"အော် ဒါနဲ့ ဟိုလင်မယားနှစ်ယောက် မရောက်သေးဘူးနော်"
"အေးဟ နှာကြီးရ"
ကောင်းဇော် ခေါ် မှုန်ကြီးက ဝင်ယောင်သည်။သူတို့အုပ်စုတွင် ဘယ်သူမှနာမည် အမှန်မခေါ်ကြ။
မိန်းကလေးများတွင်လား ဆိုးရွားလှသော
နာမည်ပြောင်များရှိကြသည်။ အခုလည်း
ထုံးစံအတိုင်း ဖြိုးမြတ်ကို နှာကြီးဟု ခေါ်ခြင်းဖြစ်သည်။တစ်ကျောင်းလုံးတွင် သူမကြိက်ဖူးတာဆို၍ သူတို့အုပ်စုက မျောက်မ
သုံးကောင်ပဲ ကျန်တော့သည်။ ဒါတောင် တစ်ခါတစ်လေ သီရိကို ချိန်နေသောကြောင့်
နှာကြီး ဟူသော နာမည်ပြောင်ကို အငြိမ်းစားရထားဖြင်းဖြစ်သည်။"ဟယ် နင်တို့ကလည်း သူတို့လည်း အပြင်သွား
ချိန်းတွေ့ကြမှာပေါ့ နည်းနည်းပါးပါး စာနာဦးလေ
နေ့တိုင်းကျောင်းလာနေတာ ဘာမှလည်း မဘာရဘူးလေ"
"သီရိရယ် နင့်ဟာကလည်း ကျောင်းသားပဲရှိသေးတယ် ဘာကိုဘာရမှာတုန်း"
"မွန်မွန် နင်ပဲပြောလိုက်တော့ သူ့ခေါင်းထဲ plus
တွေပဲရှိလားမသိဘူးဟယ် မိန်းကလေးဖြစ်ပြီး"
"ဟဲ့ စုသော် ဗိုင်းနာမ ကိုယ်ချင်းမစာမပြောနဲ့လေ
ရည်းစားဘဝမှာ နမ်းတာလောက်တော့ ရှိသင့်တယ်လေ ကျောင်းမှာ အဲ့ဒီလုပ်ရင် ကွိကုန်မှာပေါ့"
"ဘာပဲဖြစ်ဖြစ်ဟာ ငါက လင်းခန့်မောင်ကို စိတ်ပူတယ် သူ့မိဘတွေက သဘောတူတယ်ထားဦး စိုးထိုက်ဇော် မိဘတွေက
သဘောမတူလောက်ဘူး သူတို့က ဒီမြို့မှာ
ဒိတ်ဒိတိကြဲတွေလေ နှစ်ယောက်လုံးက ဘယ်လောက်ချစ်ချစ် ခွဲကြမှာပဲ"စကားဝိုင်းလေးက တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ ဘယ်လောက်ပဲ စကားနဲ့ပိုးစိုးပက်စက်ပြောသော်လည်း သူငယ်ချင်းအတွက် စိတ်ပူတက်ကြသော စိတ်ရင်းကောင်းများရှိကြသည်။ အခုလည်း
လင်းခန့်မောင်၏ အချစ်ရေး ဘာဆက်ဖြစ်မလဲ တွေးရင်းနဲ့ စိတ်ထဲ ပူလောင်နေကြသည်မှာ
အမှန်ပင်ဖြစ်သည်။---------------------------------
ဒီနေ့လည်း အခန်းအောင်းနေသော ကိုကိုလေးကြောင့် သူစိတ်ပူရပြန်သည်။
ကိုကိုလေးသည် သူပြသာနာတစ်ခုခုတက်တိုင်း
အခန်းထဲ အောင်းနေတက်သည်။ ပုံမှန် အခြေအနေပြန်ရောက်မှ အပြင်ကို ထွက်လာတက်သည်။ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ထိုင်နေရသောလည်း စိတ်က အပေါ်ထပ်က ကိုကိုလေး အခန်းထဲကို သွားပြီး အဆင်ပြေရဲ့လား
ဟုမေးချင်စိတ်များပေါက်နေသည်။ သို့သော် သူ့မှာ မေးပိုင်ခွင့်မရှိပင် မဟုတ်လား။ထို့ကြောင့် ဆိုဖာ
ပေါ်မှာပင် ဖင်တကြွကြွဖြစ်နေသည်။
YOU ARE READING
ကို💝
Romanceချစ်ခြင်းတွေမှာသာ အကန့်အသတ်ရှိရင် မင်းကို ကိုယ်ချစ်ခဲ့မိပါ့မလား ကလေးရယ်