Part (12)

229 3 1
                                    


စူးရှတို့ ညီအစ်ကိုနှစ်ယောက် အလုပ်ဆင်းတာပင် တစ်လပြည့်တော့မည်။ စူးရှက waiter နေရာရပြီး
ဟင်းကောင်းကောင်း ချက်တက်သည့် ကိုကိုကတော့
စာဖိုမှူးအကူရာထူးကို ရလေသည်။ KTV မို့ ညဘက်ပဲ customer များပြီး နေ့ခင်းဘက်ကတော့ လူရှင်းသည်။
ရာထူးအလိုက် ကွာပြီး ကိုကိုမှာ ညနေ 5 နာရီမှ ည 10 နာရီ အထိ လုပ်ရပြီး လစာလည်း ကောင်းလေသည်။ ဘွဲ့မရ ဘာမရ အလုပ်အတွေ့အကြုံမရှိတဲ့ စူးရှမှာတော့ နေ့ခင်း 12 မှ ဆိုင်ပိတ်ချိန် ည12 ထိ လုပ်မှ ကိုကို့ လစာကိုမှီလေသည်။
စားစရိတ်လည်း မပူရ၍ ပိုက်ဆံအများကြီး မလိုသောလည်း
ရင်သားခွဲစိတ်ချင်သော စူးရှအဖို့ ပိုက်ဆံကို တော်တော်စုယူနေရသည်။
ပိုက်ဆံတန်ဖိုးကိုလည်း တစ်လလောက်နဲ့တင် ကောင်းကောင်းကြီး နားလည်သွားသည်၊

ထို့အပြင် သူ၏ကလေးနဲ့လည်း တော်တော်လေး ရင်းနီးနေပြီဖြစ်သည်။ အလုပ်ပိတ်ရက်များတွင်လည်း နှစ်အိမ်တစ်အိမ် ထမင်းပေါင်းစားသည်အထိ ရင်းနှီးနေပြီဖြစ်သည်။

အခုလည်း မနက်ပိုင်းမို့ ထုံးစံအတိုင်း ရပ်ကွက် တစ်ကွက်ပတ်ကာ ပြေးနေမိသည်။ ကိုကို့ထက်ပင် အားကစားလိုက်စားပြီး အစားညှိစားသောကြောင့် စူးရှ ခန္ဓာကိုယ်မှာ တော်တော်လေးတောင့်လာသည်။ အရင်လို aircon မရှိသောနေရာတွင် နေရသောကြောင့် အမြဲတစ်စေ ဖြူဖွေးနေခဲ့သော အသားအရေများကလည်း
ယခုအခါတွင် ခပ်ညိုညို။ Hormone ဆေးလည်း စထိုးထားသောကြောင့် အသံကလည်း အနည်းငယ် ပြောင်းနေလေသည်။ ဘေးပတ်ဝန်းကျင်ကလည်း လင်းခန့်မောင်တို့ အိမ်ကလွဲရင် သူ မိန်းကလေးဖြစ်သည်ကို မသိ။ တော်တော်လေးတော့ အဆင်ပြေနေပါသေးသည်။ ကလေးအချစ်ကို မရတာကလွဲရင်ပေါ့။

စူးရှ အိမ်ရှေ့သို့ရောက်သောအခါ ခုံတန်းလျားမှာထိုင်ကာ အမောဖြေနေသည်။ ထိုစဉ်

" အကို "

"အော် ကလေး ဘာပြောမလို့လဲ "

" ဈေးထဲသွားမလို့လေ အကိုအားရင် ဈေးထဲလိုက်ပို့ပါလား ဆိုင်ကယ်စီးကျင့်ရင်းနဲ့လေ"

"ရတာပေါ့ ကလေးရဲ့ ကိုယ်လိုက်ပို့မယ်"

အခုရက်ပိုင်းတွင်း ကလေးနဲ့ ဘယ်လောက်ထိ ရင်းနှီးလာလဲဆိုရင် ကလေးကိုယ်တိုင် ဆိုင်ကယ်စီး သင်ပေးလာချင်းပင်။ ရန်ကုန်မှာနေလာ၍ ဆိုင်ကယ်မစီးတက်သည့် စူးရှအဖို့ ပဲခူးမှာတော့ ဆိုင်ကယ် စီးတက်မှကို ဖြစ်သောကြောင့် မတက်မနေရ သင်နေရသည်။
အခုတော့ ကလေးကျေးဇူးကြောင့် တော်တော်လေးပင် စီးတက်နေပြီဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: May 30, 2020 ⏰

Add this story to your Library to get notified about new parts!

ကို💝Where stories live. Discover now