မုန်တိုင်းများ၏အရှင်သခင်အပိုင်း (၁)

31.3K 1.1K 25
                                    

မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၁)

မွန်ဂိုပြည်၏ မဟာစစ်သူကြီးတင်တက်ရင်သည် မင်းကြီးတေးဟာခန်၏ အမိန့်ဖြင့် တာတာတို့ ကျူးကျော်ဝင်ရောက်လာသော မွန်ဂိုအင်ပါယာ၏ အနောက်တောင်ဒေသကို စစ်ချီကာ ကျူးကျော်သူ များကိုတိုက်ထုတ်နေသည်။ စစ်ဦးဘီလူးဆိုသလို တွေ့သမျှတာတာများကို အမြစ်ဖြုတ်သုတ်သင် ကာ လာခဲ့ရာ မွန်ဂိုအင်ပါယာ၏ အနောက်တောင်စွန်းဒေသသို့တိုင် ရောက်ရှိလာခဲ့သည်။

အနောက်ဘက်တခွင်တွင် စစ်သူကြီးတင်တက်ရင်၏ အမည်ကို လူတိုင်းဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ကြသည်။ ကလေးကအစ၊ ခွေးကအစ တင်တက်ရင်၏ စစ်တပ်လာပြီဆိုလျှင် အသံ တစ်သံမှ မထွက်ဝံ့ကြပေ။ အဲ့ဒီလောက်ထိ တင်တက်ရင်၏ စစ်တပ်က နာမည်ကြီးပြီး မီးသေသည်။
ရက်စက်လှပါသည်ဆိုသည့် တာတာစစ်သားများကို ရက်ရက်စက်စက်နှိပ်ကွပ်သည်။ တာတာများနှင့် အဆက်အသွယ်ရှိသည့် ရွာများဆိုလျှင် တစ်ရွာလုံသတ်ကာ မီးရှို့ဖျက်ဆီးပစ်လိုက်သည်။

၆လတာ နယ်စပ်တွင် တပ်စွဲကာ တာတာများကိုရှင်းလာလိုက်တာ နောက်ဆုံးတာတာစစ်သည်သည် နှင်းများဖြင့်ဖုံးနေသော အနောက်တောင်မှ ရေခဲတောင်များဘက်မှ နှင်းမြို့တော်ကို ဖျက်ဆီးကာ လုယက်လာသည် ဆိုသည့် သတင်းကို ရသည်နှင့် တင်တက်ရင်သည် တပ်ကိုချီကာ တာတာတပ်မ ကြီးကို သုတ်သင်ရန် အပြင်းချီလာခဲ့သည်။

သေမင်းတောင်ကြားဟု အမည်တွင်သည့် တောင်ကြားတွင်စောင့်ဆိုင်းကာ တာတာတပ်မကြီးကို စောင့်ကြိုနေသည်။ တာတာတပ်မကြီးသည် ချမ်းသာကြွယ်ဝသည့် နှင်းမြို့တော်ကို လုယက်ဖျက်ဆီး ပြီး ရလာသည့် ရတနာများ၊ အသုံးအဆောင်များ၊ ထို့အပြင် ငယ်ရွယ်နုပျိုသည့် မိန်းကလေး၊ ယောက်ျားလေးများစွာကို အနောက်ဘက် ပါရှားပြည်တွင် ကျွန်အဖြစ်ရောင်းချရန် သံကြိုးခတ်ကာ ခေါ်ဆောင်လာကြသည်။ နှင်းမြို့တော်တွင် သက်ကြီးရွယ်အိုများနှုင့် နို့စို့ကလေးများကို အားလုံး အမြစ်ဖြုတ်သတ်ဖြတ်ခဲ့ ကြပြီး ရောင်းစားလို့ရသည့် လူငယ်လေးများကို သာရွေးခေါ်ခဲ့ကြသည်။ ဒါတောင် လမ်းတလျှောက်လုံး ကျွဲနွားလို ခေါ်လာသဖြင့် ခရီးပန်းသည့်ဒဏ်၊ လမ်းတလျှောက် ရက်ရက် စက်စက် နှိပ်စက်လာသည့် ဒဏ်ကြောင့် လူငယ်တစ်ဝက်လောက် သေကြေခဲ့ကြသည်။

မွန်ဂိုတပ်များ စောင့်ဆိုင်းနေသည့် တောင်ကြားဒေသကို အေးအေးဆေးဆေး အပူအပင်မရှိဖြတ် သန်း မိချိန်တွင် မြှားမိုးရွာချခြင်းခံလိုက်ရသည်။ မြင်းပေါ်မှ တာတာစစ်သည်များကလည်း မြှားဖြင့် ပြန်လည်ပစ်သော်လည်း အပေါ်စီးမှ နှစ်ဖက်ပိတ်ညှပ်ကာ မြှားမိုးရွာသည့်ဒဏ်ကြောင့် တာတာ စစ်တပ် ကစင့်ကလျားဖြစ်ကာ နှစ်ပိုင်း ကွဲသွားသည်။ ကြိုတင်စီစဉ်သည့်အတိုင်း နှစ်ဖွဲ့လုံးကို မွန်ဂို လက်မရွ့တပ်ဖွဲ့ က ရက်ရက်စက်စက်အမြစ်ပြုတ် အသေသတ်တော့သည်။ လက်နက်ချသည့် တာတာ များကိုလည်း အရှင်မထားပေ။

"သုံ့ပန်းထိန်းဖို့ အချိန်မပေးနိုင်ဘူး။ တစ်ခါတည်း အပြတ်ရှင်းခဲ့။"
စစ်သေနာပတိ၏ အမိန့်ဖြင့် ထိုနေရာတွင် တာတာများ၏ အသေကောင်များဖြင့် မည်းသွားသည်။ သွေးညှီနံ့တို့ဖုံးလွှမ်းနေသည့် စစ်မြေပြင်သည် ညနေစောင်းသည်နှင့် ပြန်လည်တိတ်ဆိတ် သွားသည်။

"အရှင် ...တာတာတို့ ခေါ်ဆောင်လာတဲ့ သုံ့ပန်းတွေကို ဘယ်လိုလုပ်ရမလဲ။"

လက်ထောက်စစ်သူကြီးလာမေးသောအခါ အနားယူနေသော တင်တက်ရင် ခဏစဉ်းစားကာ
"ပြန်လွှတ်လိုက်ကွာ။ သူတို့တိုင်းပြည်ကို ပြန်ပါစေ။ နှင်းမြို့တော်သားလေးတွေ မဟုတ်လား။ သူတို့ကို ငါတို့ခေါ်သွားရင်လည်း လမ်းခရီးက အရှည်ကြီးကျန်သေးတယ်။ သူတို့တိုင်းပြည်ကို ပြန်ပါစေ။ ယုန်ကလေးတွေလို အပြစ်မရှိတဲ့သူတွေပါ။ တာတာတွေလုလာတဲ့ ရတနာတွေသာ အားလုံးသိမ်းခဲ့လိုက်။"

လက်ထောက်က အရိုအသေပေးကာ ပြန်ထွက်သွားသည်။ နှင်းမြို့တော်သားအားလုံး မွန်ဂိုစစ်သူကြီး ကို အရိုအသေပေးကာ မိမိတို့တိုင်းပြည်ရှိရာသို့ ပြန်လှည့်သွားကြသည်။ နှင်းကဲ့သို့ ဖြူဆွတ်သော အသားအရေကို ပိုင်ဆိုင်ထားပြီး ထူးထူးခြားခြား ချောမွေ့လှပသောလူငယ်လေးများကို တင်တက်ရင် ပြန်လွှတ်လိုက်သည်ကို စစ်သည်တော်တချို့ နှမျှေတသစွာ ကြည့်နေကြသည်။ သူတို့ကို လိုချင် သော် လည်း စစ်သူကြီး စိတ်ကောင်းဝင်နေချိန်မို့ ပြန်လွှတ်လိုက်သည်ကို စောဒက မတက်ရဲကြပေ။

မွန်ဂိုစစ်တပ်ကြီးသည် မင်းကြီးအတွက် လက်ဆောင်ပဏ္ဏာများဆက်သရန် ရတနာများသာ အဓိက သယ်ကြသည်။ နောက်တနေ့တွင် တင်တက်ရင်ဦးဆောင်သည့် မွန်ဂိုတပ်ကြီးသည် မိမိတို့စစ်တပ် အခြေချသည့် နေရာသို့ထွက်ခွာခဲ့ကြသည်။ စစ်စခန်းသို့ရောက်မှ တာတာတို့ တိုက်ရာပါပစ္စည်းကို သေချာစစ်ဆေးကြည့်သောအခါမှ တာတာစစ်သူကြီး၏လှည်းထဲမှ ရတနာများကြားတွင် သတိလစ် နေသော မိန်းကလေးတစ်ဦးကို တွေ့လိုက်သဖြင့် တင်တက်ရင် အံ့အားသင့်သွားသည်။

မိန်းကလေးက ပိုးထည်များ၊ ရတနာများကြား ကြိုးတုပ်ကာ ပါးစပ်ကို အ၀တ်စည်းထားခြင်းခံရသော ကြောင့် အသံမထွက်နိုင်သဖြင့် မိမိ၏ စစ်သည်များကလည်း မသိလိုက်တာဖြစ်မည်။ မိန်းကလေးကို ပွေ့ချီကာ မိမိတဲထဲသို့ ပွေ့ချလာပြီး သမားတော်ကို စစ်ဆေးခိုင်းသည်။ သူမအ၀တ်များက အထက်တန်းကျသဖြင့် နှင်းမြို့တော် ၏ တော်ဝင်မျိုးနွယ်မှဖြစ်ဟန်တူသည်။

တင်တက်ရင်သည် ကျန်သည့် ရတနာများကို စစ်ဆေးပြီး အမျိုးအစားခွဲကာ စာရင်းအတိအကျဖြင့် ထုပ်ပိုးထားသည့်နေရာတွင် ကွပ်ကဲနေစဉ် သမားတော် ရောက်လာသည်။

"အရှင်စစ်သူကြီး.."
သမားတော်၏ မျက်နှာရိပ်ကြောင့် တင်တက်ရင် အလုပ်ကို တပည့်တစ်ဦးနှင့်လွဲကာ အပြင်ထွက်လာ ခဲ့သည်။

"ကောင်မလေး သတိရပြီလား။"

သမားတော်က အရိုအသေပေးကာ ပတ်ဝန်းကျင်းကိုလှည့်ကြည့်ပြီးမှ တိုးတိုးလေးပြောလိုက်သည်။

"ကောင်လေးပါ အရှင်။"

"ဘာ... မဖြစ်နိုင်တာ။ မိန်းကလေး အ၀တ်ဝတ်ထားတယ်မဟုတ်လား။"

"ကျွန်တော်မျိုးစမ်းကြည့်ပြီးပါပြီ။ ယောက်ျားလေးပါ အရှင်။ အခု ကောင်လေး သတိရနေပါပြီ။"

တင်တက်ရင် ခေါင်းငြိမ့်ကာ သမားတော်ဖြင့် မိမိတဲနန်းသို့ပြန်လာခဲ့သည်။
တဲနန်းထဲတွင် သမားတော်လက်ထောက်လေးများက ထိုကောင်လေးကို သန့်ရှင်းပေးကာ အ၀တ် အစားလဲပေးထားသည်။

လက်ထောက်သမားတော်လေးများက တင်တက်၇င်ကို တွေ့သော အားလုံးကြမ်းပြင်ပေါ် ဒူးတုပ်ကာ အရိုအသေပေးကြသည်။ ယောကျာ်းလေး အ၀တ်လဲထားသော ကောင်လေးကလည်း သူတို့လုပက်သလို ဒူးတုပ်အရိုအသေပေးသောအခါ အားနည်းနေသဖြင့် လဲကျသွားသည်။ တင်တက်ရင်က ကောင်လေးကို ပွေ့ချီကာ ကုတင်ပေါ်တင်လိုက်ပြီး သေချာကြည့်လိုက်သည်။
အသက်တဆယ့်ငါးနှစ်ခန့်သာရှိသေးသည့် ကောင်လေးသည် အခုလိုဝတ်ထားသည့်တိုင် မိန်းကလေး တစ်ဦးထက်ပင်ချောမွေ့လှပလွန်းသည်။ မျက်တောင်ရှည်ရှည်ကော့ကော့များက နှင်းလိုဖြူစင်လွန်းလှသည့် အသားအရေဖြင့် ပနံရလွန်းလှသည်။ နက်မှောင်ဖြောင့်စင်းသော ဆံနွယ်ရှည်ရှည်ဖြောင့်ဖြောင့်များက ပုခုံးပေါ်တွင် ပျော့ပျောင်းစွာဖြာကျနေသည်။ နီမြန်းသော နူတ်ခမ်း၊ နှင်းဆီဖူးလိုနူတ်ခမ်း ။စင်ယော်တောင်မျက်ခုံး နှင့် သေးသွယ်ပျော့ပျောင်းသူလေးက ဘယ်လိုကြည့်ကြည့် တင်တက်ရင် မျက်လုံးထဲတွင် မိန်းကလေးလိုပဲ မြင်နေသည်။

"သူက တကယ် ယောက်ျားလေးမှ ဟုတ်ရဲ့လား။ မိန်းကလေးတွေထက်ကို လှလွန်းအားကြိးတယ်။"

သမားတော်က ရှင်းပြသည်။
"သူက နှင်းမြို့တော်က မင်းမျိုးမင်းနွယ်ထဲကပါတဲ့ အရှင်။ သူတို့ မိသားစုအားလုံးကို တာတာတွေ က သတ်ဖြတ်ပြီး မီးရှီု့သတ်လိုက်ကြတယ်။ သူ့ကိုတောင် တာတာစစ်သေနာပတိချုပ်က မျက်စေ့ကျ လို့ခေါ်ဆောင်လာတာလို့ပြောပါတယ်။ ကျန်တဲ့ နှင်းမြို့တော်သားတွေလည်း ကျွန်အဖြစ်ဖမ်းခေါ် လာတယ်လို့ပြောပါတယ်။"

တင်တက်ရင် မရှင်းသဖြင့်မေးလိုက်သည်။
"နေပါဦး ဟိုတာတာကောင်က သူ့ကို ဘာလို့သီးသန့်ချုပ်နှောင်ထားတာလဲ။ သူပါလာတာသိရင် ပြန်လွှတ်လိုက်ပါတယ်။"

သမားတော်က မျက်လွှာချကာ ဖြေလိုက်သည်။
"တာတာကောင်က ညပိုင်းသူ့ကို ဖျော်ဖြေဖို့ ခေါ်ထားတာလို့ပြောပါတယ်။ သူကိုယ်မှာလည်း ဒဏ်ရာတွေ အများကြီးကို ကျွန်တော်တို့ ဆေးကုထားပေးပါတယ် အရှင်"

တင်တက်ရင် မျက်ခုံးပင့်သွားသည်။ မိမိတို့မွန်ဂိုများတွင်တော့ ယောကျာ်းခြင်းပျော်ပါးတာ မရှိ သလောက်ရှားသည်။ မွန်ဂိုများကတော့ မိန်းမအစစ်များကိုသာ နှစ်သက်သည်။ တာတာများကတော့ အတော့်ကို အောက်တန်းကျပါလားဟုတွေးလိုက်မိသည်။

တင်တက်ရင်သည် နှင်းမြို့တော်စကားတတ်သည့် လက်ထောက်သမားတော်မှ တဆင့် သူလူများကို ပြန်လွှတ်ပေးကြောင်းပြောခိုင်းလိုက်သည်။ သူ့ဒဏ်ရာများသက်သာသည်နှင့် နှင်းမြို့တော်သို့ ပြန်လွှတ်ပေးမည်ဟု ပြောလိုက်သည်။ ကောင်လေးက တင်တက်ရင်ကို အရိုအသေပေးရင်း မျက်ရည်ကျသည်။ မျက်ရည်များပေလူးနေသည့် မျက်ဝန်းများက လှလွန်းသဖြင့် တင်တက်ရင်ပင် ရင်သတ်ရှုမောဖြစ်သွားသည်။ တာတာကောင်စိတ်မထိန်းနိုင်တာလည်း မလွန်ဘူးဟု တွေးလိုက် မိသည်။ ကောင်လေးက နတ်မိမယ်လေးလိုကို ချောမွေ့လွန်းလှသည်မဟုတ်လား။

"သူ့နာမည်ကို မေးလိုက်စမ်း။"

"ကမာအာဇမာန် ပါ အရှင်.."

"ကမာအာဇမာန်...ကမာ.. မင်းဘာမှမပူနဲ့။ မင်းဒဏ်ရာပျောက်သွားရင် မင်းပြည်ကိုပြန်လွှတ်ပေးမယ်။ "

တင်တက်ရင်ပြောလိုက်ပြီး သမားတော်ကို ဆေးကုပေးရန်ညွှန်ကြားလိုက်သည်။
"သူ့ကို သီးသန့်တဲနဲ့ထားလိုက်ပါ။ သူပျောက်တာနဲ့ ပြန်ပို့ပေးလိုက်မယ်။"

သမားတော်ကြီး ကနေရာစီစဉ်ပြီး ကမာကို တွဲခေါ်သွားကြသည်။သို့သော် ညရောက်သော် ပြဿနာပေါ်တော့သည်။ ကမာ၏တဲထဲသို့ ရဲမတ် ၂ ဦးဝင်ပြီး မတရားကျင့် ၇န်ကြံသဖြင့် ကမာက ငြင်းဆန်ရုန်းကန်ရင်း ကင်းလှည့်ရဲမတ်များက သိသွားပြီး တင်တက်ရင်ရှေ့သို့ရောက်လာခဲ့သည်။

ကမာ၏ မျက်နှာတွင် အရိုက်ခံထားရသဖြင့် နီရဲနေသည်၊ အ၀တ်များကလည်းစုတ်ပြဲလို့နေသည်။
ကြောက်လွန်းလို့ ကမာက တဆတ်ဆတ်တုန်နေသည်။ ရဲမတ် နှစ်ဦးကတော့ အရက်မူးပင်ပြေကာ ကြမ်းပေါ်တွင် ပြားပြားဝပ်နေသည်။

"ဘာဖြစ်တာလဲ..."

"ဒီ နှစ်ကောင်က သုံ့ပန်းကောင်လေးကို မတရားကျင့်ဖို့ကြံတုန်း မိလို့ပါ အရှင်..."

တင်တက်ရင် ကျားဟိန်းသလို အော်လိုက်ပြီး
"ငါ့ မျက်နှာကို မော့ကြည့်စမ်း။ ငါ့ လက်ရွေးစင်စစ်တပ်ကကောင်က တဏှာရူးတယ်ဆိုတာ ငါ မြင်ဖူးချင်လို့။ "

"ခွင့်လွှတ်ပါ အရှင်...ခွင့်လွှတ်ပါ။ ကျွန်တော်တို့ မိန်းမနဲ့ မတွေ့တာ ကြာသွားလို့ပါ။ ပြီးတော့ သူ့ မိန်းကလေး အောက်မေ့လို့ပါ။"
"ရင်သားမပါတာ သိတာတောင် မိန်းမအောက်မေ့တဲ့ကောင်တွေ။ ခေါ်သွားပြီး တစ်ခါတည်း ခေါင်းဖြတ်လိုက်တော့။ ပြီးတော့ မင်းတို့က ငါ့ကမျက်စိရှေ့မှာတင် ဒီလိုလုပ်ဝံ့တာ ငါ့ကွယ်ရာမှာ ဆိုရင် အဆ၁၀၀ ပိုဆိုးလိမ့်မယ်။ "မင

ရဲမတ် ၂ ဦးက တောင်းပန်လို့မရသည့် အဆုံး ဓါးထုတ်ကာ တင်တက်ရင်ကို ခုတ်ရန်ကြိုးစားစဉ် တင်တက်ရင်၏ မြန်ဆန်သောဓါးချက်ကြောင့် ထိုရဲမတ် ၂ ဦး ခေါင်းတစ်ခြားကိုယ်တခြားဖြစ် သွားသည်။
"ဒီ ၂ ကောင်ရဲ့ တပ်စုမှုးကို သွားခေါ်ပြီး ချုပ်ထား။ ငါ့ကို လုပ်ကြံဝံ့တဲ့အကောင်တွေက ဘယ်သူ့ သြဇာခံဆိုတာ မနက်ကျရင် ပေါ်အောင်ဖော်စမ်း။ သွား။ အသေကောင်တွေ ရှင်းသွား။ ငါ့ တပ်ထဲက သစ္စာဖောက် ဘယ်နှစ်ကောင်ရှိတယ်ဆိုတာ မနက်ကျရင် အားလုံးရှင်းမယ်။"

လက်ထောက်စစ်သူကြီးများက ညချင်းတွင်း အလုပ်များသွားတော့သည်။ တင်တက်ရင်သည် မိမိ ၀တ်ရုံကြီးကို ချွတ်ကာ ကမာ၏ ကိုယ်ကို ခြုံပေးကာ
"မင်း ကျုပ်ရဲ့ တဲမှာအိပ်မှဖြစ်တော့မယ်။"

ကမာ ကြောက်လန့်တကြားသူ့ကို မော့ကြည့်လိုက်စဉ် တင်တက်ရင် သက်ပြင်းရှိုက်ကာ

"စိတ်ချ။ကျုပ် မင်းကို လက်ဖျားနဲ့တောင် မထိဘူး။ စိတ်ချလက်ချအိပ်ပါ။ "

တင်တက်ရင်သည် ကမာကို ကလေးပမာပွေ့ချီကာ မိမိကုတင်ပေါ်တင်ပေးလိုက်သည်။
"အိပ်ပျော်အောင် အိပ်လိုက်။ ကျုပ်ဒီည အလုပ်များနေမှာ။ တဲကို ပြန်လာမှာမဟုတ်ဘူး။ လိုတာရှိရင် အပေါက်ဝက ရဲမတ်ကိုပြောလိုက်။ "

ကမာ ဘာမှပြန်မပြောနိုင်ခင် မွန်ဂိုစစ်သူကြိီးက တဲနန်းထဲမှ ထွက်သွားတော့သည်။
ကမာသည် ခုတင်ပေါ်တွင် စောင်အောက်တွင် တိတ်တိတ်လေး ခိုးကာ ငိုကြွေးနေမိသည်။ တကယ်တော့ ကမာက နှင်းမြို့တော်ကို အုပ်ချုပ်သည့် နယ်စား၏ သားအငယ်ဆုံးဖြစ်သည်။ တာတာများ မိမိတို့မြို့ကိုဝင်တိုက်ပြီး မိမိမိဘများ၊ ဆွေမျိုးများ ညီအစ်ကိုများကိုသတ်ဖြတ်သည်ကို မျက်ဝါးထင်ထင်မြင်ခဲ့ရသည်။

တာတာလူရိုင်းများက မိမိအပါအ၀င်လူငယ်များစွာကို ဖမ်းဆီးကာ ရောင်းစား၇န်ခေါ်ဆောင်လာခဲ့ ကြသည်။ သို့သော် မိမိ၏လှပသောရုပ်ရည်ကြောင့် တာတာတပ်မှူးကြီး၏ သိမ်းပိုက်ခြင်းကိုခံခဲ့ရ သည်။
မွန်ဂိုတပ်များ ၀င်တိုက်ချိန်တွင် တာတာ စစ်သူကြီးလက်ချက်ဖြင့် မိမိမေ့မျောကာ ရထားလုံးထဲ ရတနာများဖြင့်ကြိုးတုပ်ခံထားရသဖြင့် ပြန်လွှတ်သည့်အဖွဲ့နှင့်မပါသွားခဲ့ပေ။ မွန်ဂိုစစ်သူကြီးကပြန် လွှတ်မည်ဆိုသဖြင့် ၀မ်းသာမည်မှ မကြံသေး ရမ္မက်ဘီလူးစီးနေသည့် ရဲမတ် ၂ ဦးကြောင့် ကမာ ကြောက်လန့်တကြားရုန်းကန်အော်ဟစ်ကာ နောက်ဆုံး မွန်ဂိုတပ်၏ အကြီးဆုံးစစ်သူကြီး၏ တဲသို့ ရောက်ခဲ့ရသည်။

မိမိကို အနိင်ကျင့်သည့် တာတာလူရိုင်းကြီးလိုများ မိမိအသွေးအသားကိုများယူဦးမည်လားဟု ကြောက်လန့်နေသော်လည်း စစ်သူကြီးက အပြတ်ပြောကာ အပြင်သို့ထွက်သွားခဲ့သည်။ ထိုည ကမာ တထိတ်ထိတ်နှင့် အိပ်ပျော်သွားသည်။

"ကောင်လေး...ထတော့ နေ့လည်စာ စားချိန်ရောက်နေပြီ။"

ကမာ သူ့အသံကြောင့် အမြန်လူးလဲထလိုက်သည်။ စကားကို နားမလည်သောလည်း သူဆိုလိုသည်ကို သိလိုက်ကာ မိမိအိပ်ယာထနောက်ကျသည်ကို တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ် ခင်ဗျာ။ ကျွန်တော်..."

သူက ကမာဆိုလိုသည်ကို သဘောပေါက်ဟန်ဖြင့် လက်ယမ်းပြလိုက်စဉ် နင်းမြို့တော်စကားကို နားလည်သည် လက်ထောက်သမားတော်လေးက ဘာသာပြန်ပေးကာ ကမာကိုတွဲကာ ကိုယ်လက် သန့်စင်ရန် ကူညီပေးသည်။ သမားတော်လေး ပြောစကားအရ ညက သစ္စာဖောက်ရဲမတ် များ၏ အပေါင်းအပါများကို စစ်သူကြီးကိုယ်တိုင်ဖော်ထုတ်နေသည်တဲ့။

"အားလုံး ၁၀ ယောက်ရှိတယ်။ သူတို့တွေကို အရှင်က သေဒဏ်ချလိုက်ပြီ။ လာ မြန်မြန်လေးသွား ရအောင်။ သခင်လေးကို အရှင်ကစောင့်နေတယ်။ နောက်နေ့ ဒဏ်၇ာပျောက်ရင် ပြန်ပို့်ပေးတော့မယ်တဲ့။"

"ကျွန်တော်တို့ စကားကိုဘယ်လိုတတ်တာလဲဗျ"

"ကျွန်တော့် အဖေက ငယ်ငယ်က နှင်းမြို့တော်မှာနေခဲ့ဖူးတယ်။ ဖေဖေ့ဆီက သင်ထားလို့ သိနေ တာပါ။ ဖေဖေပြောတာ တကယ်မှန်တာပဲ။ နှင်းမြို့တော်သားအစစ်တွေက ဘုံကြိုးပြတ်တဲ့ နတ်သား၊ နတ်သမီးတွေလိုကို လှတယ်ဆိုတာ။ ကျွန်တော် လက်တွေ့မှပဲ ယုံတော့မယ်။ သခင်လေး က ကျွန်တော်မြင်ဖူးသမျှ မိန်းကလေးတွေထက်ကိုလှတယ်။ "

~ ဆက်ရန်

မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)Donde viven las historias. Descúbrelo ahora