နှလုံးသားတစ်ခု ခပ်တိုးတိုးသေတော့မယ်
မကြာခင် မြုပ်နှံခံရတော့မှာမို့ ခဏလေးပါပဲ
သိပ်မကြာခင် ကိုယ်တို့လုံးဝ တသီးတခြားစီဖြစ်သွားကြတော့မယ်
မအီမလည် ဘာမှန်းမသိတဲ့အချက်ပေးတဲ့သင်္ကေတတွေရပ်ဆိုင်းတော့မှာမို့...
တစ်ဖက်ခြမ်းက ပါတနာရေ...
မင်းရဲ့လူကိုသတ်ပစ်လိုက်ရလို့ စိတ်မကောင်းပါဘူး
သိပ်မကြာခင် မင်းပျော်လာလိမ့်မယ်
မင်းဘဝကို လိုအပ်သလိုအရောင်တွေခြယ်ရင်းလှနေပါစေ
အိပ်မက်တွေဟာမလိုတော့...
အရာအားလုံးလက်တွေ့ဖြစ်လာခဲ့ပြီမို့
သည် တစ်ကြိမ်မှာတော့ တကယ်ထွက်သွားခဲ့ပါပြီ
ကိုယ်တို့ ဘယ်တော့မှ မတွေ့ကြတော့ဘူး။