မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၅၅)

4.4K 232 0
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၅၅)

နှင်းမြို့တော်သားအားလုံးထက် ဟေဇယ်က ပိုသာအောင် ကြိုးစားခဲ့သည်။ မွန်ဂိုစာကိုလည်း သင်သည်။ စကားကတော့ သံအမတ်နှင့်နေကတည်းက နည်းနည်တတ်ခဲ့သည်။ ယခုတော့ ပိုတတ် လာခဲ့သည်။ ဟေဇယ်သည် မင်းကြီးနှင့် နောင်တော် ကမာ၏ အချစ်ဇာတ်လမ်းကို နားခါးစွာကြား ခဲ့ရသည်။
မင်းကြီးက ချစ်လွန်းလို့ နောင်တော့်ကို မိဖုရားမမြှောက်ပဲ တော်ဝင်မင်းသားဘွဲ့ပေးခဲ့သည်။ နောင်တော့်ကိုချစ်လွန်းလို့ မိဖုရားများထံ လုံးဝကို မသွားခဲ့ပေ။ နောင်တော် ကမာ့ကို ချစ်လွန်းလို့ နေ့ညမနားတမ်းချစ်လွန်းလို့ နောင်တော့်ကို ဆေးကုဖို့ အိမ်ရှေ့မင်းက အရှေ့ကျွန်းသို့ပင် ပို့ထားရသည်။ နောင်တော့်ကို ချစ်လွန်းလို့ ဒီထီးနန်းကိုသိမ်းပိုက်ခဲ့ သည်။

နောင်တော်ကမာကို စစ်သူကြီးဘ၀က ကယ်တင်ခဲ့ပြီး ညီအဖြစ်မွေးစားရင်းချစ်ခဲ့သည်။ နောင်တ်ာကလည်း ယခု မင်းကြီးကို ချစ်လို့ ယခင်မင်းကြီးရဲ့ မိဖုရားအဖြစ်ကို ခံယူခဲ့သည်။
မွန်ဂိုနန်းတော်တွင် ဆွတ်ပျံ့ကြည်နူးဖွယ် မင်းကြီးနှင့် နောင်တော် ကမာ၏ အချစ်ဇာတ်လမ်းက ပျံ့နှံ့လို့နေသည်။ ဟေဇယ်သည် တဖြည်းဖြည်းနှင့်ကြားလာရသည့် နောင်တော်ကမာ၏ ကံကောင်းမှုကို အားကျလာမိသည်။ နောင်တော့်လို မိမိလည်း စစ်သူကြီးကယ်တင်ခြင်း ဘာလို့ မခံရတာလဲ။ မိမိလည်း နောင်တော် ကမာလို မေတ္တာစစ်နှင့်ချစ်သောသူ ဘာကြောင့် မပေါ်ရတာလဲ။ သခင်လား။ သူ့ချစ်သူနှင့်နီးဖို့ မိမိကို လိင်ကျွန်ဇာတ်သွင်းခဲ့သူလေ။

ဟေဇယ်သည် မွန်ဂိုနန်းတွင်းတွင် နေလာရင်း မိမိဘ၀ကို နာကြည်းလာခဲ့သည်။ မိမိက ဘာလို့ ဒီလောက်ကံဆိုးနေရတာလဲ။ မိမိရဲ့ ဖြစ်တည်မှုက ဘာလဲ။ နောင်တော်ကမာ ကမိမိကို အရင်လို ပြန်ချစ်နိုင်ဦးမလား။ နောင်တော် ကမာက မင်းကြီးကိုချစ်နေပြီလား။ မိမိကို အထင်သေးမလား။ နောင်တော်နှင့်အရင်လို နေခွင့်ပြန်ရဦးမလား။ ဟေဇယ် တွေးရင်း မိမိကို ခေါ်ခဲ့သည် စစ်သံမှုးထံမှ အမိန့်သစ်ကို ရရှိခဲ့သည်။

"အိမ်ရှေ့မင်းသား အချစ်ကို ရအောင်ယူပါ။"
ရပါသည်။ ဟေဇယ် အရင်လေ့လာလိုက်သည်။ အိမ်ရှေ့မင်းသားက ယောကျာ်းလေး ကိုယ်လုပ်တော် မထားပါ။ သူ၏ အိမ်ရှေ့မိဖုရားနှင့် အခြားမိဖုရား ၃ ပါးသာရှိသည်။ ဟေဇယ်သည် အိမ်ရှေ့မင်း အကြောင်းကို အသေးစိတ်စုံစမ်းရင်း နန်းတွင်းတွင် ပိုကြိုးစားခဲ့သည်။ အိမ်ရှေ့မင်းက လေ့ကျင့်သည့်နေရာကို တခါတလေလာကြည့်စဉ် ဟေဇယ့်ကို အသိအမှတ်ပြုဟန်ဖြင့် ခေါင်းငြိမ့် သွားသည်။

မင်းသားလေး ကမာ ပြန်ရောက်လာမည်။ အားလုံးအသင့်ပြင်ထားရန်အမိန့်ရောက်လာတော့ ဟေဇယ် ရင်ခုန်သွားသည်။တွေ့ရတော့မည်။ နောင်တော်ကမာ ဘယ်လောက်ပြောင်းလဲသွား သည်ကို ဟေဇယ်သိချင်မိသည်။ နန်းတော်ထဲတွင်တော့ နောင်တော်ကမာ၏ အလှကို ပြောလို့ မဆုံးတော့ပေ။ မိမိသည်လည်း ပါရှားနန်းတော်တွင် အလှဖြင့်ကျော်ကြားသူဖြစ်သည်။ နောင်တော့် အလှကိုလည်း ဟေဇယ်မြင်ချင်ဇောဖြင့် မျှော်နေမိသည်။

မင်းကြီးကတော့ ပြတ်သည်။ မိမိတို့ကို နောင်တော် ကမာအတွက် လက်ဆောင်ပေးရန်စု စည်းထားတာ ကလွဲ၇င် ခေါ်လို့အိပ်ဖို့နေနေ သာသာ လာပင်မကြည့်ပေ။
ဟေဇယ်တို့အဖွဲအားလုံးကို အဖြူရောင်ပိုးသားဝတ်စုံဆင်မြန်းပေးပြီး လှပသောဥယျာဉ်ထဲတွင် တူရိယာများဖြင့် အသင့်စောင့်နေခဲ့သည်။ အတွင်းဝန်ကြီးအချက်ပြတော့ မိမိတို့အဖွဲ့တီးခတ်လိုက် သည်။ နောင်တော်ကမာနှင့်မင်းကြီးကြွချီလာခဲ့လေပြီ။ ဟေဇယ် စိတ်စောစွာစောင့်နေမိသည်။ ဟော ကြားရပါပြီ။ အပြေးလာသော ခြေသံလေး။ ဟေဇယ့်မျက်ဝန်းထဲ နောင်တော် ကမာ၏ ပုံရိပ်ထင်လာခဲ့ သည်။ နောင်တော်သည် ဖြူနွဲ့ပါးလျားသော ကောင်လေးအဖြစ်မှ တကယ့်ကို ချောမောသော လူရွယ်လေးဖြစ်ခဲ့လေပြီ။
နန်းတွင်းထဲတွင် သတင်းပျံ့နေသည်ထက် နောင်တော်ကမာ က တင့်တယ်စွာချောမောလှပ နေသည်။

နှင်းမြို့တော်သားများသည် နောင်တော်ကမာ့ကို တွေ့သည်နှင့်ချက်ချင်းတူရိယာများကို ပစ်ချကာ ဦးညွတ်ဂါရ၀ပြုကြသည်။ နောင်တော် ကမာက မျက်ရည်များဖြင့် ကြည့်နေစဉ် ဟေဇယ် မအောင့်နိုင်ပဲ လှမ်းခေါ်လိုက်မိသည်။

"နောင်တော်ကမာ.."
ဟေဇယ်၏ အသံကိုကြားသည်နှင့် နောင်တော် ကမာချာခနဲလှည့်လာခဲ့သည်။ ဟေဇယ်ကျေနပ် သွားသည်။ ဟေဇယ် နောင်တော်ကမာ၏ ရင်ခွင်ထဲကို ပြေးဝင်သွားခဲ့သည်။ မပြောင်းလဲသော အချစ်ကို ဟေဇယ်ခံစားမိလိုက်သည်။ ဘာမှ မပြောင်းလဲပါ။ နောင်တော် ကမာ မိမိကို အရင်လို ချစ်နေဆဲပါ။ နောင်တော်၏ ရင်ခွင်သည် ဟေဇယ်အတွက် နွေးထွေးဆဲပါ။ နောင်တော်ကမာ၏ ရင်ခွင်ထဲ ခေါင်းတိုးကာ ကလေးပမာငိုလိုက်မိသည်။
ထိုနေ့က ဟေဇယ်အတွက် အပျော်ဆုံးနေ့ဖြစ်ခဲ့သည်။ နောင်တော်ကမာနှင့်အတူ တစ်ဆောင် တည်းနေရမည်ကို သိတော့ ဟေဇယ်က နောင်တော်ကမာနှင့် အတူအိပ်မည်ဟု ဆုံးဖြတ်လိုက်သည်။

သို့သော် နောင်တော်ကမာက ဟေဇယ်၏ အခန်းကို သီးခြားပေးကာ နှစ်သိမ့်သည်။ မင်းကြီးက နောင်တော့် အခန်းတွင် လာအိပ်တတ်သည်ကို နောင်တော်ဖုံးကွယ်ထားသော်လည်း ဟေဇယ် သိပါသည်။ ဟေဇယ်စိတ်တော့မကောင်းပါ။ နောင်တော်နှင့် အရင်လိုပဲ အတူအိပ်ချင်သည်။ သို့သော် ယခုနောင်တော်က ဘွဲ့အပ်နှင်းထားခြင်းမရှိသော တင်တက်ရင်ရဲ့ ဘုရင်မဆိုတော့ ဟေဇယ် အရင်လိုနောင်တော်နှင့်နေခွင့်ရမည်မထင်ပေ။ထို့ကြောင့်ဟေဇယ် စိတ်မကောင်းတော့ ဖြစ်မိသည်။ မွန်ဂိုစစ်သံမှုးခိုင်းသည့် အလုပ်ကို ရှေ့ဆက်တိုးလုပ်လျှင် မိမိ၏ နောင်တော် ကမာကို ပြန်ရမည်ဟုတွေးမိလိုက်သည်။

"အိမ်ရှေ့မင်းသားရဲ့ အချစ်ကို ရအောင်ယူပါ။"
ထိုအမိန့်ကို နာခံစွာဖြင့် ဟေဇယ်အလုပ်စလိုက်သည်။ အိမ်ရှေ့မင်းသား၏ စံအိမ်ကို လိုက်လည်ခွင့် ရလိုက်သည်။ ထိုမှ ချူးချူး၏ သတင်းကို ဟေဇယ်၇လိုက်သည်။ နောင်တော်ကမာကို ပြောပြမိ သည်နှင့် နောင်တော် အရူးလိုပြေးထွက်သွားသည်။ နောင်တော် ဦးတည်သွားရာကား မင်းကြီး ၏နန်းဆောင်ပါ။ထိုနေ့ နေ့လည်တွင် နောင်တော်ကမာနှင့်မင်းကြီး ရုတ်တရက် ခရီး ထွက်သွားသည်။

နန်းတွင်းတွင် အိမ်ရှေ့မင်း အုပ်ချူပ်ကျန်ရစ်ခဲ့သည်။ ဟေဇယ် အိမ်ရှေ့မင်းကို ပညာကုန်သုံးကာ ဆွဲဆောင်တော့သည်။ ကဲကဲဆတ်ဆတ်ပုံ မဟုတ်ပါ။ ပညာသားပါပါဖြင့် အိမ်ရှေ့မင်း သတိပြုမိ အောင် လုပ်သည်။ ပြီးလျှင် အိမ်ရှေ့မင်းကို စိတ်မ၀င်စားသလို အေးစက်စက်ဆက်ဆံသည်။ အိမ်ရှေ့မင်း က ဟေဇယ်ကို သူ့အနားခေါ်ကာ အလုပ်များကိုကူခိုင်းတော့ ဟေဇယ့်အကြံအောင်ပြီ။
ဟေဇယ်သည် အိမ်ရှေ့မင်းသားကို အကြည့်လေးများနှင့်မျှားလိုက်၊ အပြုံးလေးများနှင့်မြူဆွယ် လိုက်ဖြင့် တဖြည်းဖြည်း သူ့ရင်ထဲကို သွားသည်။ အိမ်ရှေ့မင်းက သတိတော့ထားသည်။ နောက်ဆုံး ဟေဇယ်၏ ကျော့ကွင်းထဲ လုံးလုံးရောက်ခဲ့လေပြီ။

"မနက်ဖြန် တောပိုင်းစံအိမ်ကို သွားမယ် ဟေဇယ်။ အသင့်ပြင်ထားပါ။ "

"ဟုတ်ကဲ့ပါ။"

ဟေဇယ်ပြုံးလိုက်သည်။ သူ ဇာတ်လမ်းစပြီ။ သူ့ကို မိအောင်ဖမ်းရမည်။ အထိအတွေ့ဖြင့်ပေါ့။ မိမိနှင့်တစ်ခါအိပ်မိသည်နှင့် မိမိကိုစွဲသွားစေရမည်။

"ဟေဇယ်လေး။ မင်း ကိုယ်တော့်ကို ဝေဒနာတွေ ပေးနေတာ ပြန်ကုပေးတော့။"

တင်မော်ရင်သည် တောပိုင်စံအိပ်၏ အဆောင်ထဲကို ရောက်သည်နှင့် ဟေဇယ့်ကိုပွေ့ချီကာ ကုတင်ပေါ်တင်ရင်းပြောလိုက်သည်။ ဟေဇယ်က သူ့ကို မူနွဲ့စွာကြည့်ကာပြောလိုက်သည်။

"ဟေဇယ် ဘာလုပ်မိလို့လဲ အရှင်မင်းသား။"
တင်မော်ရင်သည် နူတ်ခမ်းပါးလေးကို ဒဏ်ခတ်ပြီးပြောလိုက်သည်။
"ဘာလုပ်တယ်ဆိုတာ မင်းအသိဆုံးပဲ ဟေဇယ်။ မင်းကို့ကို သတိမထား ထားမိအောင်လုပ်တယ်။ ကိုယ့် ရမ္မက်ကို နှိုးလာအောင် လာဆွပေးတယ်။ ကိုယ်က ကျားသားလည်းစားဖူးတယ်နော်။ "

"ဟေဇယ် ဘာမှ မလုပ်မိပါဘူး အရှင်ရယ်။"

ဟေဇယ်၏ စကားပြောပုံကို အူယားကာ တင်မော်ရင် အ၀တ်ကို တရကြမ်းဆွဲချွတ်ကာ ချစ်တင်းနှော ရန်ပြင်လိုက်သည်။ ဟေဇယ်က သူ့ရင်ဘတ်ကို အသာတွန်းကာပြောလိုက်သည်။

"ကျားသားစားဖူးတဲ့အရှင်မင်းသားရယ်။ ဘာမှ မပြင်ဆင်ပေးတော့ဘူးလားဗျာ။ လူကိုချစ်မှာလား။ အသေသတ်မှာလားဟင်။"

ထိုအခါမှ တင်မော်ရင် သတိရသွားပြီး ဟေဇယ့်ကို နမ်းရှိုက်ကာ
"ကောင်းပြီလေ။ ကိုယ်တော် ပြင်ဆင်ပေးမယ်။ ဟေဇယ်ကလည်း ကိုယ်တော့်ကို ကောင်းကောင်း ပြုစုရမယ်နော်။"

"ဟင့်အင်း ။ ဟေဇယ် ဘယ်လိုပြုစုတတ်မှာလဲ အရှင်ရယ်။ ဟေဇယ်က အရိုင်းအစိုင်းတွေကြားထဲ နေခဲ့တော့ တော်ဝင်မျိုးနွယ်ကို ကျေနပ်အောင်မပြုစုတတ်ပါဘူး။"
တင်မော်ရင်သည် ချစ်စဖွယ်ပြောနေသော ဟေဇယ့်ကို ပူပြင်းသည့်အနမ်းများ တံဆိပ်ခတ်ကာ ပြောလိုက်သည်။

"ဒါဆို သင်ပေးရမှာပေါ့ ဟုတ်လား။ အချစ်နတ်သားလေး။"

တင်မော်ရင်က ပြောပြီး ဟေဇယ်ကို အချစ်တိုင်းပြည်ထဲခေါ်သွားခဲ့သည်။ဟေဇယ်က တကယ်ကို ပညာစုံသူဖြစ်သည်။ အိမ်ရှေ့မင်းကို အချစ်တိုင်းပြည်ထဲမှ ပြန်ထွက်မလာအောင် ဆွဲထားနိုင်သည်။
တင်မော်ရင်သည် ဟေဇယ်နှင့် အကြိမ်ပေါင်းများစွာ ချစ်တင်းနှောပြီးနောက် ဟေဇယ့်ကို စွဲသွားတော့ သည်။ တစ်ခုသေချာသိလိုက်တာက ဟေဇယ်က ကမာ့ထက်ကို ပညာသားပိုဝသည်ကိုပေါ့။

"မင်းက တကယ့်ကို ပညာစုံတဲ့ နတ်သားလေးပဲ။ မင်းကို တွေ့ဖူးသူတိုင်း မင်းကိုစွဲလန်းမှာ သေချာတယ် ဟေဇယ်။ ကမာနဲ့ မင်းကမတူဘူး။"

ဟေဇယ် ငြိမ်နေလိုက်သည်။ ပြီးတော့မှ အိမ်ရှေ့မင်းသားကို မော့ကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော်က ကျွန်အဖြစ်ရောင်းစားခံရပြီး ပါးရှားနန်းတော်ထဲမှာကြီးလာတာပဲ။နောင်တော်ကမာလို အရှင်တို့ရဲ့ ကရုစိုက်တဲ့နေရာမှာ ကြီးလာသူမှ မဟုတ်တာဗျာ။ ဒီလောက်တော့ ရှိမှာပေါ့။"

တင်မော်ရင်သည် ဟေဇယ်ပြောသည့်စကားများထဲမှ ခါးသီးသော အမှန်တရားကို သိလိုက်သည်။ ထို့ကြောင့် ဟေဇယ်လေးကို သနားကြင်နာစွာဖက်လိုက်မိသည်။

"ကိုယ်တော်မင်းကို ကရုစိုက်ပေးမှာပေါ့ကွယ်။"

"ဒီစကားနဲ့တင် ကျေနပ်ပါပြီ အရှင်မင်းသား။ ကျွန်တော်မျိုးလိုလူတစ်ယောက်က တော်ဝင်မျိုးနွယ်တွေရဲ့ အချစ်ကို မမျှော်ဝံ့ပါဘူး။"

"ဘာမှ စကားမရှည်နဲ့။ အခု အိပ်တော့။ မင်းကို ကိုယ်တော် စကားအဖြစ်ပြောတာလား။ တကယ်လားဆိုတာ မင်းစောင့်ကြည့်ပါ ဟေဇယ်။ "
အခန်းလေးထဲ စကားသံတို့ တိတ်ဆိတ်သွားပြန်သည်။

မုန်တိုင်းများ၏ အရှင်သခင်
အပိုင်း (၄၀)
ဇာတ်သိမ်းပိုင်း
ကမာသည် ပူလောင်သောစိတ်နှလုံးသားဖြင့် ချူးချူးလုပ်ကြံခံရသည့် နေရာသို့ အကိုကြီးနှင့်အတူ ခရီးပြင်းနှင်ခဲ့သည်။ တစ်လမ်းလုံးအကိုကြီးကို စကားကောင်းကောင်း မပြောနိုင်ခဲ့ပေ။ တင်တက်ရင် သည် ကမာ စိုးရိမ်နေသည်ကို နားလည်ပေးပါသည်။ ကမာ မိမိကို ကျောခိုင်းကာ အပြင်ကိုသာငေး နေသဖြင့် တင်တက်ရင်စိတ်မကောင်းဖြစ်စွာသက်ပြင်းချမိသည်။
ကမာ ချူးချူးအပေါ်သံယောဇဉ် ဒီလောက်နက်ရှိုင်းလိမ့်မည်ဟု မထင်ထားခဲ့ပါ။ ဒီလိုမှန်းသာသိခဲ့ လျှင် ချူးချူးကို နန်းတော်ထဲ ခေါ်ထားမိမှာဖြစ်သည်။ ယခုတော့ မည်သူက ချူးချူးကိုလုပ်ကြံရဲသည် ကို တင်တက်ရင် သိချင်သောကြောင့် ကိုယ်တိုင်လိုက်လာခဲ့ခြင်းဖြစ်သည်။

"ကမာလေး။ ကိုယ့်ကိုမှီပြီး အိပ်လိုက်လေ။ နန်းတော်က ထွက်လာကတည်းက တမှေးမှ မမှေးရသေးဘူး။"

"ကျွန်တော် မအိပ်ချင်ဘူး အကိုကြီး။"
ကမာ လှည့်မကြည့်ပဲ ဖြေခဲ့သည်။ တင်တက်ရင်သည် ကမာ့ကို အတင်းဆွဲကာ မိမိကို မှီခိုင်းပြီးပြောလိုက်သည်။

"ခရီးက ဝေးဦးမယ်။ ပြီးရင် ဟိုရောက်ရင် ချောက်ထဲဆင်းရှာရဦးမယ်။ မင်းအားရှိဖို့လိုတယ်။ အကိုကြီးကို စိတ်ဆိုးရင်လည်း နောက်မှ ဆိုး။အခုတော့ မင်းကျန်းမာရေးထိခိုက်မှာ ကိုယ်ခွင့်မပြုနိုင်ဘူး။ အိပ်။ မအိပ်ရင် ဒီမှာ စခန်းချ နာလိုက်မယ်။"

ကမာသည် သူအတည်ပြောသည်ကိုသိလို့ မကျေမနပ်ဖြင့် မှီကာအိပ်ရင်း အရမ်းပင်ပန်းကာ အိပ်ပျော်သွားတော့သည်။တင်တက်ရင်သည် ကမာလေးကို ကြင်နာစွာဖြင့် နဖူးလေးကို ငြင်ငြင် သာသာ နမ်းရှိုက်ရင်း သာယာသော မိမိတို့ အချစ်ကမ္ဘာလေးပြိုကွဲစပြုသည်ကို ပြန်စဉ်းစား နေ သည်။ ဘယ်လိုအခက်အခဲများကိုမှ မိမိမမှုပါ။ ကမာသာ မိမိကို ချစ်ပါစေ။ ယမမင်းလာခွဲလျှင် တောင်မိမိ ကရုမစိုက်ပါ။ ကမာလေး နာကျင်ကြေကွဲနေလျှင်တော့ တင်တက်ရင်၏ နှလုံးသားက နာကျင်ရသည်။
မိမိကိုယ်တိုင် မသတ်ပဲ ဘယ်သူက ချူးချူးကိုလုပ်ကြံရသလဲဆိုတာကို အလေးအနက်ထားစဉ်းစား နေမိသည်။ တရားခံက ချူးချူးကိုတကယ်ပဲ လုပ်ကြံချင်တာလား။ ဒါမှမဟုတ် ချူးချူးကိုအယောင်ပြ ကာ ကမာနှင့်မိမိကို အဆင်မပြေဖြစ်စေချင်တာလား။ ဒါမှမဟုတ် အဖြစ်နိုင်ဆုံးက မိမိနှင့်ကမာကို လုပ်ကြံတာ ဖြစ်နိုင်သည်။

တင်တက်ရင်သည် ကမာကို ဖက်ထားရင်း အဖြစ်အပျက်အားလုံးကို မျက်မှောင်ကြုတ်ကာ တွေးနေသည်။ စစ်သူကြီးတစ်ယောက်အမြင်ဖြင့်အသေးစိတ်ပြန်စဉ်းစားနေသည်။ တရားခံက အမတ်ချုပ်ကြီး၏ အနွယ်ထဲမှ ဖြစ်နိုင်သည်။ ကြွက်တစ်ကောင်လို မိမိလူများထဲတွင် ခိုဝင်ကာ နောက်ကွယ်မှ ဓါးနှင့်ထိုးမည့်သူမျိုး၊ လုပ်ပိုင်ခွင့်လည်း အထိုက်လျောက်ရှိရမည်။ ချူးချူးကိုနယ်နှင် ဒဏ်ခြင်းကို တင်မော်ရင်ကိုယ်တိုင် သွားလုပ်သည်ကို သိသူဆိုတော့ ထိုသူက နန်းတော်ထဲရှိ ရာထူးကြီးထဲမှဖြစ်ရမည်။

မိမိသာ ထိုသူနေရာမှာဆိုလျှင် ဘာတွေလုပ်မလဲ။ မိမိသခင် အမတ်ချူပ်ကြီးအတွက် ကလဲ့စားခြေရန် မိမိဘာတွေပြင်ဆင်ထားမလဲ။ မိမိကို တိုက်ခိုက်ဖို့ မိမိအားနည်းချက်ကို ရှာရမည်။ မိမိအားနည်းချက် က မိမိချစ်သောကမာဖြစ်သည်။ ဒါဆို ကမာ့ကိုထိခိုက်အောင်လုပ်နိုင်လျှင် မိမိကို ထိခိုက်အောင် လုပ်နိုင်ပြီ။ ကမာကို ထိခိုက်အောင် လုပ်ဖို့ ကမာ့ အားနည်းချက်က ဘယ်မှာလဲ။ ချူးချူးနှင့် ဟေဇယ်။

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Donde viven las historias. Descúbrelo ahora