"ဟင်... ဦး.... "
"ကိုယ့်ကို မှတ်မိလား ... "
ဦး ...
ငယ်စဉ်ကတည်းက hyung လို့ခေါ်ရတာထက်
ဦး ဆိုပြီး ခေါ်နေခဲ့တဲ့ သူ ~အထက်တန်းစတက်ကတည်းက မတွေ့ဖြစ်ခဲ့တဲ့ ဦးက ...
အခု သူ့ရှေ့မှာ ...မတွေ့ရတဲ့ နှစ်များအတွင်း ရင့်ကျက်လာတဲ့ ဦးက ခန့်ညားလိုက်တာ~
ကျွန်တော်မုန်းတဲ့ နှုတ်ခမ်းမွှေးတွေတောင် ဦးမျက်နှာပေါ်မှာရှိလို့
သဘောကျမိသည်။"ကလေး ... "
"ဟင်.. ဟင် ... "
"ဘာတွေတွေးနေတာလဲ .. ခေါ်တာတောင်မကြား .. "
"Ar..arnyi ... ဒီတိုင်း ... အတွေးလွန်သွားလို့ .. "
"မတွေ့ရတဲ့ အတောအတွင်း ချစ်စရာ ကောင်းလာလိုက်တာ .."
ကလေး ...
ထိုစကားက .. ကျွန်တော့်ကို ခေါ်နေကြ အသုံးအနှုန်း ...
ကျွန်တော်ကလည်း ဦးကို Hyung လို့ မခေါ်ချင်သလို ..
ဦးကလည်း ... Kyungie ဆိုတာထက် .. ကလေးလို့
ခေါ်တာကို ပိုပြီးသဘောကျခဲ့သည်။"နောက်မှ အလွမ်းသယ်ကြပါ ... အခု ဒီနေရာနေ သွားကြရအောင် "
"Baekhyun မင်းက ဘယ်သွားမလို့လဲ "
KyungSoo မေးတာကို ပြန်မဖြေပဲ
"ငါ့နောက်သာ လိုက်ခဲ့ " လို့ တစ်ခွန်းထဲ ပြောပြီး မြောက်ကြွ
မြောက်ကြွ သွားနေသော Baekhyun ကို ကျိန်ဆဲရင်း
နောက်ကနေသာ လိုက်လာခဲ့လိုက်သည်။ဒါပေမယ့် ... ကျွန်တော့်အနောက်မှာ ... ဦး လိုက်လာခဲ့သည်။
"တီ တီ ... "
"ကလေး ."
ကားလမ်းဖြတ်ကူးရင်း ကားတိုက်မလို့
ဖြစ်ခါနီးလေးမှာ လက်ကို ဆွဲပြီး သူ့ရင်ခွင်ထဲ ထည့်လိုက်သော
ဦးကြောင့် နှလုံးခုန်သံတွေ မြန်လာသည်။"သတိထားလေ ကိုယ်ဘယ်လောက်လန့်သွားလဲ သိရဲ့လား ! "
ခပ်မာမာ အသံကြောင့် အနည်းငယ် ဝမ်းနည်းမိပေမယ့်
အလန့်တကြားပြောနေသော ဦးကိုကြည့်ရင်း
တစ်စုံတစ်ယောက်ကို သတိရသွားသည်။
