နှစ်ယောက်တည်းရှိနေခဲ့ရင် ဘာလို့များ
မင်းကို တစ်ယောက်တည်းထားပြီး
ထွက်သွားဖို့ကြံရွယ်ရမှာလဲ အချစ်ရယ်...
ကြိမ်းသေပေါက် မင်းရဲ့လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး အနားမှာနေတော့မှာပေါ့
ခက်တာက. လက်တွေ့ဘ၀က အိပ်မက်တွေလိုသီးသန့်မဆန်တာပါပဲ...
ဒီလိုပဲမင်းရဲ့ဘေးနားမှာလူတွေရှိနေသေးသရွေ့အဝေးကကြည့်နေဖြစ်ရဦးမှာပါပဲ ...
မျက်ရည်တွေကို တစ်စစီဖယ်ရှားပေးရင် မငိုဖို့ကိုယ့်ကို ချော့လေသတဲ့...
အိပ်မက်တွေထဲမှာအရာရာက သီးသန့်ဆန်ခဲ့တယ်....
လေလွင့်နေတဲ့ဝိညာဉ်တစ်ကောင်ဟာစိတ်သက်သာရာ ရသွားသလိုပါပဲ ...