"မေမေရေ ဒီနေ့ Hyunnie က ပြန်လာမှာတဲ့ ..
သွားကြိုရအောင် ""သူ့မိဘတွေ သွားကြိုမှာပေါ့ သားရဲ့ "
"မေမေကလည်း... သားကြိုချင်လို့ပါ ..Hyunnie နဲ့က
မတွေ့တာကြာလှပြီကို ..""အသာနေပါ သားရယ် .."
"မေမေ..နော်..နော်လို့ ..Hyunnie ကို မကြိုရရင်
သားအစာမစားပဲနေမှာနော် ...""ကဲ..KyungSoo ရယ် ငါ.နားငြီးလှပြီ ..
ပြောမရလည်း သွားတော့ ... ""ဟီး ..ဒါကြောင့် မေမေ့ကို ချစ်နေရတာ.မွမွ ..."
ဟင်းချကိနေသော မေမေ့ကို နမ်းပြီး အကျီင်္လဲဖို့ အပေါ်ကို တက်လာခဲ့သည်။
"ဘာဝတ်ရင်ကောင်းမလဲ ? "
ဗီဒိုကြီးကို ဖွငိ့ပြီး ဘာဝတ်ရင်ကောင်းမလဲဆိုတာကို
စဉ်းစားနေတာ ၁ နာရီမျှပင် ကြာနေပြီပင်။ခုထိ ဘာဝတ်ရမလဲမသိသေး..။
နောက်ဆုံးတော့ short pant အမည်းလေးကို
Shirt အမည်းလေးနဲ့ တွဲပြီး ဝတ်လိုက်သည်။အဝတ်လဲနေရငိးနဲ့ ဟိုတစ်နေ့က ကိစ္စကို ပြန်သတိရမိသည်။
အဲ့နေ့က အဝတ်လဲခန်းမှာ နမ်းသွားတဲ့ ဟိုလူကြီးကြောင့်
မေ့လဲသည်အထိဖြစ်ခဲ့တာပင် ...။မေမေက အဝတ်လဲတာ ကြာလို့ဆိုပြီး တံခါးကိုဖျက်ခိုင်းမှ
အဝတ်လဲခန်းမှာ ကွေးကွေးလေးဖြစ်နေသော ကျွန်တော်..။မေမေပြောတာကတော့ အကျီင်္ကို ခြုံပြီး အိပ်နေတာတဲ့ ..
အမှန်က ကျွန်တော်မေ့လဲသွားတာ..
ဟိုလူကြီးက ကျွန်တော့်ကို အကျီင်္ခြုံပေးလိုက်တော့
မသိရင် ကျွန်တော်က ကြုံရာအိပ်တဲ့ပုံစံလို ..တွေးရင်းနဲ့ ဒေါသထွက်လိုက်တာ ..
နောက်တစ်ခါတွေ့ရင် မှတ်လောက်သားလောက် ရန်တွေ့ပစ်မယ်။ဟိုလူကြီးကြောင့် ဒေါသထွက်ပြီး
ဆောငိ့ကြွားဆောင့်ကြွားနဲ့ဆင်းလာမိတော့ မေမေက
သူ့ကို ရွဲ့တယ်ထင်ပြီး ခေါင်းကို ခေါက်သည်။