ဖြုန်းတီးလို့မဖြစ်တဲ့အရာတွေထဲမှာ မင်းပါးချိုင့်တွေနဲ့
ကိုယ့်အတိတ်တွေပါတယ်

နည်းနည်းစီဖဲ့ခြွေရင်းတောင် နှမြောရသလိုမျိုး

နောင်ဘဝတွေ ဘာညာ ရှည်ရှည်ဝေးဝေး ဆုတောင်းမနေ

ဒီဘဝတောင်မဆုံတာ..နောင်မှာပိုလို့ဝေးသေး

အေးဆေးပေါ့ ကိုယ့်လူ

အချိန်တန်တော့ ကိုယ့်လမ်းကိုယ်ပဲပေါ့

အချို့အချို့နဲ့ အများစုကတော့ ကိုယ်တန်ဖိုးထားရာကိုယ်စီတွေ့ကြမှာပဲ

ဒါပေမယ့် ကျွန်တော့်ကိုကျတော့ မတရားဘူးသိလား

အဲ့တာကိုတော့ ထပ်အထွန့်မတက်တော့ဘူး

သူတို့ညာတယ်....

ပျော်ရမှာပြောပြီး ကျွန်တော့်ကို တစ်သက်လုံး ခြွင်းချက်ဖြစ်အောင်ညာတယ်

လိမ်တယ်......

လူတိုင်းကိုယ်စီ ကံကောင်းတဲ့နေ့တော့ရှိလာမှာလို့
ရက်ရာဇာမှာ ပြိုကွဲအောင်ထိ လိမ်ခဲ့ပြီး
ကျွန်တော်ယုံခဲ့မိတယ်

ခုတော့...ကျွန်တော်လည်း...အပေါစားဆန်တဲ့တစ်သျူးထုပ်တွေလို....

ခင်ဗျားလက်ထဲ လိုလည်းလို ပေါလည်းပေါ
အချိန်မရွေးပစ်ချခံခဲ့ရသလို

ကိုယ်​တို့ဘယ်​​တော့မှမ​တွေ့ကြ​တော့ဘူး Where stories live. Discover now