Part (7)

169 10 2
                                    

ပဲခူးတက္ကသိုလ်နှင့် ရွှေမောဓော ဘုရားမှာ အရမ်းမဝေးသောကြောင့် ကား ကြာကြာ မမောင်းလိုက်ရ။ ဘုရားပေါ်ရောက်သည့် အချိန်တွင် နေတောင် အတော်အသင့် ပူနေသည်။
ဘာသာမဲ့ဖြစ်သည့် စူးရှအတွက် ဘယ်ဘုရားပဲ
ရောက်ရောက် ကြောင်တောင်တောင် ဖြစ်နေသည်။ တူညီသောအချက်များမှာ ဗုဒ္ဓဘုရားတွေပဲဖြစ်ဖြစ် ခရစ်ယာန် ဘုရားရှိခိုးကျောင်းပဲဖြစ်ဖြစ် ဗလီပဲဖြစ်ဖြစ်
ဟိန္ဒူဘုရားကျောင်းတွေပဲဖြစ်ဖြစ် ဘယ်နေရာမဆို
အေးချမ်းနေတက်သည်။ လူတွေ ပြောကြတဲ့ "ဘုရားရိပ်တရားရိပ် က အေးချမ်းတယ်"ဟူသော
စကားကို သူအတော်အသင့်တော့ နားလည်ခဲ့ပါသည်။

"ကိုကို"
"အင်း ပြောလေ ကိုကိုလေး "
"ဘုရားရောက်တုန်း ဘုရားရှိခိုးပြီးတော့ သက်တောင့်သက်သာနေပါ စူးရှကို အားမနာပါနဲ့"
"မဟုတ်တာ ကောင်လေးကို အရင်ရှာပေးပါ့မယ်"
"ကိုကိုရယ် စူးရှ ကိုယ့်ဖာသာ ရှာလိုက်လို့ရပါတယ် ဘုရားရှိခိုးပြီးနေခဲ့ပါ
ပြီးရင် လာခေါ်ပါ့မယ်"
"ဟုတ်ပြီလေ အာ့တာဆို ကျွန်တော်နေခဲ့မယ်"

စူးရှ ဘုရားရင်ပြင်ပေါ်တွင် ကောင်လေးကို တွေ့လို့တွေ့ငှား လိုက်ရှာနေမိသည်။ ထိုအချိန်တွင်
သူတွေ့လိုက်ရသော မြင်ကွင်းကြောင့် ထခုန်မိမတက်ပျော်သွားသည်။ ဘုရားရင်ပြင်ပေါ်ရှိ ခရေပင်ကြီးကိုပတ်၍ အဝိုင်းပုံသဏ္ဍာန် ပြုလုပ်ထားသော ထိုင်ခုံတန်းပေါ်တွင် သူချစ်သောကောင်လေးမှာ ဘုရားကို ငေး၍ကြည့်နေလေသည်။
သူကောင်လေးအနားကို တစ်လှမ်းချင်းစီ လျှောက်သွားလိုက်တိုင်း သူ၏ရင်ခုန်သံမှာလည်း
တစ်စထက်တစ်စ ပိုပိုမြန်လာသည်။

----------------------------

လင်းခန့်မောင် သူ၏ချစ်ရသော ကိုကို မွေးနေ့ဖြစ်သောကြောင့် ဒီနေ့အတန်းပင် မသွား။
ကိုကိုနှင့်အတူ တစ်နေကုန် လျှောက်လည်ကျရန်
ဆုံးဖြတ်ထားသည်။ အခုလည်း ဘုရားမှာ ချစ်သူနှင့်အတူ ကုသိုလ်လာယူခြင်းဖြစ်သည်။
ကိုကိုနှင့် နေ့နံမတူတာကြောင့် သူဘုရားရှိခိုးပြီးတာတောင် ဘုရားရှိခိုးနေသော
ကိုကို့ကို ခရေပင်ခုံတန်းကြီးအောက်က စောင့်နေခြင်းဖြစ်သည်။ ထိုအချိန်တွင် သူ့အား
တစ်စုံတစ်ယောက်က စိုက်ကြည့်နေသလို
ခံစားရသဖြင့် ဘေးသို့လှည့်ကြည့်လိုက်သောအခါ
သူ့ကိုစူးစိုက်ကြည့်၍
တစ်လှမ်းခြင်းလျှောက်လာသော ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။

ကို💝Where stories live. Discover now