Part (10)

120 4 0
                                    


စူးရှတို့ အိမ်လေးကို လှည့်ပတ်ကြည့်ကြသည်။
အိမ်လေးမှာ တစ်ထပ်တိုက်ပုလေးဖြစ်သည်။ မျက်စိအေးစေသော အပြာနုရောင်လေးများနဲ့ ဆေးခြယ်ထားသည်။ဘုရားကျောင်းဆောင်ကို သက်သက်ထုတ်ထားပြီး အရှေ့တွင်
ဧည့်ခန်းအတွက် နေရာ လုံလုံလောက်လောက်လည်း
ပါသည်။ အိပ်ခန်း နှစ်ခန်း နှင့်
မီးဖိုချောင် ၊ ရေချိုးခန်း အိမ်သာလည်း တွဲလျက်ပါသောကြောင့် နှစ်ယောက်နေရန်အတွက် တော်တော်လေး အဆင်ပြေသည်။

"ကိုကို စူးရှတော့ သဘောကျတယ်
ကိုကို့ သဘောကရော"

"နှစ်ယောက်နေဖို့အတွက်တော့ အဆင်ပြေပါတယ် ကိုကိုလေးရဲ့"

"ဟုတ်တယ် သားတို့ရဲ့ ပြီးတော့ ဈေးလေးလည်း သင့်တယ်
မြို့ထဲနဲ့လည်း နီးနီးလေး စီးပွားရေးလည်း လုပ်လို့ကောင်းတယ် ပတ်ဝန်းကျင်လည်း သန့်တယ်"

"အဲ့ဒါဆို ကျွန်တော်တို့ စာချုပ်ချုပ်ရအောင် အန်တီ"

"သားလေးတို့ အန်တီ့အိမ်မှာ ခဏစောင့်နေဦးနော်
အန်တီ အိမ်ပိုင်ရှင်ကို သွားခေါ်ပေးမယ် စာချုပ်စာတမ်းတွေပါ သွားလုပ်လိုက်မယ်"

"ဟုတ်ကဲ့ အန်တီ"

သူတို့ အန်တီချယ်ရီလင်းတို့ အိမ်ရှေ့ရောက်တော့ ကျောင်းစိမ်းအင်္ကျီနဲ့ ကလေးမနှစ်ယောက်က
မေမေဟု ခေါ်ကာ ပြေးလာသည်။

"မေမေ သမီးတို့ ပြန်ရောက်ပြီ"

"ဟုတ်ပါပြီ မေမေ ဟိုဘက်အိမ်ကို ငှါးဖို့ ကိုကိုတွေရောက်လာလို့ အိမ်ပိုင်ရှင် သွားခေါ်ပေးမလို့
သမီးတို့က ဧည့်ခံပေးထားနော်"

"ဟုတ်မေမေ သမီးတို့ ကျူရှင်မသွားခင်တော့ ပြန်လာခဲ့နော်"

အကြီးမလေးက ပြောတော့

"ဟုတ်ပါပြီကွယ် မေမေ ကခဏလေးပဲဟာ
သွားပြီနော်"

"ဟုတ်"

ကျွန်တော်တို့အပါအဝင် ကလေးမလေးတွေပါ တစ်ပြိုင်တည်း နှုတ်ဆက်လိုက်သည်။
အငယ်မလေးက တော့ နှုတ်ဆက်ကာ အကြီးမလေးကတော့
အထဲ တန်းဝင်သွားသည်။

"ကိုကိုတို့ အထဲဝင်လေ "

"ဟုတ်ပါပြီဗျာ"

ကို💝Where stories live. Discover now