နှလုံးသားတွေလည်း သေလို့
ဝိညာဉ်တွေလည်း အိမ်ပြန်ကုန်ကြပါပြီ
ကိုယ့်မှာသတိရစရာ တွယ်တာစရာဆိုလို့ မင်း
အပြင်မရှိတာကို မင်းကိုပါစွန့်လွှတ်လိုက်ဖို့တွန်းအားပေးကြတယ်..
ကိုယ့်မှာဘာများပိုင်ဆိုင်ထားပါသလဲ ...
ဘာမှမရှိတဲ့သူတစ်ယောက်ရဲ့အတွင်းစိတ်ထဲက
သိမ်ငယ်မှုဖြစ်ရမယ်...
ချစ်ရုံ လွမ်းရုံလေးအကြောင်းရေးဖွဲ့ပြီးမင်းအကြောင်းပြောတာတောင်အပြစ်ဖြစ်သတဲ့
ဒီရက်ထဲကိုယ်အခြေအနေမကောင်း
ကိုယ့်ကိုယ်ကို လမ်းဆုံးတစ်ခုကိုရောက်နှင့်နေသလိုခံစားရတယ်...
ဒီစာတွေဟာကိုယ်မရှိတော့တဲ့အခါ...ဒါမှမဟုတ်ဆက်ရှင်နေရင်ဖြစ်ဖြစ် ပြန်ဖတ်ဖြစ်တဲ့အခါ...
မင်းနဲ့ပတ်သက်ပြီးသိမ်းထားချင်ခဲ့တဲ့အမှတ်တရလေးဖြစ်ရရုံပါ...
ကိုယ့်ကိုကြံ့ခိုင်တယ်လို့ပြောကြတယ်...
တစ်မနက်နိုးတိုင်း ..ငါဟာပုံမှန်ပဲ ဆိုတဲ့စိတ်တစ်ခုဝင်ရဖို့ရုပ်ပျက်ဆင်းပျက်ဖြစ်နေရတာမမြင်ဘူး
ကိုယ့်ဒဏ်ရာတွေကိုမသိဘူး
တစ်နေ့တစ်နေ့ပျက်စီးနေတဲ့ဘ၀အပုံထဲ ရသလောက်ပြန်တည်ဆောက်နေတာကိုမမြင်ဘူး.
ကိုယ်အလွမ်းဇာတ်ဋီကာတွေမဖွဲ့တတ်ပါဘူး..ငယ်
ကိုယ်ဟာကံမကောင်းတောင်သိပ်အဆိုးကြီးထဲမပါဘူးလို့အားတင်းထားသမျှက
ကိုယ်..လူတွေနဲ့ထိတွေ့ခွင့်ရလေ..သူတို့ဘ၀တွေအကြောင်းမြင်လာရလေ...ကိုယ်သိလာရတယ်...ကိုယ်ဟာအခြေအနေအဆိုးထဲကဇာတ်သိမ်းမကောင်းတဲ့ပုံပြင်တွေဖြစ်တော့မယ်ဆိုတာ...
ကိုယ်လွမ်းတယ်....သူများတွေမင်းရဲ့ကောင်းသတင်းတွေပေါ်ကြည်နူးရင်းဝမ်းသာပေးတဲ့အချိန် ..ကိုယ်လည်းဝမ်းသာပါကြောင်းထုတ်ပြောပြချင်ပါရဲ့နဲ့...ကိုယ်ပြောပြခွင့်မရဘူး
ပွဲ့ကြည့်နေတဲ့အဆင့်ချင်းတူပါရဲ့နဲ့ကိုယ့်အချစ်ကသူတို့လိုမဖြူစင်နိုင်ဘဲ အပြစ်ရှိပါတယ်တဲ့..
ကိုယ်မကြံ့ခိုင်တတ်ပါဘူး...ငယ်ရယ်
ထစ်ကနဲဆိုမျက်ရည်ကျလွယ်ပြီးအနုအရွအလှအပတွေကိုမှချစ်တတ်တဲ့ ထိခိုက်လွယ်တဲ့သူတစ်ယောက်ပါ...
ကိုယ်နေ့တိုင်းနေလို့မကောင်းဘူး..
သူများနေကောင်းရဲ့လားစိတ်ပူပေးရတဲ့သူမျိုးဖြစ်ပေမယ့်ကိုယ့်မှာမရှိဘူး...
ကိုယ့်မှာသူငယ်ချင်းကောင်းတွေရှိမယ်လို့မျှော်လင့်တယ်...
အများမမြင်တဲ့ကိုယ့်ကိုသိနိုင်မယ့်လူမျိုး...
ကိုယ့်ကိုအချစ်တွေပေးသနားမယ်လို့မျှော်လင့်တယ်...
အဲ့သည်မျှော်လင့်ချက်လေးကလည်းလောင်စာနည်းလာနေပြီဖြစ်ပေမယ့်...
ရှိနေတဲ့ဘ၀မှာ..
ကိုယ့်ကြောင့်နဲ့တော့
သူများတွေမင်းအပေါ်ထားတဲ့အချစ်တွေများလျော့စေမယ်ဆို
စိတ်အနှောင့်အယှက်နဲ့ကိုယ်ကမသက်မသာဖြစ်စေတယ်ဆို...
ကိုယ်ကအရင်လက်လွှတ်ပါမယ်...
အချစ်လား...အဲ့စကားလုံးကကိုယ်နဲ့တန်မယ်ထင်လားကြယ်ရယ်....
ကိုယ်လေ...မင်းရဲ့တည်ရှိမှုကိုမမေ့ရအောင် မင်းကို'ကြယ်'လို့အမြဲတပ်ခေါ်တယ်...
ထုံးစံအတိုင်း မသိမသာဖုံးကွယ်ထားတဲ့Clownတစ်ကောင်ရဲ့မျက်ရည်လို့ပဲပြောရမလားပဲ....