ကိုယ်လုပ်ခဲ့သမျှထဲနောင်တအရဆုံးက ဒါပါပဲ
နောက်တစ်ခေါက်လောက်များဆုံနိုင်ဦးမယ်ဆိုရင်
နောက်ဘ၀မှာများလူတစ်ယောက်သာထပ်ဖြစ်ခွင့်ရဦးမယ်ဆိုရင်ဖြင့်
ရဲဝံ့တဲ့ကျော့ရှင်းမယ့်အပြုံးတွေနဲ့ မျက်ဝန်းတွေကိုတည့်တည့်စေ့ဆိုင်ရင်းနှုတ်ဆက်ခွင့်ရတဲ့မိန်းကလေးတစ်ယောက်ဖြစ်ချင်မိပါတယ်
မင်းအကြောင်းတွေးတိုင်း "မဖြစ်နိုင်..မဆိုင်နိုင်...မတန်နိုင်"မလုပ်န်ုင်ခြင်းများစွာနဲ့ဘ၀ကိုလှည့်ကြည့်ရင်းနောင်တရနေရတဲ့လူတစ်ယောက်မဖြစ်ချင်မိတယ်..
ဒါလေးပါပဲ...အရိုးရှင်းဆုံးနဲ့သန့်ရှင်းခွင့်ရတဲ့အပြုံးတစ်ပွင့်ပါပဲသည်းငယ်ရယ် ....
ချစ်ကြောင်းပြောပြီးမင်းအချစ်နဲ့ထိုက်တန်သူမဟုတ်တောင် ထိုက်တန်လိမ့်မယ်လို့တွေးခွင့်ရမယ့်ဘ၀မျိုးကိုရဖူးချင်ပါတယ် ...
ခုတော့...ကိုယ်လေ...အမှောင်တစ်နေရာကစောင့်ကြည့်ရတဲ့မျက်ဝန်းတစ်စုံသာဖြစ်ခွင့်ရတယ်..
ကိုယ့်လောကမှာရက်စက်နေတယ် ...
သတ်ဖြတ်နေဆဲ..အိပ်မက်တွေကတစတစနဲ့ပြိုကွဲဆဲ...အလင်းရောင်အောက်ကမင်းကမင်းကြိုက်တဲ့အိပ်မက်တွေနောက်အမိအရ ပုံဖော်နေတာမြင်ရတာဘယ်လောက်တောင်အားကျနေရသလဲ သိရဲ့လား...ကိုယ့်လူရယ်...
တကယ်ပါပဲ.
တချို့အရာတွေက ကိုယ်နဲ့ထိုက်တန်လို့မဟုတ်ဘဲ
မထိုက်တန်တဲ့အကြောင်းကိုယ်နားလည်သွားအောင် သင်ပြပေးဖို့ ကိုယ့်ဘ၀ထဲရောက်လာတာပါပဲမင်းကကိုယ့်အတွက်တော့သည်လိုဖြစ်တည်မှုမျိုးပါပဲ...ကြယ်ရယ်
ငေးကြည့်နေရရင်းငြီးငွေ့မသွားဘဲစွဲလန်းလာရတယ်...နောက်ဆုံးတော့မတူညီခြင်းပေါင်းများစွာနဲ့ရှိနေတဲ့ကိုယ့်ဘ၀ကိုယ်အပြစ်တင်ရင်းနာကျင်ခြင်းနဲ့အဆုံးသတ်ရတာပါပဲ ..
မင်းကတော့ပြုံးလို့ပျော်လို့ ..
အိပ်မက်တွေကို စွန်ငယ်ကိုကြိုးနဲ့ဆွဲသလို လိုသလိုဆွဲရင်းလျှော့ရင်းဒီကြားထဲလူတချို့ကမင်းဆီရောက်အောင်ကူးခတ်ရင်းမင်းဆီကအသိအမှတ်ပြုခြင်းကိုခံယူခွင့်ရကြသေးတယ်...
ဒါကို'ကံ'လို့ခေါ်ကြလေသလား...ကိုယ့်ဘ၀မှာတော့ရယ်သံတွေအစားငိုသံတွေပဲရှိပါတယ် ...
ပျက်စီးခြင်း..နဲ့...
ယိုယွင်းခြင်းတွေ...