သူတို့ကားလေး မြို့ထဲကိုဝင်လာတာနှင့် ကိုကိုလေးလည်း နိုးလာခဲ့သည်။
"ကိုကိုရောက်တော့မှာလား"
"ရောက်တော့မယ် ဒါနဲ့ ကျွန်တော်ဘယ်ကိုသွားပေးရမလဲ"
"ပဲခူးတက္ကသိုလ်ထဲကိုပဲ အရင်သွားပေးပါ"
"ဟုတ်ကဲ့"သူတို့ကားလေး ကျောင်းအပြင်မှာပဲ ရပ်လိုက်သည်။
"ကိုကို စူးရှတို့ ကျောင်းထဲသွားကြည့်ရအောင်
ကျောင်းထဲမှာရှာလို့လွယ်လောက်တယ်"
"သွားမယ်လေ"သူတို့ ကျောင်းထဲဝင်လာပြီး သမိုင်းမေဂျာ ခန်းတွေကို မေးပြီး ရှာကြည့်ကြသည်။
ဟိုကလေးလေးကိုမူ အရိပ်အယောင်တောင်မတွေ့။"ကိုကိုလေး ကျွန်တော်တို့ရှာတာ နှံ့နေပြီ။ မတွေ့သေးဘူး ကန်တင်းကစောင့်မယ်လေ
မနက်စာစားရအောင် "
"ဟုတ်ပါတယ်လေ အစောကြီးရှိသေးတယ်
မလာသေးဘူးထင်တယ် စားရင်းစောင့်မယ်လေ"သူတို့ ကန်တင်းထဲက ဆိုင်တစ်ဆိုင်ထဲ ဝင်ထိုင်ပြီး
စားစရာများ မှာပြီး အမောဖြေနေကြသည်။"အကိုတို့ မှာထားတာ ရပါပီ"
စားပွဲထိုးကောင်လေး စားစရာများ လာချပေးသည်နှင့် တစ်ပြိုင်တည်း
ကိုကိုကော သူရော ဗိုက်ဆာနေသောကြောင့်
ခေါင်းမဖော်တမ်း စား နေလေသည်။စူးရှ တို့ ဘေးဝိုင်းတွင် ဆူညံနေသည်ကို အစောကတည်းက သတိထားမိသည်။
ပိုဆူညံလာသောကြောင့် စူးရှ ဘေးကို တစ်ချက်ကြည့်မိသည်။ ဘေးက ကလေးတွေမှာမူ လူငယ်ပီပီ အော်လိုက် ဟစ်လိုက် စလိုက်နောက်လိုက် နဲ့ အုပ်စုကြနေကြသည်။စူးရှကြည့်နေရင်းပင် သူ့ကို စိုက်ကြည့်နေသော
ကောင်မလေး တစ်ယောက် နှင့်အကြည့်ချင်းစုံမိသည်။ ကောင်မလေးမှာမူ
ရှက်ရှက်နှင့် ပြန်လှည့်သွားသည်။
သူလည်း ပြန်လှည့်ပြီး ဆက်စားနေလေသည်။"ဟဲ့ မွန်မွန် ငါပြောနေတာကြားလား"
ဟိုအကောင် ကို phဆက်ဦးလို့"
"ဘယ်အကောင်လဲ"
"ကြောင်တောင်တောင်နဲ့ ဘာဖြစ်နေတာလဲ
လင်းခန့်မောင်ကို ပြောတာ"
"အော် အေးအေး"ခုနက ဘေးဝိုင်းက ကောင်မလေးတွေပြောတာ စူးရှ ကြားလိုက်သည်။