သူကားပါကင်ကို ရောက်လာပြီး ကားထဲကိုဝင်လိုက်သည်။
"မမလေး ဘယ်သွားအုံးမလဲ"
"မသွားတော့ဘူး ကိုကို အိမ်ပဲပြန်မယ်
စူးရှ နားချင်ပြီ"
"ဟုတ်"မမလေးသည် သူ့သူဌေး၏ တစ်ဦးတည်းသော
သမီးလေးဖြစ်သည်။ ထိုကလေးမလေး အသက်10နှစ်အရွယ်မှစ၍ သူကြည့်ခဲ့ရသည်။
body guardလည်းသူ driverလည်းသူ
မမလေး၏ ကိစ္စတိုင်းအတွက် သူ့ကို သူဌေးက
ယုံယုံကြည်ကြည် အပ်ထားသည်။ ထိုသို့အတွက်လည်း သူလစာကောင်းကောင်း
ရပါသည်။ မမလေးသည် စတွေ့ကတည်းက
အသက်၁၀နှစ် ဆိုသည့်အရွယ်နှင့် မလိုက်အောင်
တည်ငြိမ်လွန်းလှသည်။ အရယ်အပြုံးမရှိ။
ထိုအချိန်က အသက်၁၉နှစ်ရှိသော သူ့ထက်ပင်
ရင့်ကျက်နေခဲ့သည်။ မမလေး၏ အနီးဆုံးရှိသူမှာ
သူတစ်ယောက်တည်းပင်ဖြစ်သည်။ ထို့ကြောင့်
မမလေး ဘာဖြစ်နေလဲဆိုတာ သူတစ်ချက်ကြည့်ရုံနှင့် သိသည်။ သူသည် အရမ်းလှသော မမလေးအပေါ်မှာ မရိုးခဲ့တာ
၎နှစ်ရှိနေပြီ ဖြစ်သည်။သူ အိမ်ပြန်ရောက်သည်နှင့် ကုတင်ပေါ်ကို
အရင်သွားပြီး မျက်နှာအပ်ထားသည်။သူ
တော်တော် ပင်ပန်းနေပါပြီလေ။ ဒီနေ့ပြီးရင် မနက်ဖြန်အတွက် သူအားတင်းထားရဦးမည်။သူဒီနေ့ အိပ်ရာက စောစောထမိနေသည်။
ဒီနေ့သည် second sem စတက်ရသောနေ့ဖြစ်သည်။ ပုံမှန်ဆိုလျှင် သူအတန်းလစ်မည် ဖြစ်သော်လည်း
ဒီနေ့ကျောင်းတွင် သူ၏ချစ်သူ ကိုကိုနှင့် ချိန်းထားသောကြောင့်ဖြစ်သည်။ သူနှင့်ကိုကိုသည်
ချစ်သူဖြစ်တာ ၅လကျော်ပြီဖြစ်သည်။"မေမေရေ သားသွားတော့မယ်"
"သားလေး သွားတော့မလို့လား မေမေ့ကို အာဘွားပေးသွားပါဦး"
"သူသည် အကြီးဆုံးဖြစ်သော်လည်းသားတစ်ယောက်တည်းဖြစ်သောကြောင့်
ဖေဖေနှင့် မေမေသည် တုန်နေအောင် ချစ်ကြသည်။"အာာ ဘွားးး"
"ရော့ မုန့်ဖိုးကောင်းကောင်းသွားဦးနော်"
"ဟုတ် မေမေ"သူတို့အိမ်နှင့် ပဲခူးတက္ကသိုလ်သည် အတန်ငယ်ဝေးသောကြောင့် Busကားတစ်ဆင့်
စီးရသေးသည်။ သူကျောင်းသို့ရောက်သောအခါ
သူ့သူငယ်ချင်းမများ ရောက်နေလေသည်။
YOU ARE READING
ကို💝
Romanceချစ်ခြင်းတွေမှာသာ အကန့်အသတ်ရှိရင် မင်းကို ကိုယ်ချစ်ခဲ့မိပါ့မလား ကလေးရယ်