မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၃၃)
"မင်း ကိုယ်တော့်ကို မုန်းနေမှာလို့ထင်ထားခဲ့တာ ကမာ။ မင်းက အရမ်းကို စိတ်ကောင်းရှိတာပဲ နော်။ မင်းရဲ့ အချစ်ကို ရထားတဲ့အကိုတွေက အရမ်းကို ကံကောင်းတာပဲ။ နောင်ဘ၀များရှိရင် ကိုယ်တော်လေ မင်းအချစ်ကို ပိုင်ဆိုင်ခွင့်ရတဲ့သူဖြစ်ပါစေလို့ဆုတောင်းတယ် သိလား။"
ကမာသည် မင်းကြီး၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။
"ကျွန်တော်မျိုးကမင်းကြီးအချစ်ကို ရထားတာ ပိုပြီးကံကောင်းတာပါ။ မင်းကြီး စားပြိီးရင် ဆေးသောက်လိုက်နော်။ "
"ကိုယ်တော် အရက်သောက်ချင်တယ် ကမာလေး။"
"မသောက်ပါနဲ့ဦး မင်းကြီးရယ်။ နောက်နေ့မှ သောက်ပါနော်။ မင်းကြီးပိုပြီးသက်သာစေချင်လို့ပါ။"
တေးဟာခန်က ကမာလေး၏ စကားကိုမပယ်ရက်သဖြင့် ဆေးသောက်ကာ အိပ်သွားသည်။ ကမာလည်း မင်းကြီးဘေးတွင် လှဲရင်းအိပ်ပျော်သွားတော့သည်။ အကိုကြီး မိမိကို တနေ့လုံး မတွေ့သဖြင့် မျှော်နေမည်ကို သိသော်လည်း သွားမတွေ့ရန် ဆုံးဖြတ်လိုက်သည်။ မင်းကြီးသိသွား လျှင် မဖြစ်သင့်တာတွေ ဖြစ်ကုန်လိမ့်မည်။
တင်တင်ရင်သည် ကမာ့ကို တနေ့လုံးမျှော်နေသည်။ နေ့လည်ပိုင်းတွင် ဥယျာဉ်ထဲတွင် မင်းကြီး ပန်းချီဆွဲသည်ကိုကိုယ်ဟန်ပြပေးသည်ဟု ကြားတော့ ခြုံအကွယ်မှ အသာချောင်းကြည့်လိုက်တော့ မိုးပြာရောင် အ၀တ်ကို ပုခုံးသားများပေါ်အောင် ဆွဲချထားကာ ကောင်းကင်းကို မော့ငေးနေသော ကပိုကရိုပုံနှင့် ကမာ့ပုံလေးကို တွေ့လိုက်သောအခါ တင်တက်ရင် ရင်ထဲဒိန်းခနဲဖြစ်သွားတော့သည်။
နေရောင်အောက်တွင် ကောင်းကင်ဘုံမှသက်ဆင်းလာသော လှပသော နတ်သားလေးက နတ်ပြည်ကို တမ်းတမျှော်ငေးဟန်က တင်တက်ရင်ကို သနားချစ်စိတ်ကို ဒီရေလို တိုးလာစေသည်။
"ချစ်တယ်ကမာရယ်။ မင်းကို သိပ်ချစ်တယ်။"
တင်တက်ရင် ရင်ထဲ တုန်ဟီးအောင် အော်ဟစ်နေမိသည်။ လက်တွေ့တွင် အသံတချက် မထွက်ဝံ့သော ဘ၀ဖြစ်သည်။ မင်းကြီကို ကြည့်လိုက်တော့ အရမ်းကိုဈာန်ဝင်စားနေသည်။ ကမာလေး က ညောင်းညာနေသည့်တိုင် တချက်မှမလှုပ်ပဲ နေပေးသည်ကို ကြည့်ကာ သနားလာမိသည်။ ထို့ကြောင့် သမားတော်ကို ခေါ်ကာ မင်းကြီး၏ ကျန်းမာရေးကိုအကြောင်းပြပြီး ရပ်ခိုင်းရန်ပြောလိုက်သည်။
"မင်းကြီးကို မလျှောက်တင်ရဲဘူး စစ်သူကြီး။"
"မိဖုရားကို မြင်အောင် မျက်နှာရိပ်ပြလိုက်။ မိဖုရားပြောရင် မင်းကြီးနားလိမ့်မယ်။ မင်းကြီးကျန်းမာရေး ပိုဆိုးလာရင် သမားတော်ကြီးကို အမတ်ချုပ်ကြီးက အပြစ်ပေးလိမ့်မယ်။"
သမားတော်ကြီးက တင်တက်ရင်၏ စကားကြောင့် ကြောက်ကြောက်နှင့် ကမာလေးကို သွားပြီး အရိပ်အခြေပြလိုက်သည်။ ကမာအသံပြုလိုက်မှ မင်းကြီးနားတော့သည်။ မင်းကြီးနှင့်ကမာ ပြုံးပျော် ကာ ပူးကပ်နေသည်ကို မကြည့်နိုင်သဖြင့် တင်တက်ရင် ရှောင်ထွက်လာခဲ့သည်။
ထိုနေ့ည ကမာလာမလားဟု တင်တက်ရင်မျှော်နေသော်လည်း ကမာပေါ်မလာခဲ့ပေ။ တညလုံး တင်တက်ရင် စောင့်နေခဲ့သည်။ အာရုံတက်ချိန်အထိစောင့်ပြီးမှ အိပ်ပျော်သွားတော့သည်။
နေ့ခင်းတွင်လည်း ကမာက မင်းကြီးအနားတွင်သာ ကပ်နေသည်။ ဥယျာဉ်ထဲ ပန်းချီဆွဲခံနေသည့် ပုံကိုကြည့်ရင်း တင်တက်ရင် သက်ပြင်းသာ အကြိမ်ကြိမ်ချမိသည်။ မင်းကြီးက ကမာ့ကို မည်မျှ စုံမက် သည်ကို သိသော်လည်း မိမိကလည်း အသက်ထက်ပင် မြတ်နိုးနေမိပြီးဖြစ်လို့ မင်းကြီးနှင့် ကမာ တူယှဉ်တွဲပျော်ရွှင်နေသည်ကို ဘယ်လိုမှ အောင့်အီးကာ မကြည့်နိုင်တော့ပေ။
တင်တက်ရင်သည် ကမာနှင့်မတွေ့ရတာ ၃ ရက်ကြာတော့ ဘယ်လိုမှ မနေနိုင်တော့ပါ။ အိမ်မြောင် အမြီးပြတ်သည့်နှယ် ဖျတ်ဖျတ်လူးနေတော့သည်။ တေးဟာခန်တို့အတွက် နယ်ခံနယ်စားက ဒေသခံ အကများဖြင့် ဖျော်ဖြေပွဲလုပ်ပေးသည်။ ထိုပွဲအတွက် ကမာအဆောင်တွင်ပြင်ဆင်နေစဉ် ကြေးမုံပြင် ထဲမှ ပေါ်လာသောအ၇ိပ်ကြောင့် ရင်ထိတ်သွားသည်။
အကိုကြီးက တမ်းတစွာ၊ လွမ်းဆွတ်စွာကြည့်နေပုံက ကမာ့ကို ကြက်သီးမွေးညှင်းထသွားစေသည်။ အဆောင် အပြင်တွင် အစေတော်များ၊ ရဲမတ်များစွာရှိနေသည်။ မတော် မင်းကြီးထံ သတင်းရောက် သွားလျှင်ဟု တွေးမိရုံနှင့် ကမာ အလန့်တကြားလေးဖြစ်သွားသည်။
"အကိုကြီး...ဘယ်လိုလုပ်ဝင်လာတာလဲ။"
တင်တက်ရင်က ကမာ့ကိုယ်လေးကို ကျစ်ကျစ်ပါအောင်ဖက်ကာ ပါးလေးကို ဖွဖွနမ်းပြီးပြော လိုက်သည်။
"သစ်ပင်ပေါ်ကပေါ့။ ကမာလေးက အကိုကြီးဆီမလာတော့ အကိုကြီးရောက်အောင် လာခဲ့တာ။ လွမ်းတယ် ကမာလေးရယ်။"
ကမာသည် သူ့ကို တွန်းကာ လူချင်းခွာလိုက်ပြီး သူ့ကို ပြောလိုက်သည်။
"အပြင်မှာ လူတွေနဲ့ အကိုကြီး ။ မင်းကြီးတွေ့သွားလိမ့်မယ်။ ပြန်တော့နော်။"
"မပြန်နိုင်ဘူး။ သေချင်သေတော့။ ကိုယ်ကမာ့ကို အရမ်းလွမ်းနေပြီ။"
သူက ခေါင်းမာစွာဆိုသည်။ သူ့အကြောင်းသိသူပီပီ ကမာစိုးရိမ်သွားသည်။ စိတ်လိုက်မာန်ပါ လုပ်လို့ မဖြစ်ပေ။ မင်းကြီး မိမိကို စောင့်နေသည်။ ကြာသွားလို့ လိုက်လာလျှင် ခက်တော့မည်။
"အကိုကြီး သွားပါတော့။ ကပွဲတစ်ဝက်မှာ စာကြည့်ခန်းဘက်ကို လာခဲ့မယ်။ အကိုကြီးစောင့်နေနော်။"
တင်တက်ရင်ကျေနပ်သွားသည်။ ကမာ့ကို နမ်းကာ ပြတင်းပေါက်မှ တဆင့်ပြန်ထွက်သွားသည်။ ကမာ ကတုန်ကယင်ဖြင့် လည်ဆွဲကို ၀တ်နေခိုက် မင်းကြီးဝင်လာခဲ့သည်။
"ကမာလေး ကြာနေလို့။ ကိုယ်တော် ဘာကူပေးရမလဲ။"
ကမာ ဘုရားတလိုက်မိသည်။ တော်သေးသည်။ ကပ်လွဲလေးမို့။ ကမာ မင်းကြီးကို ဟန်မပျက်ပြော လိုက်သည်။
"လည်ဆွဲတပ်လို့မရလို့ပါ မင်းကြီး။"
"လာ ကိုယ်တော်တပ်ပေးမယ်။ "
မင်းကြီးလည်ဆွဲ ၀တ်ပေးပြီး ကမာ၏ လည်ဂုတ်လေးကိုနမ်းကာ
"အား....မွှေးနေတာပဲ။ ကပွဲတောင် သွားမကြည့်ချင်တော့ဘူး။ ကမာလေးကို ချစ်ချင်လာပြီ။"
ကမာက မင်းကြီးကို တောင်းပန်ဟန်ဖြင့်ကြည့်ကာ ချော့လိုက်သည်။
"မင်းကြီးကလည်း။ ညမှ ချစ်ပါနော်။ ကမာ ဒေသခံ အကတွေကြည့်ချင်လို့ပါ နော် "
တေးဟာခန်က ကမာ့တောင်းဆိုချက်ကို မလွန်ဆန်နိုင်သဖြင့် လက်တွဲကာ ထွက်လာခဲ့သည်။
ကမာ သက်ပြင်းချလိုက်မိသည်။ ပွဲတွင် မင်းကြီးလည်း အကတွင် နစ်ဝင်သွားသည်။ ကမာကတော့ အကကို သေချာအာရုံစိုက်မကြည့်နိုင်ပါ။
အကိုကြီး နှင့်ချိန်းထားသည့် နေရာကို ဘယ်လိုသွားရမလဲ ဟု တွေးနေမိသည်။ ပွဲတစ်ဝက် ခန့်ရောက်သော် ဘီလူးမျက်နှာဖုံးတပ်ထားသည့် စစ်ချီအက လာသောအခါ မင်းကြီး အရမ်း သဘောကျသွားသည်။
ကမာ မင်းကြီးကို ခွင့်တောင်းလိုက်သည်။
"မင်းကြီ. ကျွန်တော်မျိုး သန့်စင်ခန်းသွားပါရစေ။ ဗိုက်နာလာလို့ပါ။"
"အင်း...အင်း..."
တေးဟာခန်က ကမာကို ခေါင်းငြိမ့်ကာ ခွင့်ပြုလိုက်တော့ ကမာ ကပျာကယာထွက်လာခဲ့သည်။ ပါလာသော အစေတော် ကုန်းကုန်းကို သန့်စင်ခန်းနားမရောက်ခင်စောင့်ခိုင်းထားပြီး သန့်စင်ခန်း ပြတင်းတံခါးမှ ကျော်ထွက်ကာ စာကြည့်ခန်းသို့အမြန်လာခဲ့သည်။
စာကြည့်ခန်းထဲဝင်လိုက်သည်နှင့် တင်တက်ရင်က ကမာကို ဆီးကြိုပွေ့ဖက်ကာ အတင်းနမ်းတော့ သည်။
"လွမ်းတယ် ကမာလေး။ အရမ်းလွမ်းတယ်။ ဘာ လို့ သုံးရက်တောင် ပစ်ထားရတာလဲ။"
ကမာ အကိုကြီး အနမ်းကိုရှောင်ကာ ပြောလိုက်သည်။
"အကိုကြီး အရမ်းမနမ်းပါနဲ့။ လိမ်းထားတာ ပျက်ကုန်ရင် မင်းကြီးသံသယ၀င်သွားလိမ့်မယ်။ အခုတောင် မင်းကြီးစောင့် ကြည့်နေလို့ မလာခဲ့တာ။ ဟိုတနေ့က အကိုကြီးနမ်းလိုက်တဲ့အရာကို တွေ့လို့ ကမာ မနည်းပြောထားရတာ။"
တင်တက်ရင်သည် မကျေနပ်ခြင်းတစ်ဝက် ၊ စိုးရိမ်ခြင်းတစ်ဝက်ဖြင့် အံကြိတ်လိုက်သည်။
"ကိုယ့်ချစ်သူကို ဘယ်တော့မှ လွတ်လွတ်လပ်လပ်ချစ်ရမှာလဲ ။ ကိုယ်သည်းမခံနိုင်တော့ဘူး။"
ကမာ လန့်သွားသည်။
"ဟင့်အင်း ။ စိတ်လိုက်မာန်ပါ မလုပ်ရဘူးနော်။ ကျွန်တော်တို့လုပ်လိုက်ရင် မင်းကြီးက လူတွေ အများကြီး.ကိုလျှောက်သတ်လိမ့်မယ်။"
"ကိုယ် ကမာ့ကို မတွေ့ရ မနေနိုင်ဘူး။"
"အကိုကြီးရယ်။ ခဏသည်းခံပါ။ မင်းကြိီး သံသယကင်းသွားရင် ကမာ အကိုကြီးဆီလာခဲ့ပါ့မယ်"
"ကိုယ့်ကို ဘယ်တော့မှလိုက်လျောမှာလဲ ကမာလေး။"
ကမာ မျက်နှာရဲသွားပြန်သည်။ အကိုကြီး၏ နူတ်ခမ်းကို ဖွဖွနမ်းကာ
"အကိုကြိးရယ် အဲ့ဒါ နောက်မှ လိုက်လျောပါရစေနော်။ အခု ကမာက မင်းကြီးရဲ့ မိဖုရားဘ၀မှာပါ။ မင်းကြီးရဲ့ နောက်ကွယ်ကနေ အကိုကြီးနဲ့ မဖောက်ပြန်ချင်ဘူး။ အကိုကြီးကို လွတ်လပ်တဲ့ ဘ၀မှာပဲ အရာအားလုံးပေးချင်တာပါ။"
တင်တက်ရင်သည် ကမာလေး၏ စကားကြောင့် သက်ပြင်းချလိုက်ကာ တီးတိုးပြောလိုက်သည်။
"ချစ်သူလေးရဲ့ စကားမို့ အကိုကြီးမပယ်ရှားတော့ဘူးနော်။ ဒါပေမယ့် ကိုယ့်ကို အကြာကြီးတော့ ပစ်မထားပါနဲ့ကွယ်။"
ကမာ တတ်နိုင်သမျှ လာတွေ့နိုင်အောင်ကြိုးစားမည်ဟု ကတိပေးပြီး ပြန်ရန်ပြင်လိုက်သည်.
"ခဏလေး နေပါဥိးလား ကမာလေးရယ်။ တွေ့လို့တောင် မ၀သေးဘူး"
"ဟင့်အင်း အကိုကြီးရယ်။ မင်းကြီးရိပ်မိသွားလိမ့်မယ်။"
တင်တက်ရင် မလွှတ်ချင်လွှတ်ချင်ဖြင့်လွှတ်ပေးလိုက်တော့ ကမာလှစ်ခနဲပြေးထွက်သွားသည်။
ကမာလည်း အရိပ်အခြေကြည့်ကာ သန့်စင်ခန်းထဲ အမြန်ပြန်ဝင်ကာ အရှေ့ပေါက်မှ ထွက်လာခဲ့သည်။ အစေတော်က ကမာ ကြာနေလို့မေးလိုက်သည်။
"သခင်မ ကျွန်တော်မျိုးစိတ်ပူပြီးလိုက်လာတော့မလို့။"
"ရတယ်။ ၀မ်းနည်းနည်းချု့ပ်နေလို့ ။ လာသွားကြစို့.."
တေးဟာခန်ကို ကမာ သင့်သလိုဖြေကြားက ကပွဲကို ပြန်ကြည့်နေလိုက်သည်။ စစ်သူကြီးဝိုင်းဘက်ကို မျက်စိကစားလိုက်တော့ အကိုကြီးပြန်ရောက်နေလေပြီ။ ကမာ က သူ့အကြည့်ကို အသာရှောင်ကာ မင်းကြီးဘက်ကို လှည့်ကြည့်လိုက်သောအခါ မိမိကို ကြည့်နေသည်ကို တွေ့တော့ ရင်ထိတ်သွားသည်။ မင်းကြီးများရိပ်မိသွားပြီလားဟုတွေးလိုက်မိစဉ် မင်းကြီးက ပြောခဲ့သည်။
"စစ်သူကြီးက လုံခြုံရေးကို ကိုယ်တိုင်စစ်နေလို့ သွားခေါ်ခိုင်းထားရတယ်လေ။ "
ကမာ ဘာမှ မပြောပဲ ငြိမ်နေလိုက်သည်။ မင်းကြီး နည်းနည်းတော့ မင်္သကာဖြစ်နေသည်။ တေးဟာခန်သည် စစ်သူကြီးနှင့်အကြည့်ခြင်းဆုံသော်လည်း ကမာက ပြုံးမပြသဖြင့် စိတ်တော့ နည်းနည်းအေးသွားသည်။ သို့သော် ဘာကြောင့်မှန်းမသိပေ။ မိမိစိတ်ထဲတွင် ကမာက စစ်သူကြီးကို မိမိထက်ချစ်သည်ဟု ထင်လို့သာနေသည်။
စစ်သူကြီး၏အကြည့်ကလည်း ကမာကို အမြတ်တနိုးကြည့်လွန်းနေသောကြောင့်လားတော့ မသိပေ။
"အင်း.... စစ်သူကြီးကို သေချာသတိထားရမယ်။ မီးဆိုတာ မလောင်ခင်တားရမယ်။ သူတို့နှစ်ယောက် နိီးလို့ မဖြစ်ဘူး။"
တေးဟာခန်သည် ကမာ့လက်ကို ဆုပ်ကိုင်ကာ ဆုံးဖြတ်လိုက်သည်။ ကမာက တော့ ဘာမှ မသိပေ။ မင်းကြိးလက်ကို ပြန်ဆုပ်ကိုင်ကာ ပွဲခင်းကိုပြန်ကြည့်နေလိုက်သည်။ မိမိနှင့် အကိုကြီးကို မင်းကြီး အကဲခတ်နေသည်ကို သိတော့ အကိုကြီးဘက် လှည့်ပင် မကြည့်ရဲပေ။
"အကိုကြီးရေ ခက်တော့ခက်နေပြီ။ ကမာ မင်းကြီးနဲ့ အကိုကြီးကြား ဘယ်လိုဆက်လုပ်ရတော့မလဲ"
ကမာ ဘုရားတကာ စိတ်ထဲမှ ပြောနေမိသည်။
မုန်တိုင်းများ၏အရှင်သခင်
အပိုင်း (၂၅)
ကမာကိုတွေ့ချင်စိတ်ကို တင်တက်ရင် အတင်းချိုးနှိမ်ထားသော်လည်းတနေ့တနေ့ ကမာ့ကို သာမြင်ယောင်နေမိသည်။ ကမာ့ကို မြင်လိုက်မိသည်နှင့် ကမာ့အပေါ်ထားသည့်စိတ်များက ထိန်းမနိုင် သိမ်းမရထကြွလို့လာခဲ့သည်။ ကြာလျှင် မိမိထိန်းလို့ရတော့မည် မဟုတ်တော့ပေ။
တင်တက်ရင်သည် ကမာ့ရှေ့ကို တတ်နိုင်သလောက် မသွားရန် ဆုံးဖြတ်ထားသော်လည်း မင်းကြီးက တင်တက်ရင်ကို ခေါ်ကာကမာ့ကို မြှားပစ်လေ့ကျင့်ပေးရန်ပြောသည်။ တင်တက်ရင်
က ငြင်းချင်သည်က တဖက်၊ ၀မ်းသာသည်က တဖက်နှင့် လက်ခံလိုက်သည်။
တေးဟာခန်သည် တင်တက်ရင်နှင့် ကမာကို သံသယ၀င်သော်လည်း တမင်ကို သင်ခိုင်းလိုက်သည်။ ဒါမှ တင်တက်ရင်က ကမာ့အပေါ် ရိုးသားရဲ့လား ။ မရိုးသားဘူးလားဆိုတာကို မိမိသေချာသိနိုင်မည် ဖြစ်သည်။
~ ဆက်ရန်
ESTÁS LEYENDO
မုန်တိုင်းများ၏အရှင်သခင် Season - 1( Zawgyi+Unicode)
Ficción históricaZawgyi+Unicode Font ၂ မျိုးလုံးနဲ့ တင်ထားပါတယ်။ တာတာအရိုင်းစိုင်းများကြောင့် ပျက်သုဉ်းခဲ့ရတဲ့ နှင်းမြို့တော်။ တိုင်းပြည်နဲ့လူမျိုးကိုဆုံးရှုံးခဲ့ရတဲ့ နှင်းမြို့တော်က မင်းသားလေး ကမာအာဇမာန်ကို ကယ်တင်ခဲ့မိတဲ့ မွန်ဂိုပြည်ရဲ့ အကျော်အမော်စစ်သူကြီး တင်တက်ရ...