JongIn အိမ်ကနေ ပြန်လာပြီးကတည်းက KyungSoo တစ်ယောက်အခန်းထဲအောင်းနေသည်၊
တစ်စုံတစ်ခုကို သေသေချာချာတွေးတော နေသလိုမျိုးနဲ့ ကုတင်ပေါ် ပက်လက်လှန်ကာ မျက်နှာကြက်ကိုကြည့်ရင်း စဉ်းစားဟန်ပြုနေသည်။"သားငယ် ..KyungSoo လေး .. ထမင်းစားမယ်လေ "
KyungSoo အမေကိုယ်တိုင် ထမင်းစားဖို့ ခေါ်ကာမှ သတိဝင်လာသည်။ နာရီလက်တံက ၇ နာရီကို ပြနေသည်။
Ohh God ... သူအကြာကြီး အခန်းထဲမှာ နေနေခဲ့တာပဲ ....
×
×
×ထမင်းစားပြီးတာနဲ့ ခြံထဲကိုဆင်းပြီး လမ်းလျှောက်နေလိုက်သည်။
ညဘက်တိုက်တဲ့လေအေးက စိတ်ကိုတကယ်လန်းဆန်းစေ၏။
KyungSoo လမ်းလျှောက်နေရင်းနဲ့ ဘာရယ်မဟုတ် ... အပြင်ဘက်ကို မျက်လုံးကရောက်သွားသည်။ သစ်ပင်နားက အရိပ်ကလည်း ဝှစ်ကနဲ ပျောက်သွားသည်၊ထိုအရိပ်ရှိတဲ့နေရာကို KyungSoo ခေတ္တမျှငေးကြည့်မိသည်။
နောက်ဆုံး အခန်းထဲပြန်ဝင်ပြီး စာလုပ်နေလိုက်သည်။" ဝါး .... အိပ်ချင်လိုက်တာ ... "
စာလုပ်နေရင်း ချက်ချင်းငိုက်လာတဲ့ မျက်လုံးကြောင့် ပါးနှစ်ဖက်ကိုဘယ်တစ်ပြန် ညာတစ်ပြန်ရိုက်ကာ အိပ်ချင်စိတ်ပျောက်အောင်
ခပ်နာနာ ချလိုက်သည်။"နာ နေမယ်လေ ကလေးငယ် ရဲ့ ... "
သူ့ပါးကိုသူပြန်ရိုက်နေတဲ့ KyungSoo လက်ကို ကိုင်ပြီး
ပြောလာတာကြောင့် KyungSoo ခန္ဓာကိုယ် တုန်တက်သွားသည်။"လန့်သွားတာလား ... sry ... ဦးက ကလေးနာမှာစိုးလို့
အမြန်ဆွဲလိုက်ရုံပါ ... ""ခင်ဗျား ဘာလာလုပ်တာလဲ "
"ကလေးငယ်က မေ့နေတော့လည်း ဦးက ထပ်ပြောရမှာပေါ့ ..
ဦးက ညတိုင်း ကလေးဆီလာမှာလေ ..""မရဘူးနော် .. ခင်ဗျားကြီး .. ကျွန်တော့်အခန်ူးကို ဝင်ချင်သလိုဝင်နေမှာလား "
ကိုင်ထားတဲ့လက်ကို ဖြုတ်ချပြီး ခပ်မာမာပြောဆိုနေသော KyungSoo က ဒီ့ထပ်ပိုပြီး ချစ်စရာမကောင်းလာခင်
ရက်ခွင်ထဲရောက်သွားပြန်သည်။"ချစ်လို့ သေတော့မှာပဲ .. ကလေးငယ်ရယ် "
"ဟေ့လူ ... ခင်ဗျား... အု ..."
