မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၃၇)

4.7K 296 3
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၃၇)

ကမာ ရေကန်ထဲစိမ်ရင်း မျက်လုံးမှိတ်ထားလိုက်တော့သည်။ ရေချိုးဆောင်တံခါးတိတ်တဆိတ်ပွင့် သွားသည်ကို ကမာ မသိလိုက်ပေ။ ညင်သာတော ခြေသံကိုကြားတော့ ကမာ မျက်လုံးမဖွင့်ပဲ လှမ်းပြောလိုက်မိသည်။
"ခဏလေးနေရင် လာခဲ့မယ်။ မင်းကြီးအတွက် စားစရာ မပြင်နဲ့တော့။ မင်းကြီးဒီနေ့ မင်းသမီးလေး ချူးချူးအဆောင်ကို သွားမှာ.."
ကမာသည် လက်စွဲတော် ကုန်းကုန်းမှတ်ပြီး မျက်လုံးမဖွင့်ပဲ စကားပြောနေမိသည်။ ဘာမှ ထူးသံမကြားသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ကမာ လန့်သွားသည်။
"အကိုကြီး...ဘာလို့ ဒီအထိ ၀င်လာတာလဲ။"
တင်တက်ရင်သည် ကမာ့ကို ကန်ထဲမှ ဆွဲယူကာ နူတ်ခမ်းလေးကို နမ်းရန်ကြံတော့ ကမာ ခေါင်းကိုယမ်းကာ ရှောင်လိုက်ပြီးပြောလိုက်သည်။
"အကိုကြီး မသင့်တော်ပါဘူး။ လွှတ်ပါ။"
"ဘာကို မသင့်တော်တာလဲ။"
"အကိုကြီးက အိမ်ထောင်သည်ဖြစ်နေပါပြီ။ ကျွန်တော် အကိုကြိီးကို မေ့လိုက်ပြီ။ ကျွန်တော့်ကို ညီလိုပဲ ဆက်ဆံပေးပါ။"
တင်တက်ရင်က ကမာပြောသည်ကို မကြားသည့်နှယ် ရင်ခွင်ထဲဆွဲသွင်းကာ ပြောလိုက်သည်။
"အကိုကြီးက ချစ်သူလိုပဲ ဆက်ဆံချင်တယ် ဆိုရင်ကော ကမာလေး ဘာလုပ်မလဲ."
ကမာ သူ့ကိုတွန်းကာ ပြောလိုက်သည်။ ကမာ့ အသံက တိုးသော်လည်းပြတ်သားသည်။
"ကျွန်တော် အကိုကြီးကို မုန်းလိုက်မှာ။"
တင်တက်ရင်သည် ကမာ့ကိုပြန်လွှတ်ကာ စိမ်းစိမ်းကြည့်ကာ မေးလိုက်သည်။
"ဘာကြောင့်လဲ။ ကိုယ်မင်းကို ချစ်လို့ လုပ်နေတာကို သိလျက်နဲ့ မင်းက ကိုယ့်ကို ဘာကြောင့် မုန်းမှာလဲ။"
ကမာ သူ့မျက်ဝန်းကို ရင်ဆိုင်ကြည့်ကာ ပြောလိုက်သည်။
"အကိုတော်ကို သေလုအောင်ချစ်ပါစေ။ မရီးတော်ကို ရင်ခွဲပြီး သူ့နောက်ကွယ်မှာ အကိုတော့်ကို ခိုးတဲ့အထိ ညီတော် မမိုက်ရိုင်းနိုင်ဘူး "

တင်တက်ရင် ဒေါသထွက်ကာ ကမာ့ကို ဖြစ်ညစ်လိုက်ကာ သွားကြားမှထွက်လာသော အသံဖြင့် ပြောလိုက်သည်။
"အေး ကျုပ်ကတော့ မင်းကြီးလက်ထဲကနေ မင်းကို လုယူဖို့စဉ်းစားထားတယ် ကမာလေး။ "
သူက ပြောပြီးကမာ့ လည်တိုင်ကို အနမ်းပေးရန်ကြိုးစားသဖြင့် ကမာ အတင်းတွန်းလွှတ်ကာ စိတ်ဆိုးစွာပြောလိုက်သည်။
"အကိုကြီး မလုပ်နဲ့နော်။"

"ဘာလဲ။ မင်းကြီးသိသွားမှာစိုးလို့လား။"

"ဟုတ်တယ်။ ကျွန်တော်က မင်းကြီးရဲ့ မိဖုရား။ မင်းကြီးအပေါ်ကို သစ္စာရှိရမှာပါ။ အကိုကြီး ကျွန်တော့် အသားကို မထိပါနဲ့။"

တင်တက်ရင်သည် ကမာ့ စကားကြောင့် ဒေါသပိုထွက်ကာ အေးစက်သော စကားများထွက်လာ သောနူတ်ခမ်းများကို ၉ လတာ ဝေးခဲ့သမျှ အတိုးချကာ နမ်းလိုက်တော့သည်။ ကမာက ရုန်းသော် လည်း ကျားကြီးတစ်ကောင်လိုသန်မာသော သူ့ရင်ခွင်တွင် ယုန်ကလေးလို ချုပ်မိနေသည်။ ထိုစဉ် အပြင်မှ လက်စွဲတော်ကုန်းကုန်း အသံပြုလာခဲ့သည်။

"သခင်မ ရေချိုးတာကြာနေပြီနော်.."

ကမာ သူ့အနမ်းမှ အတင်းဖယ်ကာ ပြန်ဖြေလိုက်ရသည်။
"အင်း..အင်း အခု လာခဲ့မယ်။ သခင်မအတွက် စားစရာပြင်ထားလိုက်တော့။"

သူက အခွင့်ကောင်းယူကာ ကမာ့လည်တိုင်နောက်များကိုနမ်းလိုက်၊ နားရွက်ဖျားကို ကိုက်လိုက်၊ လျှာဖျားနှင့် ကလိလိုက်ဖြင့် အမျိုးမျိုးပညာပြနေတော့သည်။ ကမာ သူ့လုပ်ရပ်ကြောင့် အသံကို ပင်ကိုသံအတိုင်းပြန်ဖြေနိုင်အောင် မနည်းကြိုးစားနေရသည်။ သူ့လက်များက နယ်ကျော်လို့ လာသည်။

"မင်းကြီးအတွက်လည်း ပြင်ထားရမှာလား သခင်မ"

"မင်းကြီးက မင်းသမီးလေး ချူးချုးနဲ့ ညစာသွားစားမှာ။ မပြင်နဲ့တော့။ သွားတော့။ သခင်မ ခဏနေ ထွက်လာတော့မယ်။"

ကမာ ကုန်းကုန်းကို စကားပြန်ပြောနေစဉ် သူက အခွင့်ရေးယူကာ လက်များက အစွမ်းကုန်ကျူးကျော် နယ်ချဲ့နေတော့သည်။ ကမာ မျက်နှာရဲရဲနှင့်တားသော်လည်း သူက မလွှတ်ပေ။ ကမာ နူတ်ခမ်းကို တင်းတင်းကိုက်ထားရသည်။ ညည်းသံထွက်သွားလျှင် သွားပြီ.။
အသက်ရှုနူန်းက မြန်သည်ထက်မြန်လာလေပြီ။ သူကတော့ အစွမ်းကုန်နှိပ်စက်နေတော့သည်။

"မှန်လှပါ သခင်မ"
ကုန်းကုန်းထွက်သွားတော့မှ ကမာ သူ့လက်ကို ကုန်းကာကိုက်ပစ်လိုက်သည်။ သူက လုံးဝလွှတ်မပေးပဲ အတင်းဖက်နမ်းနေသဖြင့် ကမာစိတ်ဆိုးဆိုးနှင့်ဖိကိုက်လိုက်တော့ သွေးပင်ထွက် လာခဲ့သည်။ ငံကျိကျိ သွေးအရသာကို ရလိုက်တော့မှ ကမာလန့်ကာလွှတ်လိုက်သည်။ သူက အနမ်းပင် မပျက်ပေ။ ကမာ သူနှင့်လူခြင်းခွာကာ အလန့်တကြားလေးပြောလိုက်သည်။

"အကိုကြီး မနာဘူးလား။ "
တင်တက်ရင် က ကမာ့နူတ်ခမ်းလေးကို နမ်းရင်းဖြေလိုက်သည်။

"ဟင့်အင်း။ ရင်ထဲက ပိုနာတယ်။ ကမာလေးရဲ့ စိမ်းကားတဲ့ အကြည့်က ကိုယ့်ရင်ကို ပိုနာစေတယ် ကမာလေး။"

သူ့စကားကြောင့် ကမာ မျက်ရည်ကျရသည်။ ကမာငိုတော့မှ သူ သက်ပြင်းချကာ လွှတ်ပေးလိုက်သည်။

"မငိုပါနဲ့ကွယ်။ ကိုယ်က မင်းမျက်နှာလေးကို တွေ့ချင်လွန်းလို့ အရောက်လာရသူပါ။ မင်းက တွေ့တာနဲ့ကိုယ့်မျက်နှာကိုတချက်တောင် မကြည့်တော့ အကိုကြီးဘယ်လောက်ခံစားလိုက်ရ တယ်ဆိုတာ မင်းနားလည်အောင် ဘယ်လိုပြောပြရမှာလဲဟင်။ ချစ်တယ်ကမာလေးရယ်။ မင်းကို ချစ်လွန်းလို့ အတူနေချင်လွန်းလို့ကိုယ်ကြိုးစားနေရတာပါ။"

ကမာ ဘာမှ မပြောပဲ ငိုလို့သာနေသည်။ နောက်ဆုံး တင်တက်ရင် ကမာ့ကို လွှတ်လိုက်ကာ

"မငိုပါနဲ့တော့။ အကိုကြီးကြောင့် မင်းငိုရတယ်ဆိုရင် ကိုယ်သွားပါတော့မယ်။"

ကမာ ဘာမှမပြောပဲ နေသဖြင့် နောက်ဆုံးသူထွက်သွားတော့သည်။
အိမ်တော်သို့သွားကာ အ၀သောက်သည်။ ယင်းယင်းကို သူ့ဖခင်အိမ်သို့ ပို့ထားပြီးဖြစ်သည်။ ထိုည တင်တက်ရင် မူးပြီး တင်မော်ရင်တို့အိမ်တွင် အိပ်ပျော်သွားတော့သည်။ တင်မော်ရင်သည် အကိုကြီး၏ ရင်ဖွင့်စကားကို တိတ်ဆိတ်စွာနားထောင်ပြီးနောက် အလေးနက်ထားစဉ်းစား နေရသည်။ အကိုကြီး တကယ်ကို ကမာ့အတွက်ရည်ရွယ်ပြီး ယင်းယင်းကို လက်ထပ်ခဲ့သည်ကို ယခုမှ မိမိသိတော့သည်။
နောင်တော်၏ ကမာပေါ်ထားသည့် အချစ်လွင့်ပြယ်သွားမည်ထင်တာ မှားသွားလေပြီ။ နောင်တော် အမူးပြေလာမှ သေချာမေးရဦးမည်။ နောင်တော် တကယ်ကို ကမာကို လက်မလျှော့ဘူးဆိုလျှင် ဘာဆက်လုပ်မည်ကို မိမိသိချင်သည်။

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၂၈)
တေးဟာခန်သည် စစ်သူကြီးတင်တက်ရင်နှင့် နှမတော် ယင်းယင်း၏ အိမ်ထောင်ရေး သာယာ သည်ကို ကြားသိရတော့ ကမာနှင့် သိပ်ပြီး သံသယမ၀င်တော့ပေ။ တေးဟာခန်က ကမာကို ယင်းယင်းတို့ အိမ်တော်သို့လွတ်လပ်စွာ သွားခွင့်ပေးသည်။ သို့သော် ကမာက မင်းကြီးကို ကြည့်ကောင်းအောင်လှည့်ပတ်ပြောကာ အကိုကြီးတင်တက်ရင်တို့ထံသို့ သိပ်မသွားပေ။
တင်တက်ရင်ကတော့ ယင်းယင်းကလေးမွေးသည်ကို စောင့်ရင်း ကမာ့ကို မျှော်နေမိသည်။ ကမာ နန်းတော်ထဲမှ သိပ်မထွက်သောအခါ ယင်းယင်းမှတဆင့် ကမာ့ကို လာတွေ့ရန်ခေါ်စေသည်။ ယင်းယင်းက အကိုတော်မင်းကြီးလာသောအခါ စကားစပ်ရင်း ကမာကို စကားပါးလိုက်သောအခါ ကမာမသွားလို့မရတော့ပေ။ ထို့ကြောင့် ကမာ မင်းကြီးထံခွင့်တောင်းပြီး ဘုရင်ခံတင်တက်ရင်၏ စံအိမ်တော်ကို ထွက်လာခဲ့သည်။
"ကမာလေး..."
ကမာ ရထားလုံးမှဆင်းသည်နှင့် တင်တက်ရင်ကစောင့်ကြိုပြီး နူတ်ဆက်လိုက်သောအခါ ကမာ လန့်သွားသည်။ အကိုကြီး နန်းတော်ထဲဝင်မည့် အချိန်ကို မိမိတမင်လာခဲ့သည့်တိုင် သူက ဘာလို့ အိမ်မှာရှိနေသည်ကို မသိတော့ပေ။
"အကိုကြီး အမတ်ချုပ်ကြီးနဲ့ တွေ့စရာရှိတယ်မဟုတ်လား။ ဘာကြောင့် အိမ်မှာရှိနေတာလဲ။"
သူက ပြုံးကာ မေးလိုက်သည်။
"ကမာ လာမယ်ဆိုလို့ အကိုကြီးက အမတ်ချုပ်ကြီးကို ပြောပြီးစောထွက်လာခဲ့တာပါ။ ဘာလဲ။ ကမာလေးက အကိုကြီးကို ရှောင်နေတာလား။ အကိုကြီးပြောထားပြီးပြီ။ အကိုကြီးက ကမာ့ကို ချစ်လို့ ကြိုးစားနေတာ။ မင်း ကိုယ့်ကို မရှောင်နဲ့။ကိုယ်က မင်းကို ကိုက်မစားပါဘူး။ သတိရလွန်းလို့ မျက်နှာတော်လေးကို ဖူးချင်လွန်းလို့ ခေါ်ခိုင်းလိုက်ရတာ။ လာ..ယင်းယင်းစောင့်နေပြီ။ "

ကမာ အကိုကြီးပြောပုံကို အူယားသွားသည်။ ဟိုးတလောက အဆောင်ထဲ ခိုးဝင်ပြီး သောင်းကျန်းသွား တာ သူမဟုတ်သလို ပြောနေပုံက ထုရိုက်ပစ်ချင်စရာကောင်းလှသည်။
ကမာ ဘာပြော၇မှန်းမသိလို့ ရေငုံနူတ်ပိတ်နေတော့ သူက လှည့်ကြည့်ကာ လက်ကို ဆွဲပြီးမေး ပြန်သည်။
"ဟေး...ဘာတွေ စဉ်းစားနေတာလဲ။ ကိုယ့်ကို စကားမပြောဘူးလား။"

"မဟုတ်ပါဘူး။ အကိုကြီးကိုဘာပြန်ပြောရမှန်း မသိလို့ပါ။"

"ကိုယ့်ကို ချစ်တယ်လို့ပြော..."
လှေကားအတက်တွင် သူက ကမာ့ နားနားကပ်ကာ ပြောလိုက်သဖြင့် ကမာ့ မျက်နှာနီသွားသည်။ သူ့ကိုရှောင်ကာ နောက်ကို တိမ်းလိုက်စဉ် ခြေချော်ပြီး အနောက်ကို ပြုတ်ကျမလိုဖြစ်သွားစဉ် သူက ဖြတ်ခနဲလှမ်းဆွဲလိုက်သဖြင့် သူ့ရင်ခွင်ထဲ ရောက်သွားသည်။ သူက ချက်ချင်းလွှတ်ပေးပြီး ပြုံးစေ့စေ့ နှင့်ပြောလိုက်သည်။

"သတိထား။ ကိုယ် မင်းကို နမ်းမိတာ မသေနိုင်ဘူး။ ပြုတ်ကျမှ ဇက်ကျိုးသွားမယ်။"
ကမာ သူ့ကို မျက်မှောင်ကြုတ်ကြည့်ကာ ပြောလိုက်သည်။
"အကိုကြီး ဘယ်လိုဖြစ်နေတာလဲ။ "
တင်တက်ရင် မျက်မှောင်ကုတ်လိုက်ကာ မကျေမနပ်ပြောလိုက်သည်။
"ဘာမှမဖြစ်ဘူး။ မင်းကိုလွမ်းလို့ပြောနေတာ။ "
ကမာသည် သူ့ရင်ခွင်မှ အသာရုန်းကာ အခြားလူများကြားသွားမလားလို့ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်နေမိသည်။ တင်တက်ရင်သည် အရင်ကထက်ပိုချစ်စရာကောင်းလာပြီး မိမိကို သိသိသာသာ ရှောင်ဖယ်နေသော ချစ်သူလေးကို အံကြိတ်ကာကြည့်ကာ လွှတ်ပေးလိုက်သည်။
ကမာသည် အကိုကြီး၏ မျက်နှာကို မော့မကြည့်ရဲပေ။ အမြန်သူ့ဘေးမှ ထွက်ပြေးနိုင်အောင်ကြိုးစား နေသည်။ အိမ်တော်ပေါ်ရောက်သောအခါ မင်းသမီးယင်းယင်းက ခုတင်ပေါ်တွင် လှဲနေပြီး ကမာ့ကို ပြုံးချိုစွာ ကြိုဆိုသည်။
"မတ်ကလေးရယ် အခုမှ ပေါ်တော်မူလာတော့တယ်။ မရီးတော်နဲ့ မင်းအကိုကြီးက မင်းကိုမျှော်ရ လွန်းလို့ လည်ပင်းညောင်ရေအိုးဖြစ်ရပြီကွယ်။ လာပါဦး။ ကမာလေးက တခါထက်တခါ ပိုပိုချောလာ လိုက်တာကွယ်။ "
ကမာ ယင်းယင်းကို ဂါရ၀ပြုကာ ကျန်းမာရေးအခြေအနေကို မေးလိုက်သည်။
"မရီးတော် နေရထိုင်ရ ပေါ့ပါးပါရဲ့လား။ မရီးတော်ကို အမြဲသတိရပါတယ်။ ဒါပေမယ့် မင်းကြီးကို ပြုစုရတဲ့ တာဝန်ကလည်း လစ်ဟင်းလို့မရလို့ စိတ်ရှိပေမယ့် လူက မရောက်နိုင်တာပါ။ မရီးတော် သားတော်လေး မွေးပါစေလို့ ဆုတောင်းပါတယ်။"
ယင်းယင်းက ကမာ့ကိုပြုံးကာ ၀မ်းသာအားရလေး ပြောရှာသည်။
"တော်ဝင်သမားတော်ကြီး စမ်းသပ်တာတော့ ယောက်ျားလေးဖြစ်မယ်တဲ့။ သမီးတော်လေး မွေးရင်လည်း ချစ်မှာပါပဲ။ ကိုယ့် ရင်သွေး ဘယ်လိုလေးဖြစ်ဖြစ် ချစ်မှာပါ။ မောင်တော်ကတော့ ကမာနဲ့ တူတဲ့ သမီးတော်လေး မွေးပါတဲ့။ "
ကမာ သူ့ကို ကြည့်လိုက်စဉ် သူုက ယင်းယင်းနံဘေးတွင် ၀င်ထိုင်ပြီး ပုခုံးလေးကို ယုယုယယ ဖက်ကာ ပြောလိုက်သည်။
"မောင်တော်က သဘောပြောတာပါ။ သမီးတော်လေးဆိုရင် ညီတော့လို လှရင် မိဖုရား ဖြစ်နိင်တယ်လေ။ သားတော်လေး ဆိုရင် ကိုယ့်လိုစစ်သူကြီးဖြစ်အောင် လေ့ကျင့်ပေးမယ်။"

ကမာ ပြုံးမိသော်လည်း စိတ်တော့ မကောင်းပါ။ မရီးတော်ကို ကြင်နာယုယနေသည်ကို ကြည့်ရင်း ရင်ထဲတွင် မီးစတစ်ဖက်၊ရေမှုတ်တစ်ဖက်ဖြင့် ပူ့တလှည့်၊ အေးတလှည့် ခံစားလာရသည်။
"ယင်းလေး ထိုင်နေရတာ အဆင်ပြေရဲ့လား။ လှဲနေလေ။ "
အကိုကြီးက မင်းသမီးယင်းယင်းကို ကြင်နာယုယစွာမေးနေပုံက ကမာ့ကို မဆီမဆိုင် ၀မ်းနည်း လာစေသည်။ တကယ်ဆိုလျှင် မင်းသမီးယင်းယင်းကို ချစ်ခင်ကြင်နာနေသည်ကို တွေ့လျှင် မိမိက ၀မ်းသာပေးရမည် မဟုတ်လား။ အခုတော့ မိမိစိတ်ကို ကမာ ကျိန်ဆဲမိသည်။ မိမိက စိတ်ရင်းဆိုး သူဟု ကိုယ့်ဖာသာထင်လာမိသည်။ အကိုကြီးက မိမိကိုလည်း မမေ့နိုင်လျှင် မိမိပိုအနေရကြပ်မည် ဖြစ်သည်။ ထို့ကြောင့် အပြုံးမျက်နှာဖြင့် မင်းသမီးကို ကြင်နာယုယနေသည်ကို ကြည့်နေလိုက်သည်။ ထိုအခါတွင် အကိုကြီးက မျက်နှာတည်သွားပြီး ကမာ့ဘက်လှည့်ကာ ပြောလိုက်သည်။
"ကမာ နေ့လည်စာ အတူစားရအောင် ပြင်ခိုင်းထားတယ်နော်။ ညနေမှ ပြန်မှာမဟုတ်လား။"
ကမာ ငြင်းမည် အပြု ယင်းယင်းက ၀င်ပြောလိုက်သည်။
"မတ်ကလေးရေ မငြင်းနဲ့နော်။ မောင်တော်က မင်းကြိုက်တဲ့ဟင်းကို စားဖိုဆောင်ကို စီစဉ်ခိုင်းထား တယ်။ မရီးကို ခွင့်လွှတ်ပါနော်။ ဗိုက်ထဲက နေလို့မကောင်းလို့ ဆင်းမလာတော့ဘူး။ မောင်တော်နဲ့ ပဲ အတူစားတော့နော်။"
"ဟုတ်ကဲ့ပါ မရီးတော်။"
ကမာ ယင်းယင်းကို နူတ်ဆက်ကာ တင်တက်ရင်နှင့် အတူ အပြင်ကိုထွက်လာခဲ့သည်။ တင်တက်ရင်က ယင်းယင်း၏ နဖူးကို ဖွဖွလေးနမ်းလိုက်သည်ကို တွေ့တော့ ကမာ မျက်နှာလွှဲထား လိုက်သည်။
"ယင်းယင်း။ မောင်တော်တို့ စာဖတ်ခန်းထဲမှာ ရှိမယ်နော်။ တခုခုလိုရင် လှမ်းခေါ်လိုက်နော်။ "
"ဟုတ်ကဲ့ပါ။ ယင်းယင်း ခဏအိပ်လိုက်ဦးမယ်နော် မောင်တော်။"
တင်တက်ရင်က ယင်းယင်း၏ အစေတော်ကို သေချာမှာကြားကာ နံဘေးမှ စောင့်နေစေပြိး ကမာ့ကို ခေါ်ကာ စာဖတ်ခန်းထဲသို့ ခေါ်လာခဲ့သည်။ တကယ်တော့ ကမာ နန်းတော်ကို ပြန်ချင်လှပြီ။ မရီးတော်မရှိပဲ သူနှင့် နီးနီးကပ်ကပ်မနေ၀ံ့ပါ။
"လာ အကိုကြီး ကမာ့အတွက် လက်ဆောင်ပါလာခဲ့တယ်။"
ကမာတွန့်ဆုတ်နေသောကြောင့် သူက ကမာ့လက်ကို ဆွဲကာ စာဖတ်ခန်းထဲကို ခေါ်သွားလိုက်သည်။ အခန်းထဲရောက်သည်နှင့် တံခါးကို ပိတ်လိုက်သဖြင့် ကမာ လန့်သွားသည်။
သူက တိုးတိုးရယ်ကာ ကမာ့ကို ပြုံးပြီးငုံ့ကြည့်ကာ
"စိတ်ချ။ ကိုယ်က ကမာလေး ကို အတင်းအကျပ်မယူဘူး။ ကမာလေးကိုယ်တိုင် ချစ်လှည့်ပါလို့ပြော လာတဲ့အထိစောင့်မှာ။"
ကမာ သူ့ကို စူပုတ်ပုတ်မော့ကြည့်မိတော့ သူကဖြတ်ခနဲ ငုံ့ကာ နူတ်ခမ်းလေးကို ခိုးနမ်းလိုက်သည်။ မြန်မှမြန်။ ကမာ သူ့နားမှ ဆုတ်ပြေးမည်အပြု သူက ခါးလေးကို သိမ်းဖက်ကာ နူတ်ခမ်းလေးကို အပိုင်စီးလိုက်ပြန်သည်။ ကမာ သူ့ရင်ဘတ်ကို တွန်းသည်။ ရုန်းသည်။ သို့သော် ကျားကြီးရင်ခွင်ထက်မှ ယုန်ကလေးက ဘယ်လိုလွတ်နိုင်ပါ့မလဲ။
သူက စိတ်တိုင်းကျနမ်းပြီး ခဏလွှတ်လိုက်တော့ ကမာစိတ်ဆိုးစွာပြောသည်။
"အကိုကြီးဒါ ဘာလုပ်တာလဲ။"
သူက ပြုံးကာ ကမာ့လည်တိုင်များကိုပါ နမ်းပြန်သည်။
"မသိလို့မေးတာလား ကမာလေး။ နမ်းတာလေ။"
ကမာ အသံလည်းမထွက်ဝံ့ပေ။ တခန်းကျော်မှ မင်းသမီးယင်းယင်း ကြားမည်လည်းကြောက်သည်။
"အကိုကြီး မလုပ်ပါနဲ့။ တောင်းပန်ပါတယ်။"
"ဘာကိုတောင်းပန်တာလဲ ကမာလေး။"

"ဒီလိုမလုပ်ပါနဲ့။ မရီးတော်က မွေးခါနီးနေပြီ။ ဒီလိုအချိန် အကိုကြီးက ယောက်ျားကောင်းပီပီ ဇနီးအပေါ် သစ္စာရှိရမှာလေ။ "
တင်တက်ရင်က ကမာ့ ကိုယ်လေးထဲ လက်လျှိုကာပွတ်သပ်ရင်း အောက်ဆင်းသွားသဖြင့် ကမာ သူ့လက်ကို အတင်းတားကာ ပြောလိုက်သည်။
"ကိုယ်က ဘာလုပ်နေလို့လဲ။ ဆောင်ကြာမြိုင်သွားပြီး ပျော်ပါးနေလို့လား။ ပြောလေ."
သူက သိသိကြိးနှင့် ဆိုးသောအခါ ကမာ စိတ်ညစ်လာသည်။

"အကိုကြီးနော်။ မလုပ်ပါနဲ့လို့။ တော်ပြီ။ မလုပ်ပါ နဲ့...။ အခုလိုနေတာ သစ္စာဖောက်တာပဲ။"

ကမာ ရုန်းရင်းပြောသည်။ သူက ရပ်မည့်ပုံမပေါ်ပေ။ ထို့ကြောင့် ကမာ ပြောလိုက်သည်။

"အကိုကြိးက ကျွန်တော့်ကို အတင်းအကျပ်မယူဘူးဆို။ အခု လွှတ်ပေးပါ။."

"ကမာ ကိုယ့်ကို ခါးခါးသီးသီးဖြစ်လို့ ရုန်းတာမှ မဟုတ်တာ။ ကိုယ့်ကို ချစ်လျက်နဲ့ကွာ။ မရုန်းပါနဲ့။ ကိုယ် ကမာ့ကို လွမ်းသမျှ အတိုးချဖက်ပါရစေ။ နမ်းပါရစေ။ ချစ်ပါရစေ။"

ကမာ မျက်ရည်ဝဲလာပြန်သည်။ ပြောပြန်ပြိ။ ချစ်သည့် အကြောင်း။ မိဖုရားရှိလျက်နှင့် ချစ်သည်ဟု ပြောသည်က မိမိကို စော်ကားနေသလိုခံစားရသည်။ ပြီးတော့ သူ့မိဖုရားက ကိုယ်ဝန်နှင့် မွေးခါနီး။ မိမိကို ချောင်ပိတ်ကာ အတင်းအရယူရန်ကြိုးစားနေသည်။ ကမာ မျက်ရည်ကျလာပြန်သဖြင့် သူက သက်ပြင်းရှိုက်ကာ လွှတ်ပေးပြီး ကမာ့ လက်ကို ဆွဲကာ ထိုင်ခုံပေါ်ထိုင်စေပြီး သူက ကမာ့ရှေ့တွင် ဒူးထောက်ကာ ချော့သည်။

"တောင်းပန်ပါတယ်။ ကိုယ့်ကြောင့်ကမာ ငိုရပြန်ပြီ။ ကိုယ်က မိန်းမကွယ်ရာမှ ဖောက်ပြန်ချင်လို့ ကမာ့ကို ဒီလိုဆက်ဆံတာ မဟုတ်ပါဘူး။ အကိုကြီးက ကမာလေးရဲ့ အသွေးအသားတွေကို ရယူချင်ရုံမဟုတ်ဘူး။ ကမာ့ကို ချစ်လို့။ တသက်လုံးအတူနေဖို့။ ကိုယ့်အချစ်တွေနဲ့ တသက်လုံးေ အေးချမ်းတဲ့ တိုင်းပြည်မှ ဘုရင်အဖြစ်တင်မြှောက်ပေးချင်လို့ ကိုယ်အခု ကြိုးစားနေတာပါ။ ကဲ ..ခဏလေးနော်။ ကိုယ် ကမာ့အတွက်လက်ဆောင်ယူလာပေးမယ်။"

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Nơi câu chuyện tồn tại. Hãy khám phá bây giờ