FOURTH

3.7K 421 24
                                    

Toilet ထဲကနေ ထွက်လာတော့ KyungSoo
စိတ်နဲ့ကိုယ်နဲ့ မကပ်ပေ ...

အန်ထားတာကြောင့် အားမရှိတာရော ..
ဟိုလူကြီး နမ်းသွားတာရော ပေါင်းပြီး မြေပြင်ပေါ် ခြေထောက်တောင်
မချနိုင်တော့ပေ။

ယိုင်တိုင်ယိုင်တိုင်နဲ့ လျှောက်လာတဲ့ KyungSoo
ကိုမြင်တော့ Baekhyun က ပြေးထူသည်။

"Kyung ဘာဖြစ်သွားသေးလဲ
သက်သာရဲ့လား "

လက်နှစ်ဖက်ကို ချိတ်ထားပြီး တောင်းပန်တယ်ဆိုတဲ့
အကြည့်လေးနဲ့ကြည့်နေတဲ့ Baekhyun ကြောင့် KyungSoo ပြုံးပြလိုက်သည်။

"ဒါနဲ့ ဦးရော "

ဦး ကို မတွေလို့ မေးလိုက်သည်။

"မင်းအတွက် ဆေးသွားဝယ်တယ် "

Baekhyun ရဲ့ စကားကြောင့် KyungSoo
မျက်နှာလေးရဲကနဲ ဖြစ်သွားသည်။

"ငါ နေမကောင်းဖြစ်တုန်းက ဆေးဝယ်ပေးဖို့ နေနေသာသာ
ဆန်ပြုတ်တောင် ဝယ်လာတာမဟုတ်ဘူး "

ဗြစ်တောက် ဗြစ်တောက်နဲ့ ပြောနေတဲ့ Baekhyun ကို
"မင်းကလည်း " ဆိုတဲ့ တစ်ခွန်းသာပြောပြီး နေရာမှာပြန်ထိုင်
နေလိုက်၏။

"ကလေး သက်သာလား "

နောက်ကနေ လှမ်းပြီး နဖူးကိုစမ်းလာတဲ့ ဦး ကြောင့်
KyungSoo အနည်းငယ် လန့်သွားမိသညိ။

"Hyung. .. ဒီအရှေ့ထိ မလာနိုင်လောက်အောင်
အသည်းအသန်ဖြစ်နေတာလား "

Baekhyun ပြောမှ KyungSoo သတိထားမိသွားသည်။
ဦးက အနောက်ကနေပြီး နဖူးကိုစမ်းတာက မသိရင် Back hug လုပ်သလိုမျိုး ~

"လျှောက်ပြောနေတာတွေ ရပ်ပြီး စားစရာရှိတာသာ စားယ
Baekhyun ... "

ဦးရဲ့ အသံမာမာ ပြောလိုက်တဲ့နောက်မှာ Baekhyun
အသံတိတ်သွားသည်။

"ရော့ ဆေးသောက်လိုက် "

ဝယ်လာတဲ့ ဆေးကို လက်ဖဝါးထဲထည့်ကာ ပါးစပ်နားကို
တေ့ပေးလာသည်။

လက်တစ်ဖက်ကလည်း ရေခွက်ကို ကိုင်ထားလျက် ...

"ဦး "

တိုးလျလျ အသံနဲ့ ငိုမဲ့မဲ့ မျက်နှာလေးဖြင့် ဦး ကို မော့ကြည့်လိုက်သည်။

World's best kisserWhere stories live. Discover now