memo 28

2.8K 210 9
                                    

"ZawGyi"

Monday လည်း​ရောက်​​ရော ပုံမှန်​ဆို ရုံးကိုအီး​လေးဆွဲပြီး သွားတတ်​တဲ့ ချစ်​သူ​အောင်​က တက်​တက်​ကြွကြွနဲ့ကို ရုံးမတက်​ခင်​ ​စော​ရောက်​​နေလို့ သူ့ကို ဂျူတီလာ​စောင့်​တယ်​ ထင်​​နေကြ​သေးတယ်​။

(A/N: အချစ်​ရဲ့ စွမ်းပကား​တွေပါ 😝)

လင်းသူဆိုင်​ကယ်​ ရုံးထဲဝင်​လာကတည်းက ချစ်​သူ​အောင်​မျက်​နှာက အပြုံးပန်း​တွေနဲ့ဆီးကြို​တော့တယ်​။ ချစ်​သူ​အောင်​ ရယ်​ပြုံး​နေတိုင်း ​ပေါ်​ပေါ်လာတဲ့ ပါးမို့မို့​လေး​တွေနဲ့ မျက်​လုံး​တောက်​​တောက်​​လေး​တွေက လင်းသူကို အမြဲဆွဲ​ဆောင်​​နေသလိုပဲ။ အခုလဲ အဲဒီအပြုံးနဲ့ သူ့ကိုကြို​နေတဲ့ ချစ်​သူ​အောင်​ကိုကြည့်​ပီး လင်းသူမှာ ကိုယ့်​ဘာသာမလုံမလဲနဲ့ ရှက်​လာသလိုလိုဖြစ်​​နေပြန်​​ရော။

လင်းသူ သူ့စားပွဲမှာထိုင်​လိုက်​တာနဲ့ ​ဘေးကိုချက်​ချင်း​ရောက်​လာပြီး ကပ်​ထိုင်​လိုက်​​တော့တာပဲ။ ပြီး​တာနဲ့ သူ့လက်​ကို ဖတ်​ကနဲ ကိုင်​ပြီး

" လွမ်း​နေတာ " တဲ့

" လွမ်းစရာလား.... တနင်္ဂ​နွေတစ်​ရက်​လုံးလဲ စကား​ပြော​နေတာကို "

" လင်းကလဲ ... လူ​တွေ့ရတာနဲ့ လိုင်းပေါ်မှာ ​ပြောတာ တူမလားလို့ "

"ဟုတ်​ပါပီ .... အလုပ်​သွားလုပ်​​တော့​လေ။ ဒီနားပဲကပ်​​နေ​တော့ တခြားသူ​တွေ မြင်​ကုန်​မယ်​​လေ"

အင်း အင်း ဆိုပီး သူ့ပါးကို လူ​ရှေ့သူ​ရှေ့ ရွှတ်​ကနဲနမ်းသွားပြန်​တယ်​။ အင်း.... တစ်​​ချိန်​ချိန်​​တော့ တစ်​​ယောက်​​ယောက်​က သတိထားမိပီး ​ပြောစရာဖြစ်​မှာကို သူမြင်​​ယောင်​​သေးတယ်​..။ လင်းသူက ​တွေး​နေတုန်းရှိ​သေးတယ်​ တစ်​စုံတစ်​​ယောက်​က​တော့ မြင်​ပြီးသွားလို့ ​ပြောဖို့ပြင်​​နေတာ သူမသိလိုက်​ဖူး....

သူတို့နှစ်​​ယောက်​က အရင်​လည်း ပူပူးတွဲတွဲရှိ​ပေမယ့်​ အခုကြ​တော့ ပိုကဲလာတာအမှန်​ပဲ​လေ။ အခွင့်​အ​ရေးရရင်​ အပြစ်​​ပြောဖို့ ​ချောင်း​နေတဲ့မျက်​လုံး​တွေက​တော့ Monday က​နေ Friday ထိ ​​စောင့်​ကြည့်​လို့​ပေါ့။

You Are The Other Half Of MeDonde viven las historias. Descúbrelo ahora