"ဦးကို လက်ခံပေးမယ်မလား "
ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းနေတဲ့ ဦးကိုကြည့်ပြီး KyungSoo မျက်ရည်ရွှဲလဲနဲ့ ငိုမိသည်။
ဘာစကားမှမပြောပဲ ငိုပဲငိုနေတာမို့လို့ JongIn က ပဲ ဒူးထောက်နေရာကထပြီး ဆွဲဖက်လိုက်သည်။
"Aigooo မငိုပါနဲ့ ဒီမှာကြည့်ဦး ကြောင်ချေးရုပ်ဖြစ်နေပြီ "
Kyungsoo ကို မျက်ရည်တွေသုတ်ပေးလိုက်တော့ မျက်နှာလေးကိုမော့ပေးနေရဲ့ ...
"ဦးကိုလက်ခံမယ် မလားလို့ ဟမ် ... ဖြေပါဦး "
မျက်ရည်တွေပါမက နှာရည်တွေပါထွက်နေတာမို့လို့ JongIn က လက်ကိုင်ပဝါလေးနဲ့ တယုတယသုတ်ပေးရင်း မေးလိုက်သည်။
"ဟင့် ဦး ... "
"ပြောလေ ကလေးငယ် "
"လက်ခံတယ် ... ဟင့် ဦးပြောတာကို လက်ခံတယ်လို့ "
ချက်ချင်းပဲ JongIn ကို ဖက်ပြီး ငိုနေပြန်တဲ့ KyungSoo ကို အသာလေးပြန်ပွေ့ထားလိုက်ပြီး ဆံပင်လေးတွေကို ဖွပေးလိုက်သည်။
"ကလေးဆိုးလေး"
~~~
"ဦး .. ဒီကိစ္စ omma ကို ဘယ်လိုပြောမလဲဟင်"
ူသူပေးထားတဲ့လက်စွပ်လေးကို ဝတ်ပြီး မေးနေတဲ့ KyungSoo ကို ကြည့်ပြီး JongIn အသည်းယားလာသည်။
မေးသာမေးတာ မျက်ရည်ကမခြောက်သေး~
"ဒီကိုလာပါဦး "
JongIn ပြောလိုက်တော့ ချက်ချင်းပဲ ပေါင်ပေါ်ရောက်လာ၏။ JongIn ကလဲ ခါးတုတ်တုတ်လေးကို ပြန်ဖက်ပြီးတော့ နဖူးချင်းတေ့လိုက်၏။
"ကလေးငယ်ရဲ့ အမေနဲ့ ပြောပြီးသွားပြီ ...
အန်တီကိုယ်တိုင်က ခွင့်ပြုလို့ ဦးက ကလေးငယ်လေးကို propose လုပ်လိုက်တာ ""ဒါဆို omma က သိနေတာပေါ့ "
"ဒါပေါ့ .. "
"မေမေရော ဦးရော အကျင့်မကောင်းဘူးဗျာ "
သူ့ကိုဖုံးကွယ်ထားလို့ စိတ်ဆိုးပြီး ပေါင်ပေါ်ကနေဆင်းသွားတဲ့ KyungSoo အနောက်ကို JongIn မှာ အမြန်လိုက်ရသည်။
သူချော့ရတော့မယ့် အချိန်ရောက်ခဲ့ပြီ
လက်ကိုပိုက် နှုတ်ခမ်းကိုထော်ပြီး မျက်နှာကိုတစ်ဖက်လှည့်ထားတဲ့ KyungSoo ကို JongIn က ဘေးတိုက်အနေအထားနဲ့ ခါးကနေဖက်လိုက်သည်။
