part(3)

356 16 0
                                    

ဆံပင်ညှပ်ဆိုင်ထဲမှာ ထိုင်နေတဲ့ကိုကိုလေး
ကိုကြည့်ပြီး သူရင်မောမိသည်။သူအရမ်းတန်ဖိုး
ထားခဲ့သော ဆံနွယ်ရှည်ရှည်တို့ကို နှမြောမိသည်။
ကာယကံရှင် ကိုကိုလေးကတော့ မျက်နှာထား
တည်တည်နှင့် မှန်ကိုသာစိုက်ကြည့်နေသည်။

"အမ ဘယ်လိုပုံစံမျိုးညှပ်ချင်တာလဲ ဗျ"
"ဘေးတွေကို လုံးဝအတိုညှပ်ပေးပါ
အရှေ့ကိုတော့ အဆင်ပြေအောင်လုပ်ပေးပါ"
"ဟုတ်"

သူ၏ဆံပင်တွေကို ဆံပင်ညှပ်ဆရာက နားရွက်အောက်မှ တိခနဲဖြတ်လိုက်သည်။
ခါးအထက်ရှိသောဆံနွယ်တို့မှာ တဖြည်းဖြည်းတိုလျက်။နားရွက်နားရှိသော
ဆံနွယ်တို့ကို အရှေ့ကော ဘေးတွေပါညှပ်လိုက်သည်။ ပြီးတော့မှ ဆံပင်တွေကို အတိုရိတ်ပစ်သည်။
အရှေ့ဆံပင်ကိုတော့ ခပ်ရှည်ရှည်ချန်ထားပေးသည်။ Emo ကေ
အတိုဖြစ်နေသည်။
ဆံပင်အများကြီးညှပ်ချလိုက်သောကြောင့်
သူ့စိတ်ထဲပေါ့ပါးနေသည်။

"ဒါကညှပ်ခါစမို့ပါ နောက်ပိုင်းရှည်လာပြီး
ကြည့်ကောင်းလာလိမ့်မယ် အမ"
"ကျေးဇူးတင်ပါတယ် ဒါပေမယ့် အမလို့မခေါ်ပါနဲ့
ကိုကို ပိုက်ဆံရှင်းလိုက်ပါ"

ပြောပြောဆိုဆိုနှင့်သူကားရှိရာသို့ ပြန်လာပြီး
ကားထဲတွင် ဝင်ထိုင်နေသည်။သူ့ကို မိန်းမလို
ဆက်ဆံနေကြသည်ကို အသားမကျနိုင်သေး။
ပါးပါးတို့က စိတ်အပြောင်းအလဲဖြစ်တာပါဟူ၍
သူ့ကို အခုချိန်ထိ မိန်းကလေးတစ်ယောက်လိုပဲ
နေစေခဲ့သည်။သူတို့အမျိုးတွင် သူ့လိုလူမှမရှိသည်ကိုး။ အမျိုးများက သူပုံမှန်ဖြစ်အောင် ပါးပါးအား တွန်းအားပေးကြသည်။ ပါးပါးသည်လည်း သူ့အား
ဖိအားပေးခဲ့သည်။ သူငယ်ငယ်ထဲက ဒီလိုဒဏ်များ
ခံစားရခဲ့တော့လည်း သူအေးစက်စက်နေတာ
သူ့အပြစ်မဟုတ်ဘူးလို့ပင် ခံယူထားသည်။

"ကိုကိုလေး ဘယ်ဆက်သွားကြမလဲ"
"အဝတ်အစား သွားဝယ်မယ်လေ ကိုကို"
"ဟုတ်ကဲ့"

ကိုကိုလေးကိုကြည့်ရတာ သူပင်ပန်းသည်။ နာကျင်ရင်လည်း နာကျင်တယ်လို့မပြော။ ငိုချင်ရင်လည်းမငို။ ပျော်စရာရှိရင်လည်း မပျော်တက်။ အကုန်လုံးကို ရင်ထဲမှာ သိမ်းထားတက်သောကြောင့် ပုံမှန်ထက် ခံစားနေမှာ သူသိသည်။ အခုလည်း အားလုံးနဲ့
အတိုက်အခံလုပ်ပြီးနေရတာ တော်တော်ပင်ပန်းနေလောက်ပါသည်။

ကို💝Where stories live. Discover now