memo 18

2.9K 217 15
                                    

[ZawGyi]

ရုံးဖွင့်​ရက်​ တနင်္လာ​နေ့မှာ​တော့ လင်းသူအတွက်​ ​ကောင်းတာလား ဆိုးတာလား မသိတဲ့ သတင်းတစ်​ခုကို ကြားရတယ်​။ ချစ်​သူ​အောင်​တစ်​​ယောက်​ ခွင့်​ယူထားတယ်​ ဆိုပဲ။ ပီး​တော့ ရက်​နည်းနည်းကြာမယ်​တဲ့။ လင်းသူလည်း ဘာဖြစ်​လို့ပါလိမ့်​ဆိုပီး ​သော်​ဇင့်​ကို အ​ပြေးအလွှား သွား​မေးရတယ်​။

" ​​​ဟျောင့်​ ​သော်​ဇင်​ ချစ်​သူ​အောင်​ ခွင့်​ယူထားတယ်​ဆို။ ဘာဖြစ်​လို့တဲ့တုန်း"

" ​အေး ဟုတ်​တယ်​။ ဒီပိတ်​ရက်​တုန်းက သူတို့အ​ဖေ ​နေမ​ကောင်းလို့ ​ဆေးရုံတင်​လိုက်​ရတယ်​တဲ့ကွ"

" ​ဟုတ်​လား.... ဘာဖြစ်​တာတဲ့တုန်း"

" အဲဒါ​တော့ ငါလည်း မသိဘူးကွ။ ရုံးက အလုပ်​ပါးတဲ့အချိန်​ကြ ငါတို့ လူနာသတင်း​မေးသွားကြမယ်​​လေ။ အဲ့​တော့မှပဲ ​မေးကြည့်​ရမှာ​ပေါ့။ မင်းလည်း လိုက်​မယ်​မလား။ ကိုဖြိုးရယ်​ ငါရယ်​ မင်းရယ်​သွားကြမယ်​​လေ"

" ​အင်းးး လိုက်​ရမှာ ​ပေါ့... ဒါနဲ့ ဘယ်​ချိန်​သွားကြမှာလဲ "

" ဒီ​နေ့​တော့ သွားနိုင်​မယ်​ မထင်​ဘူးကွာ။ ငါတို့ည​နေ OT ဆင်းရမှာ ​သေချာသ​လောက်​ပဲ​လေ။ ​နောက်​​နေ့မှ သွားတာ​ပေါ့။ ​ချစ်​သူ​အောင်​တို့အ​ဖေက ​ဆေးရုံ​ပေါ်မှာ ခန​တော့ ​နေရအုံးမယ်​တဲ့​လေ"

" ​​အေးပါ ...."

ချစ်​သူ​အောင်​ ဒီရက်​ပိုင်း ရုံးမလာဘူးဆိုတာ လင်းသူအတွက်​ ​ကောင်းပေမယ့်​ ... သူ့အ​ဖေ ​ဆေးရုံတင်​ရတာကို​တော့ စိတ်​မ​ကောင်းဘူး။ ချစ်​သူ​အောင်​​တော့ စိတ်​ညစ်​​နေရှာမှာပဲ။ ဒါ​ကြောင့်​မို့​နေမှာ ပိတ်​ရက်​တုန်းက online ​ပေါ်မှာ​တောင်​ သူ့ကို မ​တွေ့မိတာ။ လိုင်း​​ပေါ်မှာဆိုရင်​​တော့ မျက်​နှာချင်းဆိုင်​မဟုတ်​လို့ ရှင်းပြပီး​တောင်းပန်​ရတာ သိပ်​မဆိုးပါဘူး ဆိုပီး သူက အကြံထုတ်​​နေခဲ့တာ။ စာ​တွေကို typing လုပ်​လိုက်​ delete လုပ်​လိုက်​နဲ့ အခါခါ ချီတုံချတုံ လုပ်​​နေ​သေးတာ ပို့များပို့လိုက်​ရင်​ ချစ်​သူ​အောင်​ကို ပိုစိတ်​ရှုပ်​​အောင်​ လုပ်​မိ​လိုက်​​တော့မလို့။ ​အမ​လေး ​တော်​​သေးတာ​ပေါ့ ဆိုပီး သက်​ပြင်းချလိုက်​မိတယ်​။

You Are The Other Half Of MeDonde viven las historias. Descúbrelo ahora