part (8)

129 6 2
                                    

ကားထဲသို့ ဝင်ထိုင်တာနဲ့ တစ်ပြိုင်နက်

"ကိုကိုလေး ဘာလို့ စိတ်ကို
မထိန်းထားတာလဲ ခုနက
ပြသာနာတက်တော့မလို့"

"စူးရှ သူ့ရည်းစားကို မြင်တော့
ဒေါသထွက်လာလို့ပါ နောက်ဆို
စူးရှ ဆင်ခြင်ပါ့မယ်"

"ကျွန်တော်ကလည်း ကိုကိုလေးကို
စိတ်ပူလို့ပါ ဘာပဲဖြစ်ဖြစ်ကိုယ်က
အခုမှ ရင်းနှီးကာစ ဆိုတော့ သတိထားသင့်တယ်လေ"

"Omm ကိုကို ပြန်ရအောင်"

"ဟုတ်"

သူတို့ကားလေးကို ရန်ကုန်ကို ပြန်မောင်းထွက်ခဲ့သည်။စူးရှ၏ ခေါင်းထဲတွင်လည်း ဆက်လုပ်သင့်သည့် အရာများကို  plan ချနေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သူတို့နှစ်ယောက် ခရေပင်အောက် က ထိုင်ခုံလေးမှာ ထိုင်လိုက်ကြသည်။ပြီးတော့ စိုးထိုက်ဇော် သူအရမ်းမေးချင်နေသည့်
အကြောင်းကိုလည်း မေးလိုက်သည်။

"လင်း သူတို့က ဘယ်သူတွေလဲ"

"ခုနက အင်္ကျီအဖြူ ဝတ်ထားတဲ့
အကိုကြီးက လင်းနဲ့ ရန်ကုန်မှာ
အမှတ်တမဲ့ဆုံခဲ့တာ ကျန်တဲ့တစ်ယောက်ကိုတော့
မသိဘူး"

"လင်း နောက်ဆို မသိတဲ့ လူတွေနဲ့
မပတ်သတ်ပါနဲ့ ကိုစိတ်ပူလို့်"

"အင်းပါ ကိုကိုရဲ့ အဲ့ဒီအကိုကြီးက
လင်းတို့လို LGBT ပဲ ဘာလဲ မှန်းကြည့်ပါလား"

လင်းက အဲ့ဒီလိုပြောတော့
ကျွန်တော်လည်း စိတ်ဝင်စားမိသည်။

" Gay လား"

လင်းက ခေါင်းခါပြပြီး

"မှားတယ် Tomboy"

"တကယ်လား ကိုယ်က ယောက်ျားလေး
ထင်ပြီး လင်းနဲ့ သဝန်တိုနေတာ"

"ဖြစ်ရမယ် ကိုကိုကတော့ ဒါနဲ့ ဝမ်းသာစရာသတင်း ပြောစရာရှိတယ်"

"ဘာများလဲ လင်းရဲ့"

"လင်း မေမေနဲ့ ဖေဖေက လင်းနဲ့ ကိုကိုနဲ့ တွဲနေတာကို သိသွားတယ် ဒါပေမယ့် နှစ်ယောက်လုံးက လင်းတို့ အချစ်စစ်ရင်
ပြီးတာပဲတဲ့ "

"ဟာ လင်း တကယ်ပြောနေတာလား"

"တကယ်ပေါ့ ကိုကိုရဲ့ ဒါနဲ့ ကိုကို့
မိဘတွေကရော"

ကို💝Where stories live. Discover now