EIGHTH

3.3K 380 13
                                    

ရင်ညွန့်ပေါ်ကို ကျရောက်တဲ့ နှုတ်ခမ်းထူထူတစ်စုံကြောင့် KyungSoo သွေးတွေ ဗြောင်းဆန်သွားသည်။

ဒါတင်မက ...  JongIn ပြောလိုက်တဲ့ စကားကြောင့် KyungSoo.မှာ ပို၍ အံ့သြသွားသည်။

ဘာမှတုံ့ပြန်နိုင်စွမ်းမရှ်တော့ပဲ JongIn ပေါင်ပေါ်မှာတင် အသိစိတ်လွတ်နေသော လူတစ်ယောက်လို တုပ်တုပ်မျှမလှုပ်တော့။

ရင်ဘက်ပေါ်မှာ နီနီရဲရဲ အမှတ်လေးတွေ့ ပြည့်နှက်သွားတော့
ပြုတ်သွားတဲ့ ကြယ်သီးတွေကို လက်ချောင်းရှည်ရှည်တွေနဲ့ တစ်လုံးချင်းစီ ပြန်တပ်ပေးသည်။

"စိတ်ဆိုးသွားတာလား ..  ဟမ် ... "

ကြယ်သီးတပ်ပေးနေရင်းနဲ့ တဖြည်းဖြည်းနီးကပ်လာတဲ့ မျက်နှာအနေအထားကြောင့် သတိဝင်လာပြီး JongIn မျက်နှာက်ု ကြည့်မိသည်။

"မပြောမိလို့ တောင်းပန်ပါတယ် .. . "

ခပ်နွမ်းနွမ်းအသံအောက်မှာ စိတ်မကောင်းသောအမူအရာနဲ့
ပြုမူလာသူကိုကြည့်ရင်းနဲ့ မျက်ရည်ဝဲတက်လာသည်။

မျက်လွှာချ .  ခေါင်းကိုငုံ့ရင်းသာ နေနေလိုက်သည်။

"ငိုနေတာလား ... ငိုနေတာလား ဟမ် ... "

စိုးရိမ်တကြီးမေးလာတဲ့ သူ့ရဲ့စကားတွေထက် လက်တွေက အရင်နေရာဦးထားသည်။ ပါးပြင်ပေါ်က မျက်ရည်စကို သုတ်ပေးရင်း တောင်းပန်စကားတဖွဖွဆိုလာ၏။

"ကလေးငယ်ရယ် ... မငိုပါနဲ့ .... ဦး .. တောင်းပန်တယ်လေနော် ...
မငိုလိုက်ပါနဲ့ကွာ "

ချော့လေလေ ပိုတိုး၍ ငိုချင်လေ ဖြစ်တာကြောင့် ဘာမှမပြောပဲ
ငိုနေမိသည်။

"ကလေးငယ်ရယ် .... "

တဖြည်းဖြည်းနဲ့ ကျယ်လောင်လာတဲ့ ရှိုက်သံတွေက်ု သူမကြားချင်တာနဲ့ မျက်ရည်တွေအနည်းငယ် စိုနေတဲ့  နှုတ်ခမ်းလေးကို
ဖိကပ်လိုက်သည်။

ခက်သည် ..... ဒီကလေးနဲ့ တွေ့တိုင်း နမ်းချင်နေတဲ့ စိတ်တွေက်ု ထိန်းချုပ်လို့ရခဲ့သည်မဟုတ် ...

အခုလို လုပ်ရသည်ကြောင့် မုန်းသွားမှာကိုလည်းကြောက်သည်။
ပြီးမှ မရရအောင်ချော့မည်ဟူသော အတွေးနဲ့ ဖိကပ်ထားရာမှ
ပါးစပ်လေးအနည်းငယ်ဟပြီး အောက်နှုတ်ခမ်းလေးကို စုပ်ယူလိုက်သည်။ မျက်ရည်စိုနေတဲ့ ပါးပြင်လေးကို သုတ်ပေးရင်း
အပေါ်နှုတ်ခမ်းကိုပါ စုပ်ယူလိုက်သည်။

World's best kisserWhere stories live. Discover now