စွန့်လွှတ်လိုက်ပါပြီ ပြောပြီးတာတောင် သေချာရဲ့လားလို့ ဓားတန်းလန်းကို နဲ့ကြည့်နေတဲ့သဘောပါပဲ
ရှိသမျှအကုန် ပုံအောပေးပြီးတာတောင် မင်းက ပိုင်ဆိုင်ချင်နေပါသေးတယ် ဆိုတဲ့အကြည့်မျိုးနဲ့
မသတ်လည်းသေမယ့်ဘဝပါကွာ
အေးအေးချမ်းချမ်းလေး ပေးသွားပါလားလို့ခယတဲ့အခါ
အပူမရှာချင်ပေမယ့် အတင်းဟန်လုပ်ပြုံးဖြစ်ပြီး အပြုံးနဲ့လမ်းခွဲတတ်ခြင်းရဲ့ အားအင်ကိုသူတို့နားမလည်ဘူး
ဒါကနောက်ဆုံးမီးစာပါ ကလေးငယ်
မကြာခင်ငြှိမ်းခံရတော့မယ့် မဖြစ်စလောက် မီးစာမှိန်မှိန်လေးပါ
ငါကအရာရာကို လက်လွှတ်တတ်သူမဟုတ်ဘူး
အဲ့တာကမင်းနဲ့ပတ်သက်လာတော့ အပြောင်းအလဲတွေနဲ့ ကန့်သတ်ပစ်လိုက်ရတာကိုရော နားလည်ရဲ့လား
ဘာမှမရှိတော့လျက်နဲ့ ယဲ့ယဲ့လေးတွေးတဲ့ အိပ်မက်ကိုတောင် စွန့်လွှတ်ခိုင်းတာ မင်းလူတွေလေ
ဘယ်လောက်ရက်စက်ပြီးမှ ကျေနပ်မတဲ့လဲ အချစ်ရယ်
အလိုမကျတိုင်း စိတ်အငြိုအငြင်ဖြစ်တိုင်း အပန်းဖြေဆော့စရာ အရုပ်လိုမျိုးလား
ဒရမ်မာဆန်စရာမရှိရင် ကပြရမယ့် ရက်ကန်းသည်ရဲ့အလွမ်းဇာတ်လိုလား
ကပြက်ကချော်နဲ့ ရယ်မောစေမယ့် ဟာသတွေလိုမျိုးလား....
ငါက အစကတည်းက ဘာဆိုဘာမှ မလိုအပ်ခဲ့တာ
ဘဝမှာ မင်း ဆိုတဲ့ လူတစ်ယောက်ဝင်ရောက်လာတဲ့အထိ.. မျှော်လင့်စရာဆိုတာမရှိဖူးတာ...
ခုတော့ မင်းက ငါ့ဘဝကိုယူပြီး ငါ့ကိုကျ ထွက်သွားတော့တဲ့လား...
မင်းကွာ....
မင်းလုပ်ရက်လိုက်တာ ဆိုပြီး
မင်းအလိုကျ...
ငါ့ဘဝမှာ ဘယ်သူမဆိုရဲ့အလိုကျ
ငါ့ကြောင့်တစ်စုံတစ်ယောက်ထိခိုက်တာဟာ....
အနာကျင်ရဆုံးပါ ကြယ်....
အထူးသဖြင့် မင်းရဲ့အပေါင်းအပါကြယ်ငယ်တွေသာဖြစ်ခဲ့မယ်ဆိုရင်ပေါ့