Reality

30 2 0
                                    

နှလုံးသားတွေထဲအချိန်အကြာကြီး အရင်းအမြစ်တွယ်ပြီးဖြစ်လာတဲ့အရာတွေကရော အချိန်အကြာကြီးကြာသွားရင်မေ့ပျောက်သွားမှာလား?

သူကတော့မေ့ပျောက်ခံရမှာကြောက်လို့ အသည်းအသန်ကြိုးစားနေရပေမယ့် ဒီမှာ မေ့ပျောက်ချင်ရင်တောင် တစ်စက္ကန့်မှ လွှတ်ပစ်လိုက်လို့မရတဲ့အရာတွေဖြစ်နှင့်ပြီးပါပြီ....

သူတို့ပြောသလို အချိန်ကအရာရာကိုဖြေရှင်းသွားမှာတဲ့လား...

သူ့အရာနဲ့သူ နေသားကျသွားရင် လက်လွှတ်ဖို့ကြိုးစားနေကြတဲ့သူတွေရော ငြိမ်းချမ်းတဲ့အချစ်နဲ့ချစ်ဖို့ကြိုးစားနေကြတဲ့သူတွေရော တကယ်ရော မေ့နိုင် ၊
ငြိမ်းချမ်းသွားနိုင်မှာတဲ့လား?

ချစ်ရတဲ့သူပျော်မယ့်ကိစ္စမှာ ဘာလို့မပျော်ပေးနိုင်ရတာလဲ?

အဖြေကရှင်းမလိုနဲ့....
ခုထက်ထိမတွေ့သေး...

မင်းတပါးသူတစ်ယောက်နဲ့ပျော်တာမြင်ရရင် မင်းအတွက် ဝမ်းသာပေမယ့် အိပ်ပျော်မယောင်ဝိညာဉ်ကအောင့်သက်သက်

တပါးသူတစ်ယောက်ကြောင့်လမ်းတွေပျောက်
ဆုံးပြီးငိုနေတာများမြင်ရတော့ နာကျင်ရတာကနေ့ညမဆုံး

ဒီအပူတွေဘယ်တော့ငြိမ်းလိမ့်မလဲ.....

ရယ်ရပါတယ်...

မင်းလောက်မှမပြည့်စုံတဲ့အမှောင်ထဲကလူတစ်ယောက်က နေအလင်းအောက်မင်းဆီမှာ တိမ်တွေညိုလို့အရိပ်ဖုံးမှာကြောက်ပါသတဲ့...

ဒီကမ္ဘာမှာထာဝရတည်နေတဲ့အမှောင်ထဲမင်းများလမ်းမှားပြီးဝင်လာခဲ့သော် အားငယ်နေမှာစိုး လမ်းပျောက်နေမှာစိုး ဖေးမပေးမယ့်လက်တစ်စုံမင်းဆီရောက်မလာမှာစိုးလို့

ငါများကူညီပေးနိုင်မလား မေတ္တာတွေနဲ့ဆုတောင်းတွေအကြိမ်ကြိမ်ပို့လွှတ်ပြီး မင်းဘဝမှာတတ်နိုင်သမျှ အေးချမ်းပြီးပျော်ရွှင်နေရအောင် ကြိုးစားပြီးရပ်တည်နေခဲ့တယ်

မနာကျင်ပါနဲ့ မထိခိုက်ပါနဲ့လို့ အကြိမ်ထောင်ချီပို့သတဲ့မေတ္တာဟာ နွေးထွေးတဲ့လက်တစ်စုံလောက်မကုသပေးနိုင်တာအမှန်ပါ...

မပျောက်ဆုံးလိုက်ပါနဲ့အချစ်ရယ်..

ငါ့မှာမင်းကိုချစ်ရလွန်းတာပါ...

ကိုယ့်ဆီမှာသွေးထွက်သံယိုဖြစ်နေတာထက် အဝေးကလှမ်းမြင်ရတဲ့ယိုင်နဲ့နဲ့ နဲ့ မင်းပုံရိပ်ကသေမလောက်နာကျင်တာ..

အဲ့လိုအချိန်တိုင်း ကျေးဇူးပြုပြီး သူ့ရဲ့တစ်စုံတစ်ယောက်ဖြစ်မယ့်သူ မြန်မြန်မင်းအနားရောက်ပြီး
ကိုယ်မပိုင်တဲ့မင်းကို သူ့ရင်ခွင်မှာ ငြိမ်းအေးတတ်ဖို့အပိုဆုတောင်းပေးသေးတယ်...

ကိုယ့်မမြင်ကိုယ်ရာမှာလည်း မင်းပျော်နေရဖို့

တကယ်တော့ဘဝမှာ အောင်မြင်မှုဆိုပြီး အပန်းတကြီးလိုက်ရှာခဲ့ရတဲ့ ဆုလာဘ်တွေက "ဗလာ"ချည်းသပ်သပ်တွေမို့..

ပျော်ဖို့

ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားရဖို့

သည်တစ်ခုလေးကလွဲလို့ အခြားဘာတွေဖြစ်ပါစေ
မမှုနိုင်တာပါ

အချစ်က အရာရာမဟုတ်ဘူး..

အင်း.. ဖြစ်နိုင်ပါတယ် ..

ဒါပေမယ့်အဲ့တာဟာ လူတိုင်းအတွက်တော့မဟုတ်ဘူး

ကိုယ်​တို့ဘယ်​​တော့မှမ​တွေ့ကြ​တော့ဘူး Where stories live. Discover now