"ZawGyi"
ကန်ရေပြင်ကိုငေးကြည့်ရင်းနဲ့ပဲ မျှော်လင့်ချက်တွေ ရေစုံမျောသွားသလို ခံစားနေရတယ်။ လူတွေက မျှော်လင့်ချက်တစ်ခုနဲ့ အသက်ရှင်နေကြတာတဲ့။ ဟုတ်မှာပဲလေ။ ကိုယ်ရဲ့တနေ့တာမှာတောင် နောက်နေ့သူ့ကိုတွေ့ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အိပ်တယ်။ မနက် နိုးလာတော့လည်း သူ့မျက်နှာမြင်ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရုံးသွားတယ်။ ညနေရုံးဆင်းတော့လည်း နောက်နေ့သူနဲ့ပြန်တွေ့ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ခွဲခွာတယ်။ ဒါပါပဲ....ခုလို ကိုယ့်ရဲ့မျှော်လင့်ချက်ကြီး ကိုယ့်နားက ပျောက်ဆုံးနေတဲ့အချိန်မှာ ဘဝက အဓိပ္ပါယ်ရှိနိုင်ပါဦးမလား။ မျောချင်ရာမျောနေတဲ့ ဗေဒါတွေလိုပဲ လွင့်ချင်ရာလွင့်နေမိတယ်။ ခုပဲကြည့်လေ....ရုံးဆင်းတာနဲ့ အိမ်ပြန်နေကြလူက ကျူံးဘေးမှာထိုင်ပြီး ငေးနေမိပြန်တယ်။ အမှန်တော့ ချစ်သူအောင် ကျူံးကို တစ်ပတ်ပတ်နေတာ ကြာပြီ။ ညနေရုံးဆင်းတုန်းက ရုံးကနေထွက်လိုက်တော့ ကျူံးအရှေ့ဘက်...။ အဲ့ဒီမှာတော်တော်ကြာကြာထိုင်ပြီးတော့ ကျူံးတောင်ဘက်ကနေ အနောက်ဘက်။ ပြီးတော့ မြောက်ဘက်ထိ ဆိုင်ကယ်ပတ်မောင်းနေမိတယ်။ ကျူံးမြောက်ဘက်ရောက်တော့ အရင်က လင်းနဲ့လာစားနေကြ ဆိုင်လေးက လူတွေစည်ကားလို့။ သူလည်း ကော်ပြန့်ကြော်တွေမှာပြီး အချဉ်ရည်တွေထည့်လို့ အလွမ်းတွေနဲ့ ရောစားမိတယ်။ ဘယ့်နှယ့် အချဉ်ရည်က မချဉ်ပဲ ငန်နေသလိုပါပဲလားဆိုပြီး ကြည့်လိုက်တော့ ငန်ပြာရည်မဟုတ်တဲ့ မျက်ရည်တွေထည့်စားနေမိတာကိုး။
ကိုယ့်ကိုယ်ကို ပြန်ပြီးပြောနေမိတာက ချစ်သူအောင် ဒီအခြေအနေနဲ့ မင်းနဲ့ ထိုက်တန်တယ်။ အရမ်းချစ်ပါတယ်ပြောပြီး ကိုယ်ချစ်တဲ့သူကို မျက်ရည်ကျစေခဲ့တဲ့ မင်းက သူ့အချစ်တွေနဲ့ မထိုက်တန်ဘူး။ မင်းလိုလူဆီ ပြန်လာမယ့်အစား ထွေးဆီပဲ သူသွားမှာပေါ့။ ဟုတ်တယ်.....ငါ့ကို စိတ်ပျက်ပြီး ထွေးဆီသွားတာပဲနေမယ်။ ဒါကြောင့် ငါပို့တဲ့ mail ကို reply မပြန်တာ။ သေချာပါတယ်.... သူငါ့ကို မုန်းသွားပြီ။ တွေးရင်း မျက်ရည်တစ်ပေါက်က ထိန်းမနိုင်ကျလာတယ်။ စားနေတဲ့ပန်းကန်ကို တစ်ဝက်တစ်ပျက်နဲ့ပဲ ပိုက်ဆံရှင်းပြီး ထွက်လာခဲ့တယ်။
![](https://img.wattpad.com/cover/145912514-288-k361033.jpg)
KAMU SEDANG MEMBACA
You Are The Other Half Of Me
Romansaကိုယ်ချစ်ရသော ... ကိုယ့်ရဲ့. .....အသည်းတခြမ်း "လင်း" ♡ ♡ ♡ ကိုယ်ချစ်ရသော... ကိုယ့်ရဲ့ ..... အသည်းတစ်ခြမ်း "လင်း" From {18 May 2018} To {19 July 2018}