FIRST

8K 481 19
                                    

မိုးဦးရာသီအစဖြစ်​တာ​ကြောင့်​ ​ကျောင်းများပြန်​လည်​ဖွင့်​ခဲ့ပြီပင်​~

ကျောင်းအပ်​ဖို့အတွက်​ ​ကျောင်းသား​ရေးရာဌာနကို ​ခြေချလိုက်​ရုံ​လေးရှိ​သေး များပြားလှတဲ့ လူ​တွေကိုကြည့်​ရင်း
တံ​တွေးမျိုချမိလိုက်​သည်​။

"ဒီလိုမှန်းသိရင်​ ​စော​စောလာပါတယ်​ "

ဖြည့်​ရမယ့်​ Form ကို ယူပြီး လွတ်​​နေ​သော​နေရာမှာ ဝင်​ထိုင်​လိုက်​သည်​။

အားလုံးပြီးဆုံးသွားတာနဲ့ ထို Form ကို အပ်ပြီး
ငွေ​ပေးဖို့အတွက်​ Reception ကို လာခဲ့လိုက်​သည်​။

၂ နာရီကြာသွားသည့်​တိုင်​​အောင်​ ​လျော့မသွားတဲ့ လူဦး​ရေ​ကြောင့်
စိတ်​​တွေပါ မကြည်​မလင်​ဖြစ်​လာ၏...။

Form ကို ထပ်​ထားပြီး​နောက်​တစ်​ခါပြန်​လာမယ်​လို့ ဆုံးဖြတ်​လိုက်​သည်​။

ခက်​တာက ..တိုးမ​ပေါက်​​သော ဒီလူအုပ်​ကို​ကျော်​ပြီး​တော့
Form ကို ဘယ်​လိုထပ်​ရမယ်​မသိ~

သေချာတယ်​ ...
သေး​ကွေး​သော ဒီခန္ဓာကိုယ်​က ဒီလူ​တွေကို​ကျော်​ပြီး​တော့လည်း
Form ထပ်​နိုင်မှာလည်းမဟုတ်​ ..

" ဒီတိုငိးပဲ ​စောင့်​​နေလိုက်​တာ​ပေါ့ KyungSoo ရယ်​ "

သက်​ပြင်းချ့ပြီး စိတ်​ပျက်​စွာနဲ့ ထို​နေရာမှာပဲရပ်​​နေလိုက်​သည်​၊

ရုတ်​တရက်​ လက်​ထဲက Form ကို လုယူခံလိုက်​ရသည်​။
ထိုသူအား ပြန်​​ပြောဖို့ပြင်​လိုက်​​ပေမယ့်​ ကျွန်​​တော့်​​ခေါင်း​ပေါ်ကို
လက်​တစ်​ဖက်​တင်​ထားတာ​ကြောင့်​ ​နောက်​ကိုလှည့်​ဖို့
အခက်​ကြုံရသည်​။

"ဒီမှာ .."

"ရှူး ... က​လေးငယ်​ ...
မ​အော်​ပါနဲ့ ... က​လေးငယ်​ကို ဦးက ကူညီ​ပေးမလို့ပါ...
ဒီ Form သွားထပ်​​ပေးမလို့ .."

ခပ်​သြသြ အသံက ဤမျှ​လောက်​နား​ထောင်​​ကောင်းလိမ့်​မယ်​လို့
မထင်​ခဲ့မိတာ အမှန်​​ပေ ~

"ဟုတ်​ ... "

သူက ကူညီမယ်​ဆို​တော့ ဘာမှ့ပြန်​မ​ပြော​တော့ပဲ လက်​ခံလိုက်​သည်​။

World's best kisserWhere stories live. Discover now