အဖြူရောင်ဂါဝန်လေးသည် လေတိုက်တိုင်း
သူမ၏ခြေအစုံကို တဖြတ်ဖြတ်ရိုက်ခတ်နေသည်။
ခါးအထိရှည်နေသော ဆံနွယ် လှိုင်းခွေကောက်ကောက်တို့ကလည်း လွင့်ပျံနေသည်။ သူမ မျက်စိမှိတ်လိုက်ပြီး
သန့်ရှင်းလတ်ဆတ်သောလေကို တစ်ဝရှုမိသည်။Sundayမို့ ဗန္ဓုလပန်းခြံကြီးထဲတွင် လူတွေများပြားနေသည်။ စုံတွဲတွေ၊ မိသားစုတွေ၊
သူငယ်ချင်းတွေအုပ်စုလိုက် လာသူများ ကို သူမတွေ့ရသည်။ အထူးသဖြင့် အပြုံးတွေဝေဆာ
နေတာကိုလည်း သူမအားကျမိသည်။ထိုအရာများတစ်ခုမှမရှိသည့် သူမဘဝတွင်တော့
အားကျရုံမှလွဲလို့မတက်နိုင်။ ငယ်စဉ်ကတည်းက
မိဘမေတ္တာကိုမရရှိခဲ့သည့်အတွက် သူမအထီးကျန်သည့် နေ့ရက်တိုင်းကို ဖြတ်ကျော်
ခဲ့ရသည်။ ဒီနေ့ သူမ၏ အသက်၁၈နှစ်ပြည့်မွေးနေ့။
သူမဘေးမှာ ခါတိုင်းနေ့များလိုပဲ ဘယ်သူမှမရှိ။သူမငေးကြည့်နေစဉ် သူမ၏မျက်ဝန်းထဲသို့
လှပသော မြင်ကွင်းတစ်ခုဝင်လာသည်။
ကောင်လေးတစ်ယောက် သူ၏မိသားစုများနှင့်
ဆော့ကစားနေသည်။ ကောင်လေးသည် ဘောလုံးကိုလက်ထဲတွင် ပိုက်ပြီးပြေးနေသည်။
ကောင်လေး၏ ညီမဖြစ်ပုံရသော ကလေးမလေးနှစ်ယောက်မှာ သူ့လက်ထဲမှ ဘောလုံးကိုလုနေသည်။ မိဘနှစ်ပါးမှာလည်း
ပြုံးရယ်ပြီးကြည့်နေကြသည်။ကောင်လေးပြေးနေရင်း ခြေချော်လဲသွားသည်။
ကောင်လေးလက်ထဲမှ ဘောလုံးသည် သူမ၏
ခြေထောက်အစပ်နားကို လွှင့်လာသည်။
သူမဘောလုံးကိုကောက်ယူလိုက်ပြီး ကောင်လေးအနားကိုလျှောက်သွားသည်။
ထိုကောင်လေးသည် သူမအားမော်ကြည့်သည်။
မထနိုင်သေးသည့်ကောင်လေးကို လက်ကမ်းပေးလိုက်သည်။ လက်တစ်ဖက်ဆွဲကာ ကောင်လေးထလာသည်။"ကလေး အဆင်ပြေလား"
"ဟုတ်ကဲ့ ကျေးဇူးမမ"
သူမနှုတ်ခမ်းကို ကွေးရုံလေး ပြုံးပြလိုက်သည်။
ထိုကောင်လေးသည် သူမအား အားပါးတရရယ်ပြပြီး ကျောခိုင်းထွက်သွားလေသည်။
ထိုကောင်လေး၏အပြုံးသည် သိပ်လှသည်။ဒုတ် ဒုတ် ဒုတ် ဒုတ်
သူမရင်ခုန်သံတွေ ခါတိုင်းထက်မြန်ဆန်နေသည်။
သူမ ခေတ္တ ပတ်ဝန်းကျင်ကို မေ့သွားသည်။
ဒီနေ့ကျမှ ကောင်လေး၏အပြုံးကြောင့် အရာအားလုံးဟာ လှပနေသလိုပင်။သူမ ခုနကနေရာ ပြန်ကြည့်လိုက်တော့
ကောင်လေးတို့မှာ မရှိတော့။
ပန်းခြံ ပတ်ပတ်လည်တွင်လည်းရှာမိသည်။
သို့သော် မတွေ့။"မင်းကိုငါ ရအောင်ရှာမှာပါ ကလေးရယ်"
(Golden Country ) Group
သူမ ပါးပါး၏ ရုံးခန်းထဲကိုဝင်လာသည်။
Computer တစ်လုံးဖြင့် အလုပ်ရှုပ်နေသော ပါပါးကို သူမအသံပေးလိုက်သည်။"Hello ပါးပါး"
" သြော် ပါးပါး အသဲတုံးလေးရောက်နေတာလား
ထိုင်ပါအုံး ဘာပြောစရာရှိလို့လဲ"သူမ အနက်ရောင်ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
"ပါးပါးကို အသိပေးတာ"
"ဘာကိုလဲ သမီးလေး"
"ယောက်ျားလေးလိုနေမယ်ဆိုတာပါ အခု ပါးပါးခွင့်ပြုချက်ကို လိုချင်လို့ ပြောတာမဟုတ်ဘူး
လာအသိပေးတာ ကျွန်တော်ဆုံးဖြတ်ပြီးပြီ ပါးပါး"
"အလ္လာမြတ်ရယ် သမီးလေးကို မတားနိုင်တော့ဘူးလား "
"ကျွန်တော့ကို ကျွန်တော်တောင် မတားနိုင်ပါဘူး
ပါးပါး~~ကျွန်တော်ပြန်ပြီ"သူပါးပါးအခန်းထဲမှထွက်လာခဲ့သည်။ ရင်ထဲကလှိုက်တက်လာသော်လည်း သူမငိုဖြစ်။
ယောက်ျားဖြစ်ချင်လျှင် မငိုရဟု အမိုးပြောထားဖူးသည်။ဟုတ်ပါသည်။ သူသည် အလ္လာမြတ်ကို ကိုးကွယ်သော မွတ်လူမျိုး အဖေနှင့် ခရစ်ယောန်ကို ကိုးကွယ်သော ကရင်အမေတို့မှ မွေးဖွားလာသော ဘာသာမဲ့ကပြား ကလေးတစ်ယောက်ဖြစ်သည်။ ထို့ပြင် မွေးကတည်းကယောက်ျားစိတ်
ဖြစ်သော်လည်း ၁၈နှစ်တိတိ မိန်းမလိုနေခဲ့ရသူတစ်ယောက်လည်း ဖြစ်သည်။ချမ်းသာသည်။ ပါးပါးကော အမိုးကောချမ်းသာသည်။ သူ့အား
လက်ညိုးညွှန်ရာ ရေရသောဘဝတွင် ထားခဲ့သော်လည်း သူတကယ်လိုချင်သူမှာ
မိဘနှစ်ပါး၏ မေတ္တာပင်ဖြစ်သည်။ထိုသို့ မေတ္တာမရခဲ့သည်မှာလည်း မွေးကတည်းကပင်။ အပြင်မှာ မိသားစုတွေ ပျော်ရွှင်တာများ တွေ့ရင် စိတ်က အလိုလို ဝမ်းနည်းလာသည်။ သူမလိုချင်ခဲ့သော
နွေးထွေးမှု ကြင်နာမှုများကို ဘယ်သူကမှ မပေးခဲ့။
ဒီထက်ပိုပြီးလည်း မိဘတွေကို မမျှော်လင့်ချင်တော့။သူမ အတွေးများကိုထုတ်ကာ ကားပါကင်ရှိရာကို
ခပ်သုတ်သုတ်သွားလိုက်သည်။