memo 5

4K 272 9
                                    

[ ZawGyi ]

📝
ချစ်​သူ​အောင်​ မနက်​ရုံးကိုလာ​တော့ လင်းသူက ​ရောက်​​နေပြီ။ ဒီ​နေ့ သူ့ဂျူတီ ​နေမှာ။ စာအုပ်တစ်အုပ်​​နဲ့ ဘာ​တွေ​ရေး​နေမှန်း​တော့မသိဘူး။ ကြည့်ရတာ ဒိုင်ယာရီ ​ရေး​နေတာထင်တယ်​​။ ​​သူ့ကြည့်​ရတာ မျက်​နှာ မ​ကောင်းသလိုပဲ။ ကိုယ်​ထင်​တာပဲလား​တော့ မသိဘူး။ ​ခေါင်းငုံ့ပြီး စာ​ရေး​နေတဲ့ သူ့မျက်​နှာက ငိုချင်​​နေတဲ့ပုံ ​ပေါက်​​နေတယ်​။

ကိုယ်​လည်း သူ့​ဘေးနား ဝင်​ထိုင်​ပြီး

" ဘာ​တွေ ​ရေး​နေတာလဲ"ဆို​တော့

"မှတ်​တမ်း တင်​​နေတာ" တဲ့

အမယ်​ ! စကားလုံး​ကလည်း လူအတိုင်းပဲ ကြီးကျယ်​ပါ့။ ဒိုင်​ယာရီ ​ရေးတယ်​ဆိုလည်း ပြီး​နေတာကို။

" ဟုတ်​လား ....ဘာအ​ကြောင်း​တွေကို မှတ်​တမ်းတင်​​နေတာလဲ"

" ရုံးအ​ကြောင်း"

ဟင်​ ? ရုံးအ​ကြောင်းဆိုပါလား။ ဒီ​ကောင်​ ဒါဆိုရင် ​ရုံးကလူ​တွေအ​ကြောင်း ​ရေး​နေတာ​ပေါ့။ စိတ်​ဝင်​စားစရာပဲ။

" ရုံးအ​ကြောင်း ဆို​တော့.... ငါတို့အ​ကြောင်းလား"
ဆိုပြီး ချစ်သူ​​အောင်​က လင်းသူအနား ကပ်​ပြီး စာအုပ်​ကို ခိုးကြည့်​ဖို့ ကြိုးစားလိုက်​တယ်​။ ပြီး​တော့ ထပ်​​မေးလိုက်​​သေးတယ်​ ..
" ငါ့အ​ကြောင်း​ရော ပါလား" တဲ့

လင်းသူကလည်း ဒါမျိုးဆို လျှင်​တယ်​။ ​နေလာတာ ကြာ​တော့ ချစ်​သူ​အောင်​အ​ကြောင်း သိ​နေပြီ​လေ။ သူ စ ကပ်​လာတည်းက စာအုပ်​ကို အမြန်​ပိတ်​ချလိုက်​တယ်​။ ပြီး​တော့

" မပါဘူး " တခွန်းတည်းပဲ...

လင်းသူ ဘယ်​လိုပဲလုပ်​လုပ်​ ချစ်​သူ​အောင်​ က​တော့ သူ့ထုံးစံအတိုင်းပဲ သူသိချင်​တာကို အတင်းလိုက်​​မေး​တော့တယ်​။

" အဲဒါဆို ရုံးအ​ကြောင်း ဘာ​တွေ​ရေး​နေတာလဲ " ဆိုပြီး ​မေး​တော့

လင်းသူမျက်​နှာက သိချင်​ပြန်​ပြီလား ဆိုတဲ့ပုံနဲ့ သူ့ကို လှည့်​ကြည့်​တယ်​။ ဒါနဲ့ သူ​လဲ ​လေ​ပြေ​လေးနဲ့ ​ ...

You Are The Other Half Of MeTempat cerita menjadi hidup. Temukan sekarang