memo 29

2.9K 204 11
                                    

"ZawGyi"

"​ကိုဖြိုး...."

"​​အေး ...​ပြော"

"မနက်​ဖြန်​ည​နေ အားလား"

"​အားသားပဲ။ ဘာလို့လဲ"

"ဒါဆို ကျွန်​​တော်​တို့အိမ်​မှာ စုရ​အောင်​​လေ။ အိမ်​ကအကိုက ၂ရက်​​လောက်​ ခရီးသွားမှာဆို​တော့ အိမ်​မှာ ဘယ်​သူမှ မရှိဘူး​"

"ဟုတ်လား .... အေ​မက​ရော"

"​အော်​... အ​မေက အ​ဖေ့ဆီကို သွား​နေတာ တစ်​လ​လောက်​ရှိပီ​လေ"

"​သောက်​ကြမှာလား"

သော်​ဇင်​က ဝင်​​မေးတယ်​။

"အင်း.... အိမ်​မှာ ဘယ်​သူမှမရှိ​တော့ ငါလည်းတစ်​​ယောက်​တည်းပျင်းတယ်​​လေ။ ပြီး​တော့ တခါတ​လေ ကိုယ့်​အိမ်​မှာကိုယ်​ ကဲရတာ အရသာတစ်​မျိုး​ပေါ့"

"မင်း​ရော လာမယ်​မလားဟင်​... ချစ်​"

သော်​ဇင်​မျက်​နှာက မဲ့သွားပြီး

"​နေပါအုံး ...ဒီနှစ်​​ယောက်​ကို ငါ​မေးချင်​​နေတာကြာပြီ။ ဘယ်​တုန်းကစပြီး ချစ်​​တွေ ဘာ​တွေ ဖြစ်​သွားကြတာလဲ။ ကြားခါစက နားကြားများလွဲသလား ထင်​​နေ​သေးတာ။ အခုမှပဲ ​သေချာ​တော့တယ်​"

"​အော်​... ဒါက​...သူလည်းငါ့ကို အဖျားဆွတ်​ပီး လင်းလို့​ခေါ်​တော့ ငါလည်း အားကျမခံ သူ့နာမည်​ကို အဖျားဆွတ်​ပီး ​ခေါ်တာ​လေကွာ"

လင်းသူက မှင်​​သေ​သေနဲ့ပဲ ​ပြော​နေ​တော့ ချစ်​သူ​အောင်​က သူ့ပုံကိုကြည့်​ပြီး ပြုံးစိစိနဲ့လုပ်​​နေတယ်​။ ​သော်​ဇင်​က​တော့ မယုံပါဘူးဆိုတဲ့ ပုံနဲ့ မျက်​လုံးကို​မှေးပြီး

" လင်းသူလိုလူက​လား... ဒီလို​​တွေ ​ပြောင်း​ခေါ်​နေတယ်​ဆိုတာက​တော့ .. ဟင်းဟင်း.... မရိုးဘူး​နော်​"

"မရိုး​တော့​ရော ဘာဖြစ်​လဲ​နော်​...။ ပြီး​တော့ ကိုယ်​တို့ လင်းက ​ခေါ်တာကို ကိုယ်မပါလို့ ဖြစ်​မလား"

"ဒါဆို ညအိပ်​ပြီးမှ ပြန်​​လေ"

" အမ်​... လိုက်​အိပ်​ရမယ်​.... အိမ်​ကို "

You Are The Other Half Of MeWhere stories live. Discover now