Zawgyi
11 : 28 PM
" hello? အင်း... သိပြီ... အခုသွားနေပြီ.. "
နောက်ထပ် mission တစ်ခု... ကဗျာဆန်ဆန်ဆို ရရင်တော့ နောက်ထပ် လူသားတစ်ယောက်ကို ကောင်းကင်ဘုံသို့ ပို့ပေးရတော့မည်။ ဒီကိစ္စဆိုတာက Kris လိုလူတစ်ယောက် အတွက်တော့ ထူးဆန်းကြီးကျယ်တဲ့ ကိစ္စမျိုးမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီအလုပ်ကိုသူလုပ်လာတာပဲ ငါးနှစ်ဆိုတဲ့ အချိန်ကာလအတိုင်းအတာရဲ့ တစ်ဖက်စွန်းကိုရောက်နေခဲ့ ပြီလေ.. လူသားတစ်ဦးရဲ့ အသက်ကို နှုတ်ယူဖို့ဆိုတာ သူ့ အတွက်တော့ ခြင်တစ်ကောင်ကိုသတ်ရတာလောက်တောင် မခက်ခဲတော့ပါဘူး.. အသက်နှစ်ဆယ်အရွယ် သူ့လို ငယ်ငယ်ချောချော ကောင်လေးတစ်ယောက်က ဒီလိုအလုပ်တွေကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်နေပြီလေ..
Kris တစ်ယောက် ကားပါကင်တွင် ရပ်ထားသည့် လရောင် အောက်တွင် အမည်းရောင် ပြောင်လက် တောက်ပနေသော သူ၏ Audi S5 ကားဆီသို့ လျှောက်လာပြီး တံခါးဖွင့်ကာ driver နေရာတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် ပစ်မှတ် တည်ရှိရာ နေရာဆီသို့ ဦးတည်၍ မောင်းထွက်လာခဲ့ လေသည်။ Park အိမ်တော်... မီးပွိုင့်တစ်နေရာ၌ ကားရပ်နေစဉ် အတွင်း ဘေးခုံပေါ်တွင်တင်ထားသော ဖိုင်တစ်ခုကို ယူကာ လှန်လှောကြည့်လိုက်သည်။ သူ၏ သားကောင်ရဲ့ အချက်အလက်တွေကို စုစည်းထားသောဖိုင်တွဲဖြစ်၏။
" Park Jun Myo.... Park ရေနံလုပ်ငန်းစု ဥက္ကဋ္ဌ... "
" ဒီညအတွက်တော့ ခင်ဗျားက သားကောင်ပေါ့.... သိပ်စိတ်ဝင်စားဖို့ကောင်းနေပြီ.." Kris တစ်ယောက် တစ်ကိုယ်တည်း ရေရွတ်ကာ ကျေကျေနပ်နပ်ကြီးပြုံး လိုက်လေသည်။
" ခင်ဗျားမှာ သေဖို့ လုံလောက်တဲ့ အကြောင်းပြချက် ကောင်းကောင်း ရှိသားပဲ.." Kris တစ်ယောက် တစ်ကိုယ်တည်း တွေးလိုက်လေ၏။ ထိုအတွေးနောက်သို့ တပါတည်း လိုက်လာတာကတော့ သူလည်း သေဖို့ လုံလောက်တဲ့ အကြောင်းပြချက်တွေ အများကြီး ရှိတယ်ဆိုတာပါပဲ။ သူကတောင် ပိုဆိုးနေဦးမယ် ထင်ပါရဲ့...
Kris တစ်ယောက် ကားကို မြှင့်နိုင့်သမျှ အရှိန်မြှင့်တင် လိုက်ပြီး high way လမ်းမကြီးတစ်လျှောက် ပစ်မှတ်ဆီသို့ ဦးတည်၍ မောင်းနှင်လာခဲ့လေသည်။ ကြီးကျယ်ခမ်းနားလှ သော အိမ်ကြီးတစ်ခု၏ အနီးအနားက သစ်ပင်တွေကြား အရောက်မှာတော့ သူ့ကားကို အရှိန်သတ်ကာ ရပ်လိုက်လေ သည်။ ထို့နောက် ကားထဲတွင်ထိုင်၍ သစ်ပင်အကွယ်တွေကြားမှ အိမ်ကြီးရဲ့ အခြေအနေကို စောင့်ကြည့်နေလေ၏။ အိမ်ကြီး၏ ပတ်ပတ်လည်တွင် အစောင့်တွေများစွာချထား၏။ အိမ်ထဲသို့ ဖောက်ထွင်းဝင်ရောက်ရန် အကောင်းဆုံး လမ်းကြောင်းကို ရှာဖွေနေစဉ်မှာပဲ သူ့ကားနောက်သို့ အမည်းရောင် BMW သုံးစင်း ဆိုက်ရောက်လာလေသည်။ ထို့နောက် ကားတစ်စီး စီမှ တောင့်တင်းသန်မာသော ခန္ဓာကိုယ်ရှိသည့် ကောင်လေး တစ်ယောက်စီ ထွက်လာကာ Kris ရဲ့ကားဆီသို့ လျှောက်လာလေသည်။ ထိုကောင်လေး သုံးယောက်မှာ Kris နဲ့သက်တူရွယ်တူ လောက်ပင်ရှိပြီး ချောမောသော ရုပ်ရည် မြင့်မားသော အရပ်အမောင်းတွေကို အသီးသီး ပိုင်ဆိုင်ကြသည်။ Kris ၏ ရပ်ထားသောကားဘေးသို့ ရောက်လာတဲ့အခါမှာတော့ သူတို့ သုံးယောက်လုံး အိမ်ကြီး ဘက်သို့ ငေးကြည့်ကာ ညစ်ကျယ်ကျယ်ပြုံးလိုက်ကြသည်။

YOU ARE READING
But I Hate You
FanfictionKris is a top assassin in Korea and he had taken in a boy, whose father was killed by Kris himself. It is only natural for hatred to gather up in the boy's heart, and it did. But will spending time with Kris help him grow closer to him? Or will he s...