"ZawGyi"
" ငါ .... မင်းကို............
ူ
သ ဘော ကျ နေ မိ ပီ ... ထင်တယ် ...."ချစ်သူအောင်က လင်းသူကိုမကြည့်ပဲ ကြမ်းပြင်ကို စိုက်ကြည့်ပီး ပြောနေတယ်။
လင်းသူမျက်နှာပေါ်မှာ ခနလေးအတွင်း အမူအရာမျိုးစုံ ဖြတ်ပြေးသွားတာပေါ့။ ပထမတော့ အံ့သြသွားပုံနဲ့ မျက်လုံးလေးဝိုင်းပီး ပါးစပ်အဟောင်းသားလေးဖြစ်သွားတယ်...။ တစ်မိနစ်လောက် ကျောက်ရုပ်ဖြစ်သွားပီး သူကြားလိုက်ရတာကို ဘာလဲဆိုတာ ပြန်စဉ်းစားနေပုံပဲ..။ ပီးလဲပီးရော ရုတ်တရတ်ကြီး ထရယ်တော့တယ်...
" ဟေ့ရောင် ... မင်းအဖေနေမကောင်းတာနဲ့ပဲ မင်းပါခေါင်းချောင်သွားတာလား ... မဟုတ်တာတွေပြောပြီး လာနောက်နေရအောင် " ....
" ငါနောက်တာမဟုတ်ဖူး .... အတည်ပြောနေတာ "
ဒီလိုကြီးထပ်ပြောတော့ ရုတ်တရတ် ဘာပြန်ပြောရမလဲမသိ ဖြစ်သွားပြီး လန့်လဲလန့်သွားတယ် ...
" ဟေ့ကောင် ... ဗရုတ်သုတ်ခတွေ လျှောက်ပြောပီး နောက်မနေနဲ့.... ဘာမှ ပြောစရာမရှိရင်လည်း သွားတော့မယ် ... "
အပြင်ထွက်သွားဖို့ လုပ်နေတဲ့ လင်းသူရဲ့ အင်္ကျီလက်ဖျားလေးကို ချစ်သူအောင်က နောက်ကနေ လှမ်းဆွဲပီး ခေါ်လိုက်တယ် ....
" လင်း ...... "
" .... ငါ တ ကယ် ပြော နေ တာ ပါ ... "
လင်းသူက သွားနေတဲ့ခြေလှမ်းကို ရပ်လိုက်တယ်။ ဖြေးဖြေးချင်း ချစ်သူအောင်ကို လှည့်ကြည့်လိုက်ပီး
" ဒါဆို ........ မင်းကငါ့ကို အထင်သေးတာလား ?"
ပြောရင်းနဲ့ လင်းသူမျက်နှာက တဖြေးဖြေးနီလာပါရော ...
" ဘာဆိုင်လို့လဲ ....
ချစ်သူအောင်လည်း လင်းသူဒီလိုပြောမယ်မထင်ခဲ့တော့ ကြောင်သွားတာပေါ့။
" ငါမင်းကို သဘောကျတာနဲ့ အထင်သေးတာနဲ့ ဘာဆိုင်လို့လဲကွာ "
![](https://img.wattpad.com/cover/145912514-288-k361033.jpg)
KAMU SEDANG MEMBACA
You Are The Other Half Of Me
Romansaကိုယ်ချစ်ရသော ... ကိုယ့်ရဲ့. .....အသည်းတခြမ်း "လင်း" ♡ ♡ ♡ ကိုယ်ချစ်ရသော... ကိုယ့်ရဲ့ ..... အသည်းတစ်ခြမ်း "လင်း" From {18 May 2018} To {19 July 2018}