်းသည်။ အမတ်ချုပ်ကြီးကလည်း နန်းတွင်းတွင် အုပ်စုဖွဲ့ကာ တိုင်းရေးပြည်ရေးတွင် မိမိဆုံးဖြတ်ချက်များကို ဘောင်ခတ်သည်။
တေးဟာခန်သည် သူတို့ ၃ ဦးနှင့် ကစားရင်း ဘုရင်အဖြစ် ငြီးငွေ့စွာရှင်သန်နေရာမှ ကမာလေး ကြောင့် ဘ၀၏ မျှော်လင့်ချက်ရောင်ခြည်လေးကို တွေ့ခဲ့ခြင်းဖြစ်သည်။
တေးဟာခန်သည် ကမာကို ချစ်မိသည်နှင့် ဘာကိုမှ ကရုမစိုက်တော့ပဲ ကမာကို ရအောင် တစိုက်မတ်မတ်ကြိုးစားခဲ့သည်။
ကမာလေးကို ရဖို့ ငယ်သူငယ်ချင်း အမတ်နှင့် သစ္ဓာရှိစစ်သူကြီးကို နိုင်ငံတော် ပုန်ကန်မှုဖြင့် ဖမ်းဆီးကာ ထောင်ချပြီး ချစ်သူလေးကို ကိုယ်တိုင် မိမိခြေရင်းသို့ရောက်လာအောင် မြှားခေါ်ခဲ့သည်။
ကမာ မိမိခြေရင်းသို့ရောက်လာပြီးနောက် မိမိတခါတည်း မိမိရင်ခွင်တွင် မိဖုရားအဖြစ် သိမ်းထား တော့သည်။ ကမာကို ပိုင်ဆိုင်ခွင့်အတွက် မိမိရင်းလိုက်ရသည်က သူငယ်ချင်း၏ သံယောဇဉ်နှင့် စစ်သူကြီး၏သစ္ဓာရှိမှုတို့ဖြစ်သည်။ တေးဟာခန်သည် ကမာ့ကို ပိုင်ဆိုင်ခွင့်ရသောကြောင့် တင်မော်ရင်ကို လုပ်ပိုင်ခွင့်များစွာပေးကာ ပြန်ချော့ခဲ့သည်။ ယခုဆိုလျှင် မိမိတိုင်းပြည်၏ လုပ်ပိုင်ခွင့် အတော်များများကို တင်တက်ရင်တို့ညီအစ်ကို လက်ထဲ ထည့်ထားလိုက်လေပြီ။
တေးဟာခန် နောင်တမရပါ။ ကမာကို ပိုင်ဆိုင်ခွင့်ရသည်နှင့် ထိုအရာများကို မိမိမမက်မောတော့ပါ။
"ကမာလေး... မင်းကိုပိုင်ဆိုင်ခွင့်ရဖို့နဲ့ ဘုရင်နေရာကို ကိုယ်တော်လဲဝံ့တယ်ဆိုတာ ယုံလား။"
ကမာသည် မင်းကြီး၏ စကားကိုကြားသော် ခေါင်းငြိမ့်လိုက်သည်။
"ကျွန်တော်မျိုးယုံပါတယ် မင်းကြီး။"
ကမာ တကယ်ယုံပါသည်။ မင်းကြီးကို မိမိမချစ်သော်လည်း မင်းကြီး မိမိအပေါ် တကယ်ချစ်သည်
ကို မိမိယုံကြည်ပါသည်။ မင်းကြီးကို မချစ်သော်လည်း မင်းကြီး၏ အချစ်ကို မိမိ မျက်ကွယ်ပြုလို့ မရပေ။
တေးဟာခန်သည် ကမာ၏ အဖြေကြောင့် ၀မ်းသာသွားပြီး ကမာကို ရင်ခွင်ထဲဖက်ထားလိုက်သည်။
ကမာလည်း မင်းကြီးကို ပြန်ဖက်ထားလိုက်သည်။ အကိုကြီးပြောခဲ့သည်ကို ပြန်သတိရပြီး စိတ်တော့ ရှုပ်သွားသည်။ မင်းကြီးနှင့် အကိုကြီးကြား မိမိဘယ်လိုနေသွားရမည်ကို စဉ်းစားလို့မရတော့ပေ။
တေးဟာခန်သည် ကမာ့ထံမှ စကားကို့ရတော့ စိတ်နည်းနည်းအေးသွားသည်။ ပထမအဆင့် တော့ အောင်ပြီဖြစ်သည်။ ကမာ မိမိကို အရမ်းအလေးအနက်ထားသောကြောင့် မိမိကို ချစ်သူလိုချက်ချင်း ပြန်မချစ်နိုင်သေးသော်လည်း မိမိအချစ်ကို လက်ခံဖို့က အရေးကြီးသည်။ မိမိအသက်နှင့်ခြိမ်းခြောက် လိုက်သည်နှင့် စိတ်ညစ်သည့်ကြားမှ စိုးရိမ်တကြီး သူလေးက လက်ခံခဲ့သည်။
တက်တက်ရင် ရေချိုးပြီး ညစာကို ကျေနပ်စွာစားလိုက်သည်။ လက်ထောက်တပ်မှုးများက လပေါင်း များစွာ မတွေ့ခဲ့ရသည့် စစ်သူကြိးမျက်နှာပေါ်က အပြုံးကို ပြန်တွေ့ရသဖြင့် အံ့သြ၀မ်းသာ နေကြ သည်။
တင်တက်ရင်က တပ်မှုးများကို စစ်ဆေးကာ လုံခြုံရေးကို ပြန်ချထားသည်။ မင်းကြီးအဆောင်နှင့် မိမိ အဆောင်တွင် မိမိလုများစွာကို ထပ်ထည့်လိုက်သည်။ လျှို့ဝှက်တပ်ကို အပြင်စည်းတွင် ချထား လိုက်သည်။ ဒါမှ ကမာ့ကို မိမိခိုးတွေ့လို့ရမည်ဖြစ်သည်။
"စစ်သူကြီး အရက်ပို့ပေးရဦးမလား။"
"မလိုဘူး။ မပို့နဲ့တော့။ မင်းတို့ဒီနေ့ တယောက်တစ်အိုးစီယူသွားကြ။ ဟိုကောင်တွေကိုလည်း သေချာလိုက်ကြည့်ဦး။ လုံခြုံရေးကို မပေါ့နဲ့။"
"ဟုတ်ကဲ့ပါ။"
တင်တက်ရင် ကိုယ်တိုင် မင်းကြီးအဆောင်ဘက်ကို ကင်းလှည့်သည်။ လက်ထောက်များက စစ်သူကြီးကိုယ်တိုင်လိုက်စစ်နေတော့ မပေါ့ရဲကြပေ။
ကမာသည် မင်းကြီးကို ဆေးတိုက်ပြီးနောက် ပြတင်းတံခါးကိုပိတ်ရန်သွားလိုက်စဉ် ပြတင်းပေါက် နားက သစ်ပင်ပေါ်တွင် အကိုကြီးကို တွေ့လိုက်သောအခါ ကမာ လန့်သွားသည်။
"အကိုကြီး..."
ကမာ အသံမထွက်ဝံ့ပဲ နူတ်ခမ်းလှုပ်ရုံခေါ်လိုက်တော့ သူကလက်ညှိုးဖြင့် နူတ်ခမ်းတွင်ပိတ်ကာ အထဲကို လက်ညှိုးထိုးပြသည်။ ပြီးနောက် သူ့အဆောင်ဘက်ကို ညွှန်ပြကာ လာရန်ခေါ်သည်။
ကမာလန့်သွားသည်။ အကိုကြီးက မိမိကို တွေ့ရန်ခေါ်နေသည်မဟုတ်လား။
ကမာက ခေါင်းယမ်းလိုက်တော့ အကိုကြီး မျက်နှာပျက်သွားသည်။ ကမာ့ကို ဘာမှ မပြောပဲ စိုက်ကြည့်ကာ တီးတိုးပြောလိုက်သည်။
"မင်းကို တွေ့ချင်တယ် ကမာ.."
ကမာသည် အကိုကြီးအသံကို မင်းကြီးကြားမည်စိုးသဖြင့် လက်အုပ်ချီကာ တောင်းပန်ဟန်ပြ သော်လည်း သူက ခေါင်းသာယမ်းပြနေသဖြင့် ကမာ စိတ်ညစ်သွားသည်။
"ခဏနေ လာခဲ့မယ်။"
ကမာ အမြန်ပြောလိုက်တော့မှ သူ ပြုံးသွားသည်။ ကမာထိုအခါမှ တံခါးကိုပိတ်ကာ မင်းကြီးအနားကို လာခဲ့သည်။ တော်သေးသည်။ မင်းကြီး ဒီနေ့ပင်ပန်းသွားသဖြင့် ပင်ပန်းကာ အိပ်ချင်နေပုံရသည်။
"ကမာလေး။ ကိုယ်တော့ဘေးမှာ အိပ်ကွာ။"
ကမာ မင်းကြီးဘေးတွင် ၀င်လှဲလိုက်တော့ မင်းကြီးခဏတွင်းအိပ်ပျော်သွားတော့သည်။ ကမာ သည်မင်းကြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်သွားသည်ကို စောင့်နေပြီး အသာအပြင်ကို ထွက်လာခဲ့သည်။
"သခင်မ..."
အပြင်တွင် စောင့်နေသည်က အကိုကြီး၏ လက်ထောက်ဖြစ်သဖြင့် ကမာ အကိုကြီးတစ်ခါတည်း စီစဉ်ထားသည်ကို နားလည်သွားသည်။ ကမာ သည်လက်ထောက်ကို တီးတိုးပြောကာ အကိုကြီး၏ အဆောင်ကို အပြေးလေးလာခဲ့သည်။
"ကမာလေး..."
အခန်းထဲဝင်လိုက်သည်နှင့်သူက ဆီးကြိုကာ ဖက်ထားလိုက်သည်။ ကမာ ခေါင်းမြီးခြုံကို လှန်ချကာ သူ့ကို မေးလိုက်သည်။
"အကိုကြီး ဘာပြောစရာရှိလို့လဲဟင်..."
တင်တက်ရင်က ကမာ၏ နှင်းဆီငုံနူတ်ခမ်းလေးကို ရှိုက်နမ်းကာ တီးတိုးပြောလိုက်သည်။
"ကိုယ့်ချစ်သူကို လွမ်းလို့တွေ့ချင်လို့ခေါ်လိုက်တာ။ "
ကမာက သူ့ရင်ဘတ်ကို လက်နှင့် အသာတွန်းကာ ပြောလိုက်သည်။
"အကိုကြီးရယ်...နေ့လည်ကလည်း တွေ့ခဲ့ပြီးပြီလေဗျာ။"
သူက ရယ်မောလိုက်သည်။ ထိုအခါတွင် သူ့မျက်နှာက အင်မတန်ကိုဆွဲဆောင်မှုမြင့်သွားသည်။ ကမာ အကိုကြီး အပြုံးကို ငေးကြည့်လိုက်မိသည်။
"အဲ့ဒီတုန်းက ကမာက ကိုယ့်အချစ်ကို လက်မခံသေးဘူးလေ။ အခုက ကိုယ့်အချစ်ကို လက်ခံပြီဆိုတော့ ကိုယ့်ချစ်သူလေးကို တွေ့ချင်လို့။ ချစ်ချင်လို့ပေါ့။"
သူက ကမာ့ကို နမ်းရင်း ကလေးကို စွေ့ခနဲပွေ့ကာ သူ့ခုတင်ပေါ်တင်လိုက်သောအခါ ကမာ ရင်ထိတ်သွားသည်။
"ဟင့်အင်း... အကိုကြီး...."
တင်တက်ရင်က ကမာ့မျက်နှာလေးကို ငုံ့ကြည့်ကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ။ အကိုကြီးကို ချစ်ခွင့်မပေးချင်ဘူးလား။"
ကမာ့ မျက်နှာရဲသွားသည်။ တကယ်လည်း အကိုကြီးနှင့် ချစ်တင်းနှောရမှာကို ရှက်နေမိသည်။ စိတ်က လက်မခံနိုင်သေးပါ။ မနေ့ညက အကိုကြီးက အတင်းလုယူသွားခဲ့ခြင်းဖြစ်သည်။ ယခုက မိမိက ပေးရမှာဆိုတော့ ကမာ အဲ့ဒီလောက်မစဉ်းစားထားမိသဖြင့် ဘယ်လိုပြန်ဖြေရမှန်းမသိဖြစ် နေမိသည်။
~ ဆက်ရန်
ВЫ ЧИТАЕТЕ
မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)
Исторические романыZawgyi+Unicode Font ၂ မျိုးလုံးနဲ့ တင်ထားပါတယ်။ တာတာအရိုင်းစိုင်းများကြောင့် ပျက်သုဉ်းခဲ့ရတဲ့ နှင်းမြို့တော်။ တိုင်းပြည်နဲ့လူမျိုးကိုဆုံးရှုံးခဲ့ရတဲ့ နှင်းမြို့တော်က မင်းသားလေး ကမာအာဇမာန်ကို ကယ်တင်ခဲ့မိတဲ့ မွန်ဂိုပြည်ရဲ့ အကျော်အမော်စစ်သူကြီး တင်တက်ရ...