မယုံချင်သည်ကို ယုံရသည်။
မဟုတ်ကို အဟုတ်ဟုလက်ခံရမည်။
မဖြစ်သင့်သည်ကို ဖြစ်သင့်သည်ဟု လိမ်ညာရမည်။ဤကဲ့သို့ အမည်းကို အဖြူဟု ပြဋ္ဌာန်းထားသော လူ့လောကတွင် မိမိကိုယ်ကို လှည့်စား၍သာမနေလျှင် ခံနိုင်ရည်ရှိမည်မဟုတ်။ဤလောက၌ ဖြူစင်သန့်ရှင်းသော ဘဝသည် အဖြူရောင်ပုဝါတစ်စကဲ့သို့ပင် ညစ်ထေးလွယ်လွန်းသည်။စွမ်းအားမရှိပျော့ညံ့သော ဘဝဟူ၍ သတ်မှတ်ခံလာရသည်။
သို့ဆိုလျှင် အဖြူ ရောင်ဘဝလေးတစ်ခုကို မိစ္ဆာတစ်ကောင်၏ အတ္တစွန်းထင်းသော နှလုံးသားမှ သွေးစက်များဖြင့် ညစ်ထေးသန်မာစေမည်ဆိုပါက.....
------------------
နိုးထလာသော မနက်ခင်းသည် ထုံးစံအတိုင်းလတ်ဆတ်နေသည်။ မြို့ပြဖြစ်၍ ကျေးငှက်သာရကာတို့၏ တွန်ကျူးသံကို မကြားရသော်ငြား တကျွီကျွီညံနေသော ကားသံ၊ လူသံများသည်ပင် နားပသာဒဖြစ်စရာဖြစ်သည်။လိုက်ကာများကို ဆွဲဖွင့်ကာ ပြတင်းပေါက်မှတဆင့် အပြင်လောကကို ရှုစားလိုက်၏။သူမအကြိုက် မြို့ကို ရှုစားနိုင်ရန် apartment၏ 4ထပ်တွင်နေသောကြောင့် ရှုခင်းကောင်းကောင်းမြင်နိုင်သည်။
မြို့တော်၏ လမ်းမများထက်တွင် ဘဝမတူသောလူသားအသီးသီးတို့သည် ပုံစံအမျိုးမျိုးဖြင့် လှုပ်ရှားသွားလာနေကြသည်။ပလက်ဖောင်းများပေါ်တွင်လည်း ပြည့်နှက်လျက်၊ Taxiများကို လှမ်းခေါ်သည့်သူက ခေါ်၍ ခြေကျင်သုတ်သည့်သူက သုတ်သည်။အောက်သို့လှမ်းကြည့်လိုက်တော့ သူမမျက်နှာချင်းဆိုင်အခန်းမှ Mrs.Jamesသည်ပင် ရုံးတက်ရန် သူမဘက်သို့်မောင်းလာသော Taxiတစ်စီးကို လှမ်းခေါ်နေပြီ။
"ဟင် အဲ့ဒါဆို ၈နာရီထိုးပြီပေါ့"
အလန့်တကြားနှင့် နာရီကိုလှမ်းကြည့်မိတော့ ကျောင်းတက်ရန် တနာရီသာလိုသည်။ရေသုတ်သုတ်ချိုး၊အဝတ်အစားမြန်မြန်လဲကာ စားပွဲပေါ်က ကုတင်ခြေရင်းစာကြည့်စားပွဲပေါ်မှ လွယ်အိတ်ကို ကောက်ဆွဲကာ subway stationသို့ သုတ်ခြေတင်ရတော့၏။များပြားလှသော လူများကြားဟိုတိုးဒီဝှေ့ဖြင့် ကျောင်းကို ရောက်မှန်းမသိရောက်လာခဲ့သည်။ ဘူတာကအထွက် ကျောင်းမုဂ်ဝကိုမြင်ရသည့်အခါမှ သက်ပြင်းချရတော့သည်။နာရီကိုကြည့်တော့ အတန်းစရန်၂၅မိနစ်ခန့်သာလိုတာကြောင့် ကျောင်းသားတချို့က ကိုယ်စီအတန်းများသို့ ခပ်သွက်သွက် ဦးတည်လျက်။ဝတ်ထားသည့်white teeလေးနှင့် အပြာရောင်ကုတ်ကိုသေချာပြင်၊ skinny jeanကို ဖုတ်ဖတ်ခါကာ ကျောင်းကိုဝင်မည်အလုပ် နောက်မှ ရွင်ပြစွာ လှမ်းခေါ်လိုက်သောအသံကို ကြားလိုက်ရ၏။
YOU ARE READING
Peculiarity
Fanfictionသဘာဝမဆန်တဲ့ အလှတရားကို မနှစ်မြို့စရာ Sinတစ်ခုအဖြစ် သတ်မှတ်ခဲ့တဲ့သူ့အတွက်.....