"KyungSoo ! "
ခုနစ်အိမ်ကြား ရှစ်အိမ်ကြားအောင် အော်နေတဲ့ Baekhyun ကြောင့် KyungSoo TV ကြည့်နေရာကနေ တုန်တက်သွားသည်။
"မင်း ဘိုးအေမို့လို့ အဲ့လောက်အော်နေရတာလား .. "
ပက်ကနဲပြန်ပြောပြီး ... မျက်မှောင်ကုတ်ပြီးကြည့်လိုက်တော့
Baekhyun က သွားဖြဲနဲ့ရယ်ပြပြီး KyungSoo ဘေးနားကို
လာထိုင်သည်။"ချစ်သူငယ်ချင်းလေး .."
"KyungSoo. ...ya. .. "
"အသည်းလေး ... ပူကြူးလေး .... အူကြူး ... "
" Yaaaaaa.. "
ဘယ်လောက်ခေါ်ခေါ် ပေါက်ပေါက်ဆုပ် အစားမပြတ်ပဲ TV ကိုသာ ငမ်းနေတဲ့ KyungSoo ကြောင့် Baekhyun ထအော်လိုက်သည်။ သို့သော် တစ်ချက်လေးတောင် လှည့်မကြည့်။
"အန်တီရေ ... ကျွန်တော် Baekhyun လာတယ် ..
အန်တီ့ကိုတိုင်စရာရှိတယ်ရှိလား .... KyungSoo ကလေ ...
ကျွန်တော့်အစ်ကိုနဲ့ ... အား !!!!! "စကားမဆုံးခင် နောက်ကျောကို ဖြန်းကနဲရိုက်ချလိုက်တာကြောင့်
Baekhyun. ... ပါးစပ်ပိတ်သွားသည်။"ငါ့အခန်းထဲ သွားမယ် ... လိုက်ခဲ့ ... ခုနလိုအသံထွက်ကြည့်နော် ..
ငါ့အဆိုးမဆိုနဲ့ ..."ပိတ်ဟောက်ပြီး အရှေ့ကနေ ကော့တော့ကော့တော့ သွားနေတဲ့ KyungSoo ကို ကြည့်ရင်း Baekhyun မေတ္တာပို့လိုက်သည်။
*ဘယ်တော့မှသူ့ထက်အရပ်ရှည်မလာပါစေနဲ့ *
"လာရင်းကိစ္စပြော .... စကားရှည်ဖို့ မစဉ်းစားနဲ့ ..လိုရင်းတိုရှင်းပြော ... ငါကအားတာမဟုတ်ဘူး ..."
ကုတင်ပေါ်မှာ ခြေချိတ်ထိုင်ပြီး မျက်နှာမော့ကာ ... မျက်ခုံးတစ်ဖက်ပင့်ပြီးပြောနေတဲ့ KyungSoo ကို Baekhyun နှုတ်ခမ်းမထိ သွားမစိကြည့်လိုက်သည် ( ဝါဂွမ်းလေး အစားစာရင် မိတ်ကပ်မပျက်အောင်စားတဲ့ပုံစံလေး)
"မင်းဘိုးအေပဲ KyungSoo. ... စေတနာပျက်အောင် လာမလုပ်နဲ့ ... ငါ့ Hyung ကို ကတုံးတုံးပေးလိုက်မယ် "
"ဘာလဲကွာ ... ဘာကိစ္စလဲပြော .."
"Hyung က မင်းကိုခေါ်ခိုင်းလို့ ..."
"ဟင် .. ဦးက ခေါ်ခိုင်းတယ် ဟုတ်လား ... ဘာတဲ့လဲ "
KyungSoo ကုတင်ပေါ်ကနေ ကုန်းရုန်းဆင်းလာပြီး Baekhyun ရဲ့ အနားကို အပြေးအလွှားသွားလိုက်သည်။