ကိုယ့်ထက်သာတဲ့ဘ၀မှာ နေနေရတဲ့သူမို့အမြဲအဆင်ပြေနေမယ်ပဲတွေးထားခဲ့တာ...
အဆင်မပြေဘူးဆိုရင်တောင် အဆင်ပြေအောင်လုပ်ပေးမယ့်သူတွေအနားမှာတပုံတပင်ရှိနေမှာပဲလို့ပဲထင်ထားခဲ့တာ ...
ကိုယ့်ထက်အဆင်ပြေစွာ ပျော်နေကြောင်းကိုယ့်ကိုကြွားစမ်းပါ..လူကြီးရာ
ကိုယ်ကမင်းအပြုံးတွေကိုပဲနှစ်ခြိုက်တာ
ပြုံးနေရင်ကျေနပ်တာ
တစ်ဖက်စောင်းနင်းပြီးမပျော်ရင်တောင် အဆင်ပြေနေရမယ်လို့ပဲတွေးမှာ...
ကိုယ့်ဘ၀ထက်တော့သာတယ်လေကွာ..
အသက်မဲ့တဲ့မျက်လုံးတွေလို တွေတွေငေးငေးတွေးရင်း ဦးတည်ချက်မဲ့သလိုဟန်ပါရုံ မနေပါနဲလားကလေးရယ်...
ဘယ်လိုနေလှည့်ပါလို့မပြောရပါဘူး...
မင်းမှအဲ့လိုချုပ်ခြယ်တဲ့စကားတွေမကြိုက်တတ်တာ ...
ပျော်နေစေချင်ရုံကလေးပါပဲ...မင်းအနားကသူတွေနဲ့