[ ZawGyi ]
📋📁
ဒီနေ့က ချစ်သူအောင် တို့ First Posting အနေနဲ့ တာဝန်ကျတဲ့ မန္တလေးတိုင်းမှာ ရုံးစတက်ရတဲ့နေ့။ ချစ်သူအောင်က မန္တလေးသားဆိုတော့ မန္တလေးတိုင်းကို တာဝန်ကျတော့ သူတော်တော်လေး ပျော်မိတယ်။ ကျောင်းတက်တော့လည်း အဝေးမှာအဆောင်နေရတာဆိုတော့ သူ့အတွက်က မန္တလေးမှာ သူငယ်ချင်းတောင် မရှိသလောက်ပါပဲ။ ခုတော့ ကျောင်းပြီးလို့ အလုပ်လည်းဝင်ပြီဆိုတော့ မန္တလေးမှာ ပျော်ချင်တိုင်း ပျော်လို့ရပြီပေါ့။မန္တလေးတိုင်းကိုတာဝန်ကျတာ သူအပါအဝင် သုံးယောက်ပါ။ သူတို့ သုံးယောက်ထဲမှာမှ နှစ်ယောက်က မန္တလေးသား။ ကျန်တဲ့တစ်ယောက်ကတော့ ပြင်ဦးလွင်က။ ဒါနဲ့ မန္တလေးသား နှစ်ယောက်ထဲက ကျန်တဲ့တစ်ယောက်က ဘယ်သူလဲ သိလား? လင်းသူ ဆိုတဲ့ ထူးထူးဆန်းဆန်း တစ်ယောက်လေ။ ချစ်သူအောင်ကတော့ လင်းသူအကြောင်း တစ်ခါကြားရင် တစ်ခါ အံ့သြရတယ်။
ချစ်သူအောင် ကတော့ ရုံးစတက်ပြီဆိုတာနဲ့ သူ့မှာ သိချင်တာတွေ တော်တော်များများ ရှိနေပြီ။ ဒီရုံးကလူတွေက ကောင်းလား။ အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား။ အဓိက ကတော့ လူကြီး(ညွှန်ကြားရေးမှုး)က ကောင်းရဲ့လားပဲ။
အဲ သူသိချင်တာ ရှိပြီဆိုရင်တော့ ဘေးနားကလူတွေကို နားငြီးအောင် လုပ်ပြီလေ....
သူရဲ့ ပထမဆုံး targetက ရှေ့က စားပွဲမှာထိုင်နေတဲ့ အငယ်လေးပဲ ...
"ညီလေး......"
"ဗျာ" ဆိုပြီး ကောင်လေးက လှည့်လာတယ်
"ဒီက လူကြီးက ဘယ်လိုနေလဲကွ"
"သဘောထား ပျော့ပျောင်းရဲ့လား .. ဒါမှမဟုတ် လူဆိုးကြီးလား " ဆိုပြီး မျက်မှန်လေးပင့်ကာ ကပ်မေးတယ်။ချစ်သူအောင်ပုံကို ကြည့်ပြီး ရယ်ကျဲကျဲနဲ့ "ပုံမှန်ပါပဲ အကိုရယ်။ အဆင်ပြေပါတယ်" ဆိုပြီး ဖြေတယ်

YOU ARE READING
You Are The Other Half Of Me
Romanceကိုယ်ချစ်ရသော ... ကိုယ့်ရဲ့. .....အသည်းတခြမ်း "လင်း" ♡ ♡ ♡ ကိုယ်ချစ်ရသော... ကိုယ့်ရဲ့ ..... အသည်းတစ်ခြမ်း "လင်း" From {18 May 2018} To {19 July 2018}