"ခင်ဗျားက ဘယ်သူလဲဟင် "
တိုးလျလျအသံနဲ့ KyungSoo မေးလိုက်တော့ စူးရှသော
မျက်ဝန်းဖြင့်သူ့အားလှည့်ကြည့်လာလေသည်။
သု့်သော် ဒီတစ်ခါတော့ သူ့မျက်ဝန်းတွေက မှိန်လျလွန်းသည်။"ကလေးရဲ့ ဦးလေ "
နားမလည်သောဟန်ဖြင့် ကြည့်လိုက်တော့ ဆံပင်လေးကို အသာလေးဖွလိုက်၏။
"ကလေးကို ချစ်နေတဲ့ သူပါ ....
ကလေးက ဦး ရဲ့ ကမ္ဘာလေ "စကားအဆုံးမှာ အံ့သြဝိုင်းစက်လာတဲ့ KyungSooရဲ့ မျက်ဝန်းလေးကို
ပြန်လည်ကြည့်ရင်း မျက်ခွံမို့မို့လေးပေါ်ကို အနမ်းခြွေချမိပြန်သည်။"အချိန်တန်ရင် ကလေးရှေ့မှာ ရဲဝံ့စွာနဲ့ အမှန်ကိုပြောမှာပါ ..
အဲ့မတိုင်ခင်အထိတော့ ဒီလိုလေးပဲ နေပါရစေ ...
ကလေးအနားမှာ ဒီလိုပဲနေပါရစေ .... အဲ့ချိန်ထိတော့
ဦးကိုစောင့်ပေးနော် "ဆွေးမြေ့နေသော မျက်ဝန်းတွေနဲ့ပြောနေတဲ့ ထိုလူကြောင့်
KyungSoo ဘာမှမလုပ်နိုင်။ ထိုသူကိုသာ ဆက်ပြီုးကြည့်နေလိုက်သည်။ မျက်နှာဖုံးစွပ်ထားတာကြောင့် ထိုလူ၏ ပုံအမှန်က်ု မခန့်မှန်းတတ် ။ ပ်ုဆိုးတာက အလင်းရောင် မှ်န်ဖျဖျသာ ရှ်နေတာကြောင့်
သည်းကွဲစွာမမြင်ရတဲ့
ထိုလူကို ကြည့်ပြီး စဉ်းစားရခက်နေသည်။ဒီ မျက်ဝန်းတွေကို ရင်းနှီးနေလိုက်တာ ...
"ကလေး အိပ်တော့လေ ... ကျောင်းသွားရဦးမယ်မလား "
"ခင်ဗျား သွားတော့လေ ",
" ကလေးအိပ်နေတာကို ကြည့်ချင်သေးတယ် "
" မရဘူးနော် .. .ခင်ဗျား မသွားမချင်း ကျွန်တော်မအိပ်ဘူး "
မျက်မှောင်ကြုတ်ရင်း ပြောလိုက်တော့ စူးစိုက်ကြည့်ကာ
နှုတ်ခမ်းပါးက တွန့်ကွေးသွားသည်။"ဘာ ရယ်တာလဲ "
" ချစ်ဖို့ကောင်းလို့ "
" ခင်ဗျားနော် သွားတော့ "
ကုတင်ပေါ်မှာ ထိုင်နေတဲ့ သူ့ကို အတင်းဆွဲထူလိုက်သည်။
သု့်သော် ထိုနေရာကနေ မရွေ့။"အီး .... အား ....."
ရှိသမျှ အသံပေါင်းစုံ ထွက်လာပေမယ့်လည်း ထိုလူကြီးကတော့ ရယ်မြဲပင်။