31.12.2018

34 5 0
                                    

ဒိ​နေ့ဟာ နှစ်​တစ်​နှစ်​ရဲ့​နောက်​ဆုံး​နေ့ပါ
ပေါင်းခြင်း "​လေး"ဂဏန်းရတဲ့ကိုယ့်​ဘ၀ရဲ့အဆိုးဆုံး​တွေကိုအမှတ်​ရ​စေတဲ့​နေ့ဆိုလည်းမမှားပါဘူး ...

ဆု​တောင်း​တွေဆိုတာမပြည့်​ပါဘူးတဲ့
ဘာလို့လဲဆို​တော့ ဆု​တောင်း​တွေကိုဖြည့်​ဆည်း​ပေးရတဲ့နတ်​သမီး​နတ်​သား​တွေ​တောင်​သူတို့ရဲ့ဆု​တောင်း​တွေကိုဖြစ်​​မြောက်​​အောင်​မလုပ်​နိုင်​ကြဘူးတဲ့...

ဒီ​တော့ကိုယ်​ဆုပန်​ရမှာ​ပေါ့
အနည်းငယ်​လက်​​တွေ့ဆန်​​အောင်​...

အကယ်​၍သာကိုယ်​ဟာမင်းအနားကို​ရောက်​ရှိခွင့်​ရပြီးမင်းအနားကတစ်​စုံတစ်​ဦးဖြစ်​လာမယ်​ဆိုရင်

ပျောက်​ဆုံး​နေတဲ့မင်းကိုပြန်​အသက်​သွင်း​ပေးချင်​ပါတယ်​....

မင်းနဲ့အတူအ​မှောင်​​တွေကိုရင်​ဆိုင်​ရင်းတစ်​​ယောက်​တည်းတုန်​လှုပ်​​နေရတဲ့ညဆိုး​တွေမှာအတူရှိ​ပေးမယ်​...

စကားတချို့နဲ့မင်းကိုသက်​သာရာရ​စေမယ်​...

တ​လောကလုံးကပစ်​ပယ်​ကြပြီလို့ခံစားရတဲ့အခါ
မင်းရဲ့အခန်းထဲတိတ်​တိတ်​က​လေးရှိ​နေပြီး..မင်းအ​ကြောင်း​တွေဖွင့်​​ပြောတိုင်​ပင်​လာဖို့အချိန်​အထိကိုယ်​​စောင့်​​နေပါ့မယ်​...

စောင့်​ဆိုင်းခြင်းကကိုယ့်​ဘ၀မှာအရင်းနှီးရဆုံးသူပဲ

အကယ်​၍သာ....အကယ်​၍သာ​ပေါ့...

ငါ့ထက်​အဆ​ထောင်​​သောင်းမကသာတဲ့လူတစ်​​ယောက်​မင်းဘ၀ထဲဝင်​​ရောက်​လာပါ​စေ

အချစ်​ကိုတကယ်​ခံစားသိရှိနိုင်​ပါ​စေ...

ပျော်​ရွှင်​စရာနှစ်​သစ်​ပါက​လေးငယ်​...

ကိုယ်​..အမြဲ..မင်းနားမှာရှိတယ်​!

ကိုယ်​တို့ဘယ်​​တော့မှမ​တွေ့ကြ​တော့ဘူး Where stories live. Discover now