မို

61 4 0
                                    

မိုးတွေရွာရင် ကျွန်တော် ပျော်ရမယ်ထင်တယ်

ကျွန်တော် နေ့ရက်တိုင်းကိုပျော်အောင်ထက် နောင်တမရှိအောင်နေနေပါတယ်

တခါတလေမှာ ဘာကိုမှမလုပ်ဘဲ အခန်းလေးတစ်ခန်းထဲ အိပ်နေမိတာလည်းဖြစ်တယ်

တစ်ရက်မှာ ခင်ဗျားအကြောင်းချည်းတွေးနေပြီး
အသံတိတ်ငိုနေတာလည်းဖြစ်တယ်

နောက်တစ်ရက်မှာ လူလိုသူလို လှုပ်ရှားရုန်းကန်နေတာလည်းဖြစ်သလို

တစ်ရက်မှာ ကျွန်တော်က ကျွန်တော်ချစ်တဲ့မိုးကို တိတ်တဆိတ်ကြိုသလိုမျိုးပေါ့

ကျွန်တော်တတ်နိုင်တဲ့ဘဝမှာ ကျွန်တော် တတ်နိုင်တဲ့အထိ နေရမယိ... စိတ်ပါပါ..မပါပါ

ကျွန်တော့်ရဲ့ခင်ဗျားရော

ဒီနေ့ဟာ ဘယ်လိုနေ့လေးလဲ

စကားအများကြီးပြောပြီး ပင်ပန်းရတဲ့နေ့မျိုးလား
လူတွေနဲ့ပြောရဆိုရအဆင်မပြေလို့ စိတ်ရှုပ်နေရတဲ့နေ့မျိုးလား

တစ်ခုခုကအဆင်ပြေနေလို့ ကြိတ်ပြီးပီတိဖြစ်နေရတဲ့နေ့မျိုးလား..

မိုးကြီးကမှောင်မဲနေတာပဲ
မိုးရွာရင် သိပ်စိတ်ညစ်တာပဲ ဆိုတဲ့သူတွေ ကိုသိလား

ခင်ဗျားရော အဲ့လိုလူမျိုးလား

ကျွန်တော်က မိုး ကိုသိပ်ချစ်တာ

ကျွန်တော်ထားခဲ့တဲ့ဒဏ်ရာတွေ
မိုးနဲ့အပြိုင် ငိုရတဲ့အချိန်တွေကို မိုး က ကောင်းကောင်းသိမ်းပေးထားပြီး ရာသီစက်ဝန်းတစ်ပတ်ပြည့်တိုင်း
ပြန်ခေါ်လာပေးလို့ ကျွန်တော်က ဘဝမေ့တဲ့သူဖြစ်မနေတော့ဘူးလေ....

မိုးရေထဲမှာထီးလေးဆောင်းပြီး ဘယ်သူမှလည်းကြိုမနေတဲ့အိမ်ကို လွယ်အိတ်ထဲကသော့ကိုအသည်းအသန်ရှာပြီးဝင်ဖူးတယ်

မှောင်မဲပေမယ့် အိမ်ဟာ အိမ်ပဲ
မိုးတွေသည်းလို့ အိမ်နောက်ဖေးထဲ ဖယောင်းတိုင်တစ်တိုင်နဲ့ ခုံခုပြီး ပန်းကန်ဆေးရတဲ့ညတွေကိုသတိရသေးတယ်...

မိုးရွာလို့ မီးပျက်တဲ့ညတွေမှာ တစ်စုံတစ်ယောက်ရဲ့ပြန်အလာ ခြံတံခါးသံကိုနားစွင့်နေဖူးတယ်

မိုးရေထဲမှာ အမှတ်တရတွေအများကြီးရှိတယ်

ကျွန်တော် ချစ်သော
ကျွန်တော်မုန်းသာ...
ကျွန်တော်ရှိတယ်... ။

ခင်ဗျား မိုးကိုမုန်းလား...

မိုးရွာရင်ပြုံးကြည့်ပါလား ခင်ဗျားရယ်

မိုးရေဆိုတာ အေးချမ်းပြီး လုံခြုံတယ်...
တစ်စုံတစ်ယောက်ရဲ့ မျက်ရည်တွေနဲ့ နာနာကျည်းကျည်း အော်ဟစ်သံတွေကိုဖုံးကွယ် ပေးနိုင်တဲ့အထိ ပဲပေါ့

ကိုယ်​တို့ဘယ်​​တော့မှမ​တွေ့ကြ​တော့ဘူး Where stories live. Discover now