Hire

95 9 0
                                    

Yoongi ရင်ထဲက အပူကို အပူနှင့်သာ မျှောနေသော်လည်း အရာမဝင်။ပူလောင်လွန်းလှသည့် သူ့စိတ်အစဉ်ကို သူ့ရှေ့မှ ရောင်စုံယမကာများက မ‌‌ဖြေဖျောက်နိုင်ပါလေ။

အဆောင်ကို မပြန်တာလည်း ဆယ်ရက်မကတော့ ကျောင်းမှာလည်း အခွံထဲ ပုန်းနေရသော လိပ်လို အပြင်ကိုပင် မထွက်ရဲဘဲ ထိုကလေးငယ်ကို ရှောင်ရသည်။သူဝန်မခံချင်သော ခံစားချက်များကို ဝန်ခံခဲ့ရသော နေ့မှစ၍ သူရင်​ထဲတွင်​ များစွာ​သော အစိုင်​အခဲတို့က​ ​အင်​မတန်​ထက်​လှ​သော ​ကျောက်​တုံး​ကျောက်​စိုင်​များသဖွယ်​ ရင်​ထဲတွင်​ များစွာ​သော ဒဏ်​ရာတို့ကို ​ပေါ်​ပေါက်​​စေရန်​ လှည့်​လည်​ခြစ်​ကုတ်​လျက်​ရှိ၏။ရွေးချယ်​ခွင့်​မရှိခဲ့​သော သူ၏ဘဝတွင်​ ချစ်​ရမည့်​သူကိုလည်း တစ်​ပါးသူက ​ရွေးချယ်​​ပေးသလို လူတစ်​​ယောက်​အ​ပေါ်တွင်​ သုံးရမည့်​ အကာအကွယ်​နှင့်​ လက်​နက်​တို့ကိုလည်း ထိုသူကပင်​ ​ရွေးချယ်​​ပေးခဲ့သည်​။သူ့မှာ အထွန့်​တက်​ခွင့်​မရှိ၊ဆင်​​ခြေ​ပေးခွင့်​မရှိ။ထိုမှ ရလာ​သော အသီးအပွင့်​သည်​ သူယခု စံစား​​နေရ​သော ဘဝပင်​ ဖြစ်​သည်​။

နှုတ်​ခမ်းဝတွင်​ လှလှပပ ဝင်​ချည်​ထွက်​ချည်​​နေရာယူ​နေ​သော ဖန်​ခွက်​၏ အနားသတ်​သည်​ ယမကာ​ပေါင်းစုံ၏ အနံ့တို့နှင့်​ ထုံမွမ်း​နေ​လောက်​ပြီထင်​၏။သို့​သော်​ သူ့မှာ အသိစိတ်​မ​ပျောက်​နိုင်​​သေး။အ​ဝေးမှ သာ​နေ​သော လမင်းကြီးကိုပင်​ ပြတ်​သားစွာ မြင်​​နေရ​သေးသဖြင့်​ သိပ်​မ​ကျေနပ်​ချင်​။

လမင်း.....

လမင်းငယ်​.......

ထိုက​လေးငယ်​သည်​ သူ့ရဲ့ လမင်းငယ်​ဖြစ်​လာခဲ့သည်​မှာ ​ကောင်း​သော ဖြစ်​တည်​မှု​တော့မဟုတ်​။သူသည်​ လမင်းလို မဖြူစင်​သည့်​တိုင်​ ​အေးချမ်း​သော​ရောင်​ဝါဖြင့်​ သူ့နှလုံးသားကို ငြိမ်း​အေး​စေသူပါပင်​။ထိုက​လေးငယ်​၏ လက်​တွင်​ မည်​မျှပင်​ ​သွေးစွန်း​နေပါ​စေ သူမမှု။သူသည်​လည်း အတူတူ ​သွေးစွန်းခံပြီး ထိုလက်​ကို တွဲ၍ ရဲရဲ​လျှောက်​ဝင့်​ပါသည်​။သို့​သော်​ သူ့လက်​ကို တွဲလိုက်​သည်​နှင့်​ က​လေးငယ်​သည်​ ​ခေါင်းဖြတ်​စက်​တွင်​ လည်​စင်းပြီးသား ဖြစ်​သွား​ပေလိမ့်​မည်​။

PeculiarityWhere stories live. Discover now