ချစ်တယ်လို့ ဖွင့်ဟပြီးတဲ့နောက် ဒီနေ့က ပထမဦးဆူံး date တဲ့နေ့ပင်။
JongIn လာခေါ်မယ်ဆြို့ပီး ပြောထားတာကြောင့် KyungSoo
အဝတ်အစားလဲပြီး စောင့်နေလိုက်သည်။ ဒန်းလေးပေါ်မှာထိုင်စောင့်နေရင်း ကားသံကြားတာနဲ့ အပြေးအလွှားသွားမိသည်။ကားပေါ်ကဆင်းလာတဲ့ JongIn ကို တွေ့တွေ့ချင်း KyungSoo ပြေးဖက်လိုက်သည်။
"ဦး ... "
"ကလေးငယ် "
တင်းကျပ်စွာအပြန်အလှန်ပွေ့ဖက်နေရင်း KyungSoo ရဲ့ မေးဖျားလေးကို ဆွဲမော့စေပြီး နှုတ်ခမ်းလေးပေါ်မှာ တံဆိပ်ကပ်လိုက်သည်။
"လူဆိုးကြီး အားနေ နမ်းဖို့ပဲ "
ပေစောင်းစောငိးနဲ့ ကြည့်လိုက်တော့ သဘောကျစွာရယ်ပြီး ပွေ့ချီကာ ကားအဖုံးပေါ်တင်လိုက်သည်။
လက်နှစ်ဖက်ကတော့ JongIn ရဲ့ လည်ပငိးမှာသိုင်းဖက်ထားလျက်ပင်။"ပြောပါဦး ဘယ်သူက ချွဲပြီး ဦး ကို လာဖက်တာလဲ "
"ဘယ်သူလဲ မသိပါဘူး ဦး ရယ် "
မသိချင်ယောင်ဆောင်တဲ့ မျက်နှာအမူအရာနဲ့ ပြောလိုက်တော့
ခန္ဓာကိုယ်ကိုပိုပြီးတိုးကပ်စေသည်။"ဦးကို ဆွဲဆောင်နေတာပေါ့ ... ဒီနေရာမှာပဲ ပွဲကြမ်းလိုက်ရမလား
ကလေးငယ် "ရယ်ကျဲကျဲမျက်နှာဘေးနဲ့ ပြောလိုက်တော့ သိုင်းဖက်ထားတဲ့ လက်တွေကိုဖြုတ်ပြီး ရင်ဘက်ကိုလက်သီးဖြင့်လာထုသည်။
"ဟား ဟား စတာပါ ကလေးငယိရဲ့ ..
ကြည့်ပါဦး ရှက်သွားတာ မျက်နှာလေးတွေရဲနေတာပဲ... .မော့ပါဦး ကလေးငယ်ရဲ့ "ခေါင်းကိုအတင်းဆွဲမော့စေပြန်တော့ နှုတ်ခမ်းလေးဆူကာ
မော့ကြည့်လာသည်။ ပါလေးနှစ်ဖက်နဲ့ နှာခေါင်းထိပ်လေးက ရဲလျက်။"ချစ်လိုက်တာ ကလေးရယ် "
"ဦး .."
"ဟင် ... ပြောလေ ကလေးငယ် "
"ကလေးက ဦးကိုလွမ်းနေတာ ... အဲ့တာကြောင့် ဦးကိုတွေ့တွေ့ချင်းပြေးဖက်လိုက်တာ "
မျက်နှာလေးမော့ပြီး ပြုံးကာပြောနေတဲ့ KyungSoo ရဲ့ ဆံပင်တွေကိုဆွဲဖွလိုက်ပြီး နဖူးလေးပေါ် အနမ်းခြွေချလိုက်သည်။