"ZawGyi"
ဇာတ်လမ်းတွေထဲမှာ ပြောနေကြ စကားတစ်ခွန်းရှိတယ် "မုန်တိုင်းမလာခင် လေပြေအရင်လာတတ်တယ်" တဲ့။ ဒီစကားကမှန်ပုံရတယ်။ သူတို့အတွက်ကတော့ လေပြေပြီးတော့ လေပွေဝင်မွှေ့တာ ခံလိုက်ရတာပေါ့။ သူတို့ရဲ့ သာယာပျော်ရွှင်နေတဲ့အချိန်လေးတွေ အပြီးမှာတော့ လေပွေလေးတစ်ခုက နောက်ကွယ်မှာ တဖြေးဖြေးနဲ့ အားပြင်းလာဖို့ စောင့်နေခဲ့တာကို မသိခဲ့လေဘူး။
တစ်နေ့ ..... အဲဒီတစ်နေ့ကတော့ လင်းသူဘဝထဲကို လေပွေ ဝင်မွှေ့လိုက်တဲ့တစ်နေ့ပါပဲ။ အဲဒီနေ့က လင်းသူနဲ့ချစ်သူအောင်တို့ အပြင်သွားပြီး ပြန်လာတော့ ချစ်သူအောင်တို့ အိမ်မှာ ဧည့်သည်တစ်ယောက် ရောက်နေတယ်။ အဲဒီဧည့်သည်ကလည်း ပြန်ဖို့ပြင်နေတဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင် သူတို့နဲ့အပေါက်ဝမှာတွေ့တော့ ချစ်သူအောင်ကို လှမ်းနှုတ်ဆက်တယ်
"အပြင်ကပြန်လာတာလား...သား"
"ဟုတ်ကဲ့ အန်ကယ်။ အဖေ့ကို လာကြည့်တာလား"
"အေးကွယ်..သားတို့အဖေက ခုတစ်လော တရှောင်ရှောင်နဲ့ဆိုတော့ နေကောင်းရဲ့လား လာကြည့်ရတာပေါ့ကွာ..." ပြောရင်းနဲ့ ရယ်နေပြီးမှ ချစ်သူအောင်ဘက်လှည့်ပြီး ဆက်ပြောတယ် "အန်ကယ်လည်း ပြန်တော့မယ် သားရေ"....
"အော်...ဟုတ်ကဲ့ပါ အန်ကယ်။ အဖေ့ဆီလည်း ခနခန လာလည်ပါအုံးနော်။ ခုတလော နေမကောင်းတော့ စကားပြောဖော် အရမ်းရှာတယ် အန်ကယ်ရေ့"
"အေးပါကွယ်...."
လင်းသူ စိတ်ထဲမှာတော့ ဒီအန်ကယ်ကြီး ချစ်သူအောင်ကို သား သား ဆိုပြီးခေါ်နေပုံက တစ်မျိုးကြီးပဲလို့။ ချစ်သူအောင်တို့နဲ့ ဘာများတော်သလဲလို့ပေါ့။ ဒါပေမယ့် ချစ်သူအောင်တို့အမေ အနားလာပြီး ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် လင်းသူခေါင်းထဲမှာ သွေးဆောင့်တက်သွားပြီး ရင်ထဲမှာတော့ လေပွေမွှေ့သွားတယ်။

أنت تقرأ
You Are The Other Half Of Me
عاطفيةကိုယ်ချစ်ရသော ... ကိုယ့်ရဲ့. .....အသည်းတခြမ်း "လင်း" ♡ ♡ ♡ ကိုယ်ချစ်ရသော... ကိုယ့်ရဲ့ ..... အသည်းတစ်ခြမ်း "လင်း" From {18 May 2018} To {19 July 2018}