Part (11)

126 3 1
                                    

စူးရှတို့ အိမ်ပြောင်းလာတာပင် 1 ပတ်ခန့်ရှိနေပြီ
ဖြစ်သည်။ ရန်ကုန်ကအိမ်ကြီးကတော့ ပါးပါးရဲ့
ဒေါသကြောင့် ဘာပစ္စည်းမှ ယူခွင့်မရှိဘဲ
ပိတ်ထားခဲ့ရသည်။ နေပါစေ စူးရှမင်းခေါင် ဆိုသည့် လူသားကလည်း အကြောခပ်တင်းတင်းဖြစ်လေတော့ ထိုအရာတွေကိုမမှု။ တစ်ခုသော အရာသည်မှာ ကိုကို။
အရင်အလုပ်ကတော့ သူ့ရဲ့ ကိုယ်ရံတော်
အခုတော့ ပါးပါးရဲ့

"မင်းမြတ်ဘုဏ်း မင်း ဒီမှာ နေပြီးအလုပ်ဆက်လုပ်မလား
သူနဲ့ လိုက်ပြီး အငတ်ခံနေမလား "

စကားအောက်တွင် ကိုကိုက သူ့ကို ရွေးချယ်ခဲ့သည့်
အတွက် ကိုကိုပါ အလုပ်လက်မဲ့ဖြစ်ကာ ပဲခူးအိမ်တွင် သောင်တင်နေကြသည်။ ဒါတောင် ဒီအိမ်ကလည်း
1 လ 1 ခါ ပိုက်ဆံ ပေးရဦးမှာ။ ရောက်တည်းက ညီအစ်ကိုနှစ်ယောက် ဒေါင်းတောင့်အောင် ရှာပေမယ့် အလုပ်က ရန်ကုန်လိုမဟုတ်လေတော့ ရှားသည်။
တစ်ပတ်တိတိ နေပြီး စားစရိတ်တောင် ခြိုးခြံ ချွေတာနေရသည်။ လကုန်တဲ့အထိ အလုပ်မရရင် ညီအစ်ကိုနှစ်ယောက်လုံး ရွှေမော်ဓော်ဘုရား မုဒ်ဝမှာ ခွက်စွဲတောင်းစားရသည်ကိုပင် မြင်ယောင်လာသလိုလို။
သူကလည်း မွေးကတည်းက ဘာဆိုဘာမှ မလုပ်ဖူးသောသူ။.ကိုကိုကလည်း အရွယ်ရောက်တည်းက သူ့ကို ကြည့်ရှုစောင့်ရှောက်ရသည့်အတွက် ကောင်းကောင်းလုပ်တက်သည့် အလုပ်ကို
ပြောပါဆိုရင် ထမင်းချက် ပန်းကန်ဆေး
သန့်ရှင်းရေး တဲ့။ ဘဝက ထင်ထားသလို
မလွယ်တာကိုတော့ ကိုကိုရော သူပါ ကောင်းကောင်းကြီး ခံစားမိနေပါသည်။

အခုမနက်လည်း ခါတိုင်းလို ညီအစ်ကို နှစ်ယောက် အိမ်ရှ့မှစ၍ ရေကန်ကြီး နားလောက်အထိ အပြေးလေ့ကျင့်ခန်းလုပ်နေကြသည်။
ကိုကိုကတော့ ပြောရှာသည်။

"စူးရှတောင် ဘော်ဒီတောင့်လာပြီတဲ့"

ဒါကလည်းအမှန်ပင်။ နဂိုတည်းမှ အကောင်ကြီး အရပ်ရှည်လွယ် အမျိုးဖြစ်သော သူက ကိုကိုနဲ့အတူ
လေ့ကျင့်ခန်းလိုက်လုပ်တော့ တစ်ပတ်အတွင်းမှာပင် ခန္ဓာကိုယ်မှာ သိသိသာသာတောင့်လာသည်။

အပြန် ကောင်လေးတို့အိမ်ရှေ့မှဖြတ်တော့
ထိုလူသားလေးမှာ အိပ်ချင်မူးတူးဖြင့် ထီးလေးဆောင်းကာ အပြင်သွားဖို့ပြင်နေသည်။ ဒီကောင်လေး
မျက်နှာကြောင့်သာ သူ ဒီအထိ ရောက်လာခဲ့ရတာ မဟုတ်လား။

ကို💝Where stories live. Discover now