Paris ကနေ ပြန်လာတော့ အိမ်ကိုမပြန်ချင်သေးဘူး
ဦး နဲ့ အတူနေချင်သေးတယ်ဆိုတဲ့ KyungSoo ကြောင့် JongIn လည်း Baekhyun ကို အကူအညီတောင်းပြီး KyungSoo ရဲ့ အမေကို ကြည့်ပြောခိုင်းထားသည်။
~ Baekhyun လိုချင်သည့် ပြိုင်ကားကိုဝယ်ပေးမယ် ဆိုတဲ့ ကတိ နဲ့ ~"Eweee. ... ပင်ပန်းလိုက်တာ "
JongIn ရဲ့ အိပ်ရာပေါ်မှာ ခြေကားယား လက်ကားယားပစ်ပြီး ညည်းညူနေတဲ့ KyungSoo ရဲ့အနားကို JongIn သွားလိုက်သည်။
"အရမ်း ပင်ပန်းနေတာလား ကလေးငယ် "
KyungSoo ဘေးနားကိုလှဲချလိုက်ပြီး ဆံပင်လေးကိုသပ်ပေးကာ ဘေးတစ်စောင်းအနေအထားနဲ့ မျက်နှာလေးက်ုကြည့်နေလိုက်သည်။
"အွန်း ... အရမ်းပင်ပန်းနေတာ ... ဦး ရဲ့ ရင်ခွင်ထဲမှာ နေရရင် ပျောက်မယ်ထင်တယ်"
ပြောပြောဆိုဆိုနဲ့ JongIn ခါးကိုဖက်ပြီး ခွေးပေါက်လေးလို တိုးဝင်လာတဲ့ ခန္ဓာကိုယ်လေးကို JongIn တိုးဖက်လိုက်ပြီး နဖူးလေးကို နမ်းလိုက်သည်။
"ဟား ဟား ... စကားတတ်လိုက်တာ .... .ဘယ်သူ့ကလေးငယ်လေးမို့လို့ ဒီလောက် စကားတတ်နေတာလဲ "
"မသိဘူးလေ ... ကလေးကို စားချင်နေတဲ့ ကျားကြီးပေါ့ "
"ဟား ဟား အဲ့ကျားကြီးက ကလေးငယ်လေးကို အခုစားချင်တာဆိုရင်ရော "
"ဦးနော် ... "
ရင်ဘက်ကို အားနဲ့လာထုတာမို့လို့ JongIn သဘောတကျရယ်မိသည်။
"အိပ်ချင်ပြီ ဦး ... "
"Omm omm အိပ်တော့ ဦးရဲ့ကလေးငယ် ... အိမ်မက်လှလလေးမက်ပါစေ. .. အိမ်မက်ထဲကို ဦး လာခဲ့မယ် "
ခဏအကြာ အိပ်ပျော်သွားတဲ့ KyungSoo ကို ခေါင်းအုံးပ်ါသို့ပြောင်းပေးလိုက်ပြီး ရေချိုးပစ္စည်းတွေနေရာတကျချပြီး အိပ်ရာဝင်ခဲ့သည်။
ူအိပ်တိုင်း ဆူထော်ထော်လေးဖြစ်နေတဲ့ နှုတ်ခမ်းလေးကို
အနမ်းပေးရင်း KyungSoo ရဲ့ ခေါင်းကို သူ့လက်မောင်းပေါ်သို့ ပြောင်းအိပ်စေလိုက်သည်။"ကလေးငယ်ရဲ့ အိမ်မက်တွေကိုပါ ပိုင်ဆိုင်ပါရစေ "
💋