မင်းဘုဏ်းမြတ် ဘေးတွင် ရှိသော
ကိုကိုလေးကို တစ်ချက်ကြည့်လိုက်သည်။
ဟိုကောင်လေးကို သဘောကျတာကို
သိပေမယ့် ပဲခူးထိ အိမ်ပြောင်းမည်ဟု စိတ်ကူးထဲမှာတောင် မတွေးမိခဲ့။ အခုလည်း
မနက်အစောကြီးထကာ ပဲခူးကို သွားမည်ဟုဆိုကာ ထွက်လာသည်။
ဤသည်မှာလည်း ကိုယ်ပိုင်ကားနှင့်မဟုတ်
ပဲခူး - ရန်ကုန် ပြေးဆွဲသော Busကား
အသေးလေးနှင့်ပင်။ ကိုကိုလေးကတော့
ပြတင်းပေါက် ဘက်မှထိုင်ကာ နားကြပ်လေးတပ်ပြီး အပြင်ကို ငေးကြည့်နေသည်။လေတွေ တဟူးဟူးတိုက်နေသောကြောင့်
ကိုကိုလေး၏ ဆံပင်တိုတိုလေးများမှာ
လေနှင့် လိုက်ပါ လွင့်နေသည်။
ထိုမြင်ကွင်းသည် သူမြင်ဖူးသမျှ မြင်ကွင်းများထဲတွင် အလှဆုံး မြင်ကွင်းဟုသာ
သတ်မှတ်ထားချင်ပါသည်။ပဲခူး - ရန်ကုန်ကားလေးသည် ရွှေမောဓော ဘုရားနားမှာပင် ဂိတ်ဆုံးသောကြောင့်
သူတို့နှစ်ယောက်လုံး ကားပေါ်မှ ဆင်းလာလိုက်သည်။"ကိုကိုရေ ဟိုကလေးအိမ်က လိုသေးတယ်ထင်တယ်နော်"
"Omm လိုသေးတယ် ကားငှားသွားကြမလား"
"ကိုကိုကလည်း ဒီလောက် ဆိုင်ကယ်ပေါတာ
ဆိုင်ကယ်စီးသွားကြမယ်""ကိုကိုလေး သဘောပါပဲဗျာ"
မင်းမြတ်ဘုဏ်း ဖြေလိုက်တော့ ကိုကိုလေးက
သဘောကျတယ် ထင်ပါ့ နှုတ်ခမ်းလေးကွေးရုံမျှသာ ပြုံးပြသည်။စူးရှ စိတ်တို့ လန်းဆန်းနေပါသည်။
ကိုလုပ်ချင်တာသာ လုပ်ခွင့်ရရင်
လူတိုင်းက ကျေနပ်ကြသလို သူလည်း
ထိုလူသားများထဲက တစ်ယောက်ပဲလေ။ဆိုင်ကယ်ကယ်ရီကို နှစ်စီးဠားကာ တစ်ယောက်တစ်စီး စီးလာကြသည်။
ကယ်ရီသမားများက အိမ်တစ်အိမ်ရှေ့တွင် ရပ်ကာ"ရောက်ပြီ အကို ဒီအိမ်ပဲ"
"ဟုတ် ကျေးဇူးပါပဲ"
ပိုက်ဆံရှင်းပြီးနောက် သူအိမ်အခြေအနေကို
တစ်ချက် အကဲခတ်ကြည့်သည်။
ပေ၂၀ကိုမှ နှစ်ထပ်တိုက်လေးဆောက်ကာ
အပြာနုရောင်ဆေးသုတ်ထားပြီး
အိမ်ရှေ့တွင် ပန်းအိုးလေးများပါ
ချထားသည်။ ကောင်လေးတို့အိမ်သည် အဆင်ပြေသည့် အထဲတွင်ပါသည်ကို အိမ်အနေအထား ကိုကြည့်ကာ
ပြောလို့ရနိုင်သည်။
YOU ARE READING
ကို💝
Romanceချစ်ခြင်းတွေမှာသာ အကန့်အသတ်ရှိရင် မင်းကို ကိုယ်ချစ်ခဲ့မိပါ့မလား ကလေးရယ်