အဲ့လောက်ဆို စိတ်ချရပြီ ။
ထာဝရတွေအကြောင်း အများကြီးပြောကြမယ့်သူတွေ
ခင်ဗျားအနားမှာ ရှိလာပြီမို့ ကျွန်တော်ကျေနပ်ပါပြီကျွန်တော် ကြယ်လေးအကြောင်းပြောဖူးတယ်
ကြယ်လေး နေမကောင်းတုန်းက
လူတကာဆီမှာ ယုံကြည်မှုတွေယုတ်လျော့ခံရတဲ့ကလေးလေးက ခုတော့ အများကြီး အဆင်ပြေနေပြီး
နောက်လည်းအဆင်ပြေသွားမယ့် လက္ခဏာတွေအများကြီးတွေ့ရပြီမို့ ။ကုသခြင်းအလင်းရောင်ရှိတဲ့သူတွေက အမှောင်တွေမှာပဲပျော်တာတဲ့
ငိုနေခဲ့ရင် ပြုံးစေမယ်
နာကျင်ခဲ့ရင် နေကောင်းစေမယ်
နာကျည်းခဲ့ရင် မြတ်နိုးပေးမယ်...
နောက်ထပ်..နောက်ထပ် ချို့ယွင်းချက်တွေကို...
ပြင်ရင်း..ပြင်ရင်း...အမှောင်ရိပ်ကလေး အလင်းရသည်အထိ... တစ်ဘဝလုံးအလင်းရမှာ သေချာတဲ့ထိ
နောက်ထပ် အမှောင်တွေကို ရင်ဆိုင်နိုင်တဲ့ထိ
နုနယ်ချိန်မှာ....အားငယ်ချိန်မှာ....အမြဲအနား။တောင်ဘက် လေတွေတိုက်ရင်.... စိတ္တဇသမားတွေ ဟိုရွေ့သည်ရွေ့
ဒီမိုးနဲ့ပဲလိုက်မလို...ဒီလေနဲ့ပဲ ထွက်သွားတော့မလို
ခင်ဗျားအဆင်ပြေမယ့်အချိန်ကိုစောင့်နေတာပေါ့နောက်ထပ်များ... ဘယ်လို မှောင်မည်းခြင်းတွေအပေယ်ခြေဆန့်ပြီး..... ဘယ်လို နေရောင်တွေကိုခေါ်ပေးရဦးမလဲဆိုတာ....မျှော်တလင့်လင့်ရှိရပေမယ့်...
နောက်ထပ် ဘယ်တော့မှတော့...
ဒီ အထီးကျန်ခြင်းနဲ့ ကူရာမဲ့ခဲ့တဲ့ ရပ်ဝန်းငယ်ကိုလောက် မချစ်မနှစ်သက်ချင်တော့ပါလို့ ဒီလေရူးကတော့ ဆိုပါတယ်။ချစ်ရုံပဲချစ်ပါ....မမျှော်လင့်ပါနဲ့။
မျှော်လင့်ရင် သေးသေးလေးကအစ
ပြိုကွဲရတတ်ပါတယ်....။နောင်.... ဘယ်သောအခါမှ ဒီရပ်ဝန်းငယ်ဆီ
အလည်ပြန်ရောက်ပါ့မလဲ....
ကိုယ်လည်း မျှော်လင့်မနေတော့ပါ....။ကိုယ် တော့ ချစ်ရုံသာချစ်ခဲ့ပါသည်.....
နောင် ဘယ်သူ့ကိုမှ မပေးချင်တော့တဲ့ ~~ မျိုးနဲ့။(Completed)